အပိုင်း (၁၂၁၅)

78 20 0
                                    



ငါ့ကို ယုံလိုက်။ မင်းကို ရောင်းစားလိုက်မယ် ဆိုရင်တောင်မှ နောက်ဆုံးမှာ ငါ့ဘေးနားထိုင်ပြီး ပိုက်ဆံရေ နေမယ့် သူက မင်း ဖြစ်လိမ့်မယ်။

"အဆင်ပြေတယ်. ငါ့ မှတ်ဉာဏ်က ဆိုးရွားတယ် ဆိုပေမဲ့ ခန်းမသခင်ချူ က ငါ့ထီးပေါ်မှာ အစီအရင် ရေးထိုးပေးထားတယ်။ ဒီအစီအရင်ကြောင့် အိမ်ကို ဘယ်လိုပြန်ရမလဲ ဆိုတာကို ငါသိပြီ။ အိမ်ရောက်ပြီ ဆိုရင် အချိန်မြို့တော်ကို ဘယ်လိုသွားရမလဲ ဆိုတာ ငါသိပြီ။ ဒါကြောင့် မင်းစိတ်ပူစရာ မလိုတော့ဘူး။ စီ်နီယာ ဗိုလ်ကျသူစွန်း" တာအိုရောင်းရင်း ထီး က ထီးပေါ်မှာ ရေးထိုးထားတဲ့ ရှုပ်ထွေးလှတဲ့ အစီအရင်တွေကို လက်ညိုးထိုးပြလိုက်တယ်။

ရူဟန် "...."

"စီနိယာဗိုလ်ကျသူစွန်း ... ပြန်ကြစို့" ပြီးနောက် တာအိုရောင်းရင်း ထီးက လက်ကို ဆန့်တန်းလိုက်တယ်။ ပြီးနောက် ထီးပေါ်က အစီအရင် ကို အသက်သွင်းလိုက်တယ်။

နောက်တော့ တည်နေရာ ဂိတ်တံခါး တစ်ခုက သူတို့ရှေ့မှာ ပေါ်လာတယ်။

သွင်ပြင်အမူအရာ နဲ့ အော်ရာတွေကို ကြည့်ရင် ဒါက ခန်းမသခင်ချူ ရဲ့ တည်နေရာဂိတ်တံခါး ဖြစ်ကြောင်း သိသာတယ်။

ဒီအချိန်မှာတော့ ရူဟန်က အခြေအနေကို ဘယ်လိုသုံးသပ်ရမလဲ မသိဘူး ဖြစ်သွားတယ်။

ပြီးနောက် တာအိုရောင်းရင်းထီး က ရူဟန်ကို အားတက်တရော နဲ့ တည်နေရာဂိတ်တံခါးထဲ အတင်း ခေါ်ဆောင်သွားတော့တယ်။

တည်နေရာဂိတ်တံခါး ရဲ့ အခြားတစ်ဘက်မှာတော့ တာအိုရောင်းရင်းထီး ရဲ့ အိမ်ပဲ ဖြစ်တယ်။ အရမ်းကို သာမာန်ကျပြီး ဝါးတွေနဲ့ ပြုလုပ်ထားတဲ့ အိမ်လေး ဖြစ်တယ်။ ဒါက ကြည်လင်သလင်းခန်းမဆောင် ရဲ့ အမှတ်သညာ လို့ တောင် ပြောနိုင်တယ်။

"စီနီယာ ဗိုလ်ကျသူစွန်း ... ငါ့ နေရာကို အရင်ဆုံး လည်ကြမလား။ အိမ်ကို ဧည့်သည် မလာတာ တော်တော်တောင် ကြာနေပြီလေ" တာအိုရောင်းရင်း ထီး က ရူဟန်ကို မျှော်လင့်တကြီး ကြည့်လိုက်တယ်။

ရူဟန်က သက်ပြင်းချလိုက်တယ် "အချိန်မြို့တော်က ပြန်လာမှ လာလည် လည်း နောက်မကျသေးပါဘူး တာအိုရောင်းရင်း"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now