အပိုင်း (၁၁၉၁)

119 22 0
                                    


#Unicode


မွန်းစတား ကျင့်ကြံသူတို့ အတွက် တတ်မြောက်ရမည့် စွမ်းရည် နှစ်ရာကို အတင်းဖော်ထုတ်ခြင်း။

"ငါ့ အသိစိတ်က ဘာလို့ ရှောင်ချိုက် ကိုယ်ထဲ ဝင်သွားတာလဲ။" ရူဟန်က ဇဝေဇဝါ ဖြစ်သွားတယ်။

ဒါပေမဲ့ လက်ရှိမှာ ဒါကို တွေးနေရမယ့် အချိန်မဟုတ်ပါဘူး။

သူ့ခေါင်းပေါ်က တိုက်သင်္ဘော က နောက်ထပ ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီ ဖြစ်တယ်။ ထပ်ပြောရရင် သူက ရှောင်ချိုက် နေရာကို ဝင်ယူလိုက်တာကြောင့် လျှို့ဝှက်နည်းစနစ် ရဲ့ ကာကွယ်ခြင်း စွမ်းရည်က ဆက်တိုက် အားလျော့ပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မလို ဖြစ်သွားတယ်။

အင်း .. ကြည့်ရတာ ရှောင်ချိုက်ကို ဒီကပ်ဘေးကနေ အရင် ကျော်ဖြတ်နိုင်အောင် ကူညီမှ ဖြစ်မယ်။

❄️❄️❄️

လက်ရှိရှောင်ချိုက်က တော်တော်ကြီး အားနည်းနေတယ်။

သူမက ရူဟန ်ရဲ့ ဝိညာဉ်ပို့ဆောင်ခြင်း နည်းလမ်းကို အရင်ဆုံး လေ့ကျင့်ခဲ့တယ်။ ဒါကြောင့် သီလအလင်းကို စုဖွဲ့နိုင်ခဲ့တာပဲဖြစ်တယ်။ ပြီးနောက် သံမဏိလက်နည်းစနစ်ကို ရရှိခဲ့တယ်။ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ဗှဒ္ဓခန္ဓာကိုယ် နည်းစနစ်ကို ရရှိခဲ့တယ် ဆိုပေမဲ့ မလေ့ကျင့်ရသေးပါဘူး။ ပြီးတော့ သူမက နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကို လည်း ကျင့်ကြံထားသေးတယ်။

ဒီအရာတွေက ရူဟန် ရဲ့ ကျင့်ကြံခြင်းလမ်းစဉ် နဲ့ အခြေခံအားဖြင့် တထပ်တည်း တူညီနေတယ်။

အနာဂတ်မှာ ရူဟန်က သူ့ရဲ့ ဓားမော့နည်းစနစ်ကို လည်း ရှောင်ချိုက်ကို သင်ပေးသွားဖို့ ရည်ရွယ်ထားပါသေးတယ်။ ဒါကြောင့်ပဲ ရူဟန်က ရှောင်ချိုက် ရဲ့ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် နဲ့ ထိန်းချုပ်လို့ ရနိုင်တယ်။

ရူဟန်က မြန်မြန်ပဲ နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကို အသက်သွင်းကာ လှည့်ပတ်လိုက်တယ်။

ရှောင်ချိုက်က ဒီကျင့်ကြံခြင်းနည်းစနစ်ကို ဒီနေ့မှ စတင်ထိတွေ့မိတာပါ။ ဒါပေမဲ့ ရူဟန် အတွက်ကတော့ သူ့ရဲ့ ဝိညာဉ်တစ်ခုလိုကို အသားကျပြီး ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora