အပိုင်း (၁၁၂၉)

96 24 0
                                    


#Unicode


စီနီယာအစ်ကိုစွန်း .. မင်းက သူတော်စင်ကျောက်ဖရုံ ရဲ ့အရိုက်အနှက်ကို ဆိုးဆိုးရွားရွား ခံခဲ့ရတယ်။

လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက် နဲ့ ဆုပ်ကိုင်ထားတဲ့ ရှီလျှူက အနောက်ကို မသိမသာဆုတ်လိုက်တယ်။ သူမ က သူမကို ရူဟန် အတွင်းကမ္ဘာဆီ ပို့ဆောင်လို့ရမယ့် နေရာမှာ ရှိနေတယ်။ ရူဟန် ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုက သူတော်စင်ကျောက်ဖရုံကို မတုန်လှုပ်စေဘုူးဆိုရင် သူမ နဲ့ ရူဟန် တို့က ချက်ချင်းပဲ ပြေးရမှာပါ။

သူတော်စင် ကျောက်ဖရုံ က အေးစက်စက် ပြောလိုက်တယ် "နျုူကလီးယားဗုံးလား။" ဒါတွေကို မြင်တော့ သူ ကျိန်းသေပေါက် မှားစရာမရှိတော့ပါဘူး။ ဒီဗုံးတွေဆီကနေ ကောင်းကင်ဘုံကပ်ဘေး အော်ရာတွေ ထွက်ပေါ်နေတယ်။ ဗုံးတစ်ခုချင်းစီတိုင်း က အဆင့်ရှစ် ဖိအားတွေ ထွက်ပေါ်နေတယ်။ ပြီးတော့ ဗုံးအရေအတွက် က နှစ်ရာတောင်ပါ။ တိုးလာနိုင်သေးတယ်။ တစ်ချိန်တည်းမှာ ထပေါက်မယ်ဆိုရင် ကပ်ဘေးကြီး တစ်ခုပါပဲ။

ရူဟန် က ခေါင်းမော့ပြီး တည်ကြည်စွာ မေးလိုက်တယ် "ဒါဆို .. တာအိုရောင်းရင်း .. မင်းရဲ့ အခုအခံကို ကျော်ဖြတ်န်ိုင်မယ်လို့ မင်းထင်လား"

သူတော်စင် ကျောက်ဖရုံ က တိတ်ဆိတ်သွားတယ်။ ပြီးနောက် ခဏလောက် စဉ်းစားလိုက်ပြီး သွားကို တင်းတင်းစေ့ကာ ပြောလိုက်တယ် "ဒီနျုကလီးယားဗုံးတွေလောက် ဆိုရင် ...."

ဒါက နျုကလီးယားဗုံး နှစ်ရာကျော် ဆိုပေမဲ ့သူသာ အကောင်းဆုံး ကြိုးစားမယ်ဆိုရင် ဒါတွေကို ကျော်ဖြတ်နိုင်မှာပါ။ ပြီးတော့ သူက အခုမှ အဆင့်တက်ထားတယ် ဆိုရင်တောင်မှ အဆင့်ရှစ် သူတော်စင်ပါပဲ။

သူပြောနေရင်းတန်းလန်းမှာပဲ ရူဟန် ရဲ့ အနောက်ဆီမှာ တည်နေရာ အက်ကွဲကြောင်းတွေ ပေါ်လာတာ ကို မြင်လိုက်ရတယ်။

လက်နက်ထိပ်ပိုင်း အမျိုးအစားတစ်ခုက ရူဟန် နောက်မှာ ထွက်ပေါ်လာတယ်။ ပုံသဏ္ဍာန်က နျုကလီးယားဗုံး နှစ်ရာကျော် နဲ့ ဆင်တူတယ် ဒါပေမဲ့ ဒီအသစ်ထွက်ပေါ်လာတဲ့ လက်နက် က နျူကလီးယားဗုံး နဲ့ ယှဉ်မယ်ဆိုရင် ဇိမ်ခံကား နဲ့ သာမာန်စကူတာ တစ်ခုလို ကွာခြားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tahanan ng mga kuwento. Tumuklas ngayon