အပိုင်း (၁၀၉၉)

121 27 0
                                    


#Unicode


ငါက ဘာ့ကြောင့် စိတ်ပူနေရမှာလဲ။

ဒူဒူ့ အွန်လိုင်းမိန်းမ က ငါ့ကို ရှာဖို ့ဂျင်နန် တက္ကသိုလ်မြို့ဆီကို ရောက်ရှိလာတယ်။ ငါ ဘာလုပ်ရမလဲ။ အရေးကြီးတယ်။ မြန်မြန်ဖြေကြပါ။

ချူချူ က မျက်စိကို ပေကလပ် ပေကလပ် လုပ်ပြီး ရူဟန်ကို ကြည့်လိုက်တယ် ။

သူမက ဒီနှစ်မှာ အထက်တန်းကျောင်းပြီးထားတာပါ။ နောက်နှစ်ဝက် မှာ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရမှာလေ ။ သူမ ရဲ ့ရည်မှန်းချက် ပန်းတိုင်က ဂျင်နန် တက္ကသိုလ်မှာ တက်ရောက်နိုင်ဖို့ပဲ ဖြစ်တယ်။

ဒီနေ့မှာ သူမ က ဒူဒူ့ကို မြင်ရဖို့ ဂျင်နန် တက္ကသိုလ် ကို လာခဲ့တာဖြစ်တယ်။ သူတကယ် ဒီမှာ ရှိသလား ဆိုတာကို သူ သိချင်နေတယ် ။

သူမက အရမ်းကို ကံကောင်းတယ်။ ဒါကြောင် ့မြန်မြန်ပဲ ရှာတွေ့ခဲ့တာ ဖြစ်တယ်။

ဒူဒူက သူမ အွန်လိုင်းမှာ မြင်ခဲ့တာထက ်ပိုပြီး ချောမောနေတယ်။ ရုပ်ရှင်ထဲမှာ မြင်ရတဲ့ စီနီယာအစ်ကိုကြီး ဂေါင်ရှန်ထက်တောင်မှ ပိုပြီး အပြင်မှာ ကြည့်ကောင်းတယ်။ သူမ က ဘယ်လောက်ကြည့်ကြည် ့မမောနိုင်သလို ဖြစ်နေတယ်း။ ပြီးတော့ ဘယ်နေရာကနေ ကြည့်ကြည့် ကြည့်ကောင်းလှတဲ ့ကိုယ်ဟန်ကို ပိုင်ဆိုင်ထားတယ်။ သူမကို လိုက်နေတဲ့အတန်းထဲက စတား ဆိုတာတွေထက် ပိုပြီး ချောမောတယ်။

ဒါပေမဲ ့ဒူဒူ့ အသံက နည်းနည်းတော့ ထူးဆန်းနေတယ်။

မိန်းကလေးက သူ့ကို စိုက်ကြည့်နေတာကြောင့် ရူဟန် သူ့နှာခေါင်းကို ကုတ်ပြီး ရှက်သလိုလို ဖြစ်နေတယ်။

"မင်း ဂျင်နန် ကို ကိုယ့်ဘာသာ လာတာလား" ရူဟန်က မေးလိုက်တယ်။

"အင်းလေ" ချူချူ က ခေါင်းညိတ်လိုက်တယ် "ဒါပေမဲ ့ငါခိုးထွက်လာတာ မဟုတ်ဘူး။ ဂျင်နန်က သူငယ်ချင်းတွေကို တွေ့မယ်ဆိုပြီး ဖေဖေ့ကို ပြောခဲ့တယ်။ ဖေဖေ က သဘောတူလိုက်တယ်"

ရူဟန် "......" ဒီမိန်းကလေး ရဲ့ အဖေက လွယ်လှချည်လား။ သူမ အဖေကော ဟုတ်ရဲ့လား မသိဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Onde histórias criam vida. Descubra agora