အပိုင်း (၁၁၅၁)

104 20 0
                                    

#Unicode


အားအင်က အော်သံ ပေါ်မှာ မူတည်နေတယ်။

သူတော်စင်ချီကွား က ချီးကျူးလိုက်တယ် "အမ်.. သူငယ်ချင်းလေး ဟုဘိုင်ဒုံ .. မင်းရဲ့ သီလစွမ်းအားက လွန်ခဲ့တဲ့ လကမှ စုဖွဲ့မိတာဆို အရည်အသွေးက မဆိုးပါလား။"

နတ်သူငယ်သူရဲကောင်း ဟုဘိုင်ဒုံ က သူ့စကားကို ကြားတော့ ရုတ်တရက် ငိုချင်သွားတယ် "စီ်နီယာချီကွား .. မင်း ငါ့ရဲ့ သီလအလင်းပေါ်ဆင်းလာတာ မဟုတ်ဘူးလေ"

"ဟမ်" သူတော်စင်ချီကွား က စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "ငါ မင်းရဲ့ သီလစွမ်းအားကို အသုံးမပြုခဲ့ဘူးလား။ ဒါဆို ဘယ်လိုလုပ် ငါအသွင်သဏ္ဍာန် ဖြစ်လာရတာလဲ"

[ဒါတော့ မင်းပဲသိမှာပေါ့] ဟုဘိုင်ဒုံက စိတ်ထဲကနေ အငေါ်တူးလိုက်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာ စဉ်းစားဖို့ သူတော်စင်ချီကွား ဆီမှာ အချိန်မရှိပါဘူး။ သူက လျှို့ဝှက်နည်းစနစ် နဲ့ တည်နေရာကို ဖြတ်သန်းပြီး ရောက်လာတာ ဖြစ်တယ်။ သူ့ဆီမှာ အချိန်ဖြုန်းစရာ အချိန်ပို မရှိပါဘူး။

သူ့ရဲ့ လျှို့ဝှက်နည်းစနစ် အောင်မြင်ခဲ့ပြီ ဆိုရင် ပြီးတာပါပဲ။

သူက သူတော်စင်ကျောက်ဖရုံ ကို ပေးထားတဲ့ ကတိကို တည်ဖို့ အလျှင်လိုနေပါတယ်။ လျှို့ဝှက်နည်းစနစ် စွမ်းအား ကုန်ဆုံးမသွားခင် လုပ်စရာရှိတာ လုပ်ရမှာ ဖြစ်တယ်။

သူတော်စင်ကျောက်ဖရုံ ကို မျက်နှာချင်းဆိုင်ရင်း ချီကွားက ဖြည်းဖြည်းချင်း ပြောလိုက်တယ် "ကျောက်ဖရုံ .. မင်း ဒီအဆင့်ထိ တက်လှမ်းလာနိုင်လိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး။ အရိုးသားဆုံး ပြောရရင် မင်းရဲ့ ကံကြမ္မာပြပွဲကို ကြည့်ပြီး ငါ ဝမ်းသာရတယ်"

"ကျေးဇူး စီနီယာချီကွား။ ဒီအဆင့်ထိ ဖြစ်လာတာ မင်းရဲ့ သင်ပြခဲ့မှု တွေကြောင့်လည်း ပါတယ်လေ" သူတော်စင်ကျောက်ဖရုံ က ပြောလိုက်တယ်။ သူတော်စင်ချီကွား သူ့နှလုံးသားထဲမှာ အရေးကြီးတဲ့ လူတစ်ယောက် အဖြစ် တည်ရှိနေတယ်။

သူတော်စင်ချီကွား က နူးညံ့စွာပြုံးပြီး ပြောလိုက်တယ် "ဘာပဲဖြစ်ဖြစ် ... မင်းရဲ့ ခုခံခြင်းလမ်းစဉ် ကို ဒီနေ့ ငါစမ်းသပ်မယ်။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora