အပိုင်း (၁၁၈၃)

111 25 0
                                    


#Unicode


အပြစ်ကင်းစင်တယ် ဆိုတဲ့ စကားလုံးကို ဓားနဲ့ ထွင်းထုတ်ခြင်း။

အင်မော်တယ်ဘိုင်ဇူး က စီနီယာအဖြူ ရဲ့ ပိုးအိမ်ကြီးကို ဖက်ပြီး စတင် လှုပ်ခါလိုက်တော့ ရူဟန်က သူမ ရဲ့အဆုံးသတ်ကို ကြိုမြင်လိုက်တယ်။

[အင်မော်တယ်ဘိုင်ဇူး .. မင်းရဲ့ အနာဂတ်ကို ငါကြိုမြင်နေတယ်။ မင်းရဲ့အနာဂတ်က သေဆုံးခြင်း .. အွန်း .. မဟုတ်သေးဘူး။ မင်းရဲ့ အနာဂတ်က စီနီယာအဖြူ ရဲ့ ပိုးအိမ်ကြီး ဖိတာကို ခံရတော့မယ်။] ရူဟန်က စိတ်ထဲမှာ တွေးလိုက်တယ်။

စီနီယာအဖြူ က အော်လိုက်တယ် "ရူဟန် .. မလှုပ်နဲ့။ ငါ ခဏလောက် ထပ်အိပ်လိုက်အုန်းမယ်။ ခဏပဲ"

ဘိုင်ဇူး "......."

တာအိုရောင်းရင်းအဖြူ .. ငါက ဘိုင်ဇူး လေ။ ဘိုင်ဇူး ရဲ့ နှလုံးသား ထဲမှာ ဝမ်းနည်းမှုတွေက နေရာယူသွားတယ်။

ပြီးနောက် သဝန်တိုမှုတွေ ဖြစ်ပေါ်လာတာကြောင့် သူမ က ပိုးအိမ်ကို ကြမ်းကြမ်းတမ်းတမ်း ခါယမ်းလိုက်တယ် "တာအိုရောင်းရင်းအဖြူ .. ငါက ဘိုင်ဇူး။ အဆင့်ရှစ် သူတော်စင် ဝေလ ရဲ့ ပထမ ဟင်းပွဲ က အဆင်သင့်ဖြစ်နေပြီ။ အရမ်းအရသာ ရှိတယ်။ ပူတုန်း ထွက်လာပြီး စားလိုက်။ ဟင်းရည် ဆိုတာ အေးသွားရင် အရသာ မရှိတော့ဘူး။"

စီနီယာအဖြူက ပြောလိုက်တယ် "မလှုပ်နဲ့တော့.."

စီနီယာအဖြူနှစ် နဲ့ မတူစွာဘဲ စီနီယာအဖြူက အိပ်နေတုန်း ပိုးအိမ်လှုပ်ခါတာကို မနှစ်သက်ပါဘူး။ စီနီယာအဖြူနှစ်ကတော့ ချော့သိပ်နေသလိုပဲ ပိုပြီး အိပ်ပျော်တယ်။

ဘိုင်ဇူးက သက်ပြင်းချလိုက်တယ်။ နောက်ဆုံးမှာတော့ သူမ က ပိုးအိမ်ကြီးကို လွှတ်လိုက်တယ်။ "ကောင်းပြီ။ ဒီတစ်ကြိမ် ငါမင်းကို ထပ်ပြီးတော့ .. အား...."

ကြီးမားတဲ့ ပိုးအိမ်ကြီးက ရုတ်တရက ်ပျံတက်သွားပြီး သူမကို ဖိလိုက်တယ်။

ရူဟန်က တည်ကြည်စွာပဲ ပြောလိုက်တယ် "ဒီလို ဖြစ်လာမယ် ဆိုတာ ငါသိတယ်။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora