အပိုင်း (၁၁၂၄)

88 27 0
                                    


#Unicode


ဗိုလ်ကျသူစွန်း ... ဒီည မပြေးနဲ့။

ခပ်ချောချော နဲ့ လူက နူးညံ့တဲ့အော်ရာတွေ ထွက်ပေါ်နေတယ်။ စကားလုံးအနည်းငယ် ပြောလိုက်ရုံနဲ့တင် တိုက်ပွဲဝင်ဗုဒ္ဓဂိုဏ်း တပည့် သုံးယောက်လုံးက သတိအပြည့်နဲ့ စိတ်တွေ လျော့ပါးသွားတယ်။

စွမ်းအင် တစ်မျိူးမျိုး က သူတို့အပေါ် သက်ရောက်သွားပုံပေါ်ပြီး ဒီအသားဖြူဖြူ နဲ ့လူကို အရမ်းရင်းနှီးတဲ့ တာအိုရောင်းရင်း တစ်ယောက် အဖြစ် ခံစားရစေတယ်။

ဒုတိယစီနီယာအစ်ကို ဟောင်ဟိုင်က ပြောလိုက်တယ် "ငါတို့တွေ ဂျင်နန် ကိုသွားဖို့ပြင်နေတာ။ ဒါပေမဲ ့ပိုက်ဆံမရှိလို့ အငှားကားစီးမရလို့လေ"

"တာအိုရောင်းရင်းတို့ ... မင်းတို့ဆီမှာ ဖုန်းမရှိဘူးလား။ အခုခေတ်မှာ မင်းတို့က ဖုန်းထဲမှာ အက်ပလီကေးရှင်း တစ်ခုလောက်ကို ဒေါင်းလုဒ် ဆွဲထားရုံနဲ့ အငှာကားခကို အွန်လိုင်းကနေ ပေးချေလို့ရတယ်လေ။ ဒါက အရမ်းအဆင်ပြေတယ်"

အစ်ကိုကြီး ဟောင်ဖ က ပြောလိုက်တယ် "ငါ့ဖုန်းထဲမှာ ပိုက်ဆံမရှိဘူးလေ"

ဒုတိယအစ်ကို ဟောင်ဟိုင်ကလည်း ပြောလိုက်တယ် "ငါလည်း တူတူပဲ"

ဂျူနီယာညီလေး ဟောင်တုံက ပြောလိုက်တယ် "မနေ့ကမှ ငါ့ပိုက်ဆံတွေ အားလုံးကို လွှဲပေးလိုက်တာ။ ဒါကြောင့် ငါ့ဆီမှာ ဆယ်ပြားတောင် မရှိတော့ဘူး"

ခပ်ချောချောလူ "......"

စီနီယာအစ်ကိုဟောင်ဖ က ပြောလိုက်တယ် "တာအိုရောင်းရင်းက တူညီတဲ့နေရာကို သွားမှာလား"

ခပ်ချောချောလူက ပြုံးကာ ပြောလိုက်တယ် "အင်း .. ငါက ဂျင်နန် တက္ကသိုလ်မြို့ကို လာတာ။ တကယ်တော ့ခရီးသည် တော်တော်များများက ဟိုင်ရှန်းမှာ ဆင်းသွားတာမို့့ ငါလည်း လိုက်ဆင်းလာတာ"

ညီလေး ဟောင်တုံက ပြောလိုက်တယ် "တာအိုရောင်းရင်း အငှားကား စီးမှာလား။ ငါတို ့ကို ခေါ်သွားပေးနိုင်မလား"

ခပ်ချောချောလူ "......"

ဒုတိယအစ်ကို ဟောင်ဟိုင်က မေးလိုက်တယ် "အဆင်မပြေဘူးလား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora