အပိုင်း (၁၀၈၈)

137 24 0
                                    


#Unicode


ဗိုက်ကြီးသည်စွန်း။

သံရည်ဘောလုံး ရဲ ့ထိန်းချုပ်မှု အောက်မှာပဲ များပြားလှတဲ ့မှော်ရတနာတွေက အလင်းလွှာတွေ ထွက်ပေါ်လာပြီး မိုးဆွေငှက် ရဲ့ အလောင်းကို ဖုံးလွှမး်သွားတယ်။ ပြီးနောက် သူမ ခန္ဓာကိုယ်ထဲကို တိုးဝင်ပြီး လျှို့ဝှက်ချက်တွေကို ရှာဖွေနေတယ်။

သံရည်ဘောလုံးက ငရဲပြည်ရဲ့ အုပ်စိုးသူပါ။ မိုးဆွေငှက်လို အဆင့်ခုနှစ် ကျင့်ကြံသူ တစ်ယောက် က သူ့ဆီမှာ ဘာမှဖုံးကွယ်လို့ မရပါဘူး။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘာမှ ပေါ်မလာပါဘူး။ မိုးဆွေငှက်က သန္ဒေပြောင်း ကပ်ဘေးကြောင့် ရုတ်တရက်သေဆုံးပြီး ဆံပင်တွေ အရောင်ပြောင်းသွားတာလား ဒါမှမဟုတ် ခေါင်းမှာ ပြဿနာတစ်ခုခု ရှိနေလို့ အရောင်ပြောင်းသွားတာလား မသိပါဘူး။ ဒါက သံရည်ဘောလုံးကို ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေတယ်။

❄️❄️❄️

မကြာမီမှာပဲ သံရည်ဘောလုံးကြီးက လှုပ်ရှားတာကို ရပ်တန့်သွားတယ်။

.. ဘာတစ်ခုမှ ရှာမတွေ့ပါဘူး။

သူက အရမ်းကို သာမာန်ကျတဲ ့အမျိုးသမီး ကျင့်ကြံသူ ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်တယ်။ သူမ က မိစ္ဆာကပ်ဘေးတွေကြောင့် ဒဏ်ရာတွေ ရရှိနေတယ်။

နောက်ဆုံးမှာတော့ မိုးဆွေငှက်ရဲ့ ခန္ဓာကိုယ်က သူ့စွမ်းအားတွေကို ဘာလို့ လိုက်ဖက်ညီစွာ စုပ်ယူနိုင်တာလဲ ဆိုတဲ ့အဖြေကို သူမသိသေးပါဘူး။

ငါအကြည့်ရှမ်း သွားတာလား။ သံရည်ဘောလုံးကြီးက တွေးလိုက်တယ်။

ဒီအချိန်မှာပဲ သူက မိုးဆွေငှက်ရဲ့ ပခုံးပေါ်က ဒဏ်ရာကို မြင်လိုက်တယ်။

ဒီလိုဒဏ်ရာမျိုးလောက်က အဆင့်ခုနှစ် ကြီးမြတ်သူ တစ်ယောက်ရဲ့ ကုစားခြင်းစွမး်အင်ကြောင့် မြန်မြန်ပဲ ပြန်လည် ပျောက်ကင်းသွားနိုင်မှာပါ။ ဒါပေမဲ ့သူမက သေပြီးသား ဖြစ်တာကြောင့် မိုးဆွေငှက်ရဲ့ ဒဏ်ရာတွေက အလိုအလျောက် မပျောက်ကင်းတော့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora