အပိုင်း (၁၁၂၆)

93 24 0
                                    


#Unicode


စူးစမ်းခြင်း နဲ့ တန်ပြန် စူးစမ်းခြင်း။

ဒီဗလတောင့်တောင် ဘုန်းကြီးသုံးပါး သာ ပိုက်ဆံလိုက်တောင်းနေမယ်ဆိုရင် လူတွေက ပိုက်ဆံတောင်းတယ်လို့ ထင်မှာ မဟုတ်ပါဘူး ။ ဓားပြလာတိုက်တယ်လို့ ထင်နေပါလိမ့်မယ်။

ဗလတောင့်တောင့်နဲ့ ဘုန်းကြီးသုံးပါး ထွက်ခွာသွားတဲ့နောက် ရူဟန်က ခေါင်းလှည့်ပြီး ရှီလျှူ ့ကိုကြည့်ကာ မေးလိုက်တယ် "ရှီလျှူ .. ခုနက မင်း ဘာကြောင့်ရယ်ချင်နေတာလဲ"

"ရှေးဘိုးဘေး ယွမ်ထုံ ဆိုလို့လေ" ရှီလျှူ က ပြုံးလိုက်တော့ ပါးချိုင့်လေးတွေ ပေါ်လာတယ်။

ရူဟန် "......"

ဒီဓမ္မနာမည်က မှားယွင်းနေတာ မရှိပါဘူး။ အထူးသဖြင့် ရှေးခေတ်တုန်းကဆိုရင် ဓမ္မနာမည် က အစဉ်လိုက်တွေ ပေးတတ်ကြတယ်။ ယွမ်ကျန်း ၊ ယွမ်ရဲ ၊ ယွမ်ရှင်း စသဖြင့်ပေါ့။ ဒါကြောင့် ယွမ်ထုံ ဆိုတဲ့ နာမည်က သာမာန်ပါပဲ။

ရူဟန်က ပြောလိုက်တယ် "ဒါနဲ့ ရှီလျှူ .. သွားကြစို့"

"အင်း .. " ရှီလျှူက ခေါင်းညိတ်လိုက်တယ်။

"မင်းလည်း ခန့်မှန်းမိတယ်ပေါ့" ရူဟန်က ရယ်လိုက်တယ်။

"အင်းပေါ့" ရှီှလျှူက ပြောလိုက်တယ်။

ဘုန်းကြီးသုံးပါး ပြောခဲ့တဲ့ နိုင်ငံခြားသား ကျင့်ကြံသူ ဆိုတာက သူတော်စင် ကျောက်ဖရုံ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီကမ္ဘာကြီးမှာ နိုင်ငံခြားသား ကျင့်ကြ့သူတွေ အများအပြားရှိတယ်။ သူတို့ရဲ ့ကိုယ်ပိုင် ကျင့်ကြံမှု စနစ်တွေနဲ့ ဖြစ်တယ်။

ရှီလျှူ က မေးလိုက်တယ် "ငါတို့ ရှစ် နဲ့ ကျန်တဲ့သူတွေကို ခေါ်သွားကြမလား"

ရူဟန် က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "သူတို့ကို ငါ့အတွင်းကမ္ဘာဆီ ပို့လိုက်မယ်။ ဖူရှန်း နဲ့ မြေခွေးမွန်းစတားကတော့ ငါတို့ စိတ်ပူစရာ မလိုဘူး"

ဒါ့အပြင် ချူချူ ကို အိမ်ပြန်ပို့ပေးရအုန်းမှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora