အပိုင်း (၁၂၀၄)

86 21 0
                                    


#Unicode


ငဒူစွန်း .. မင်းရဲ့ လျှို့ဝှက်ချက်ကို ငါဖော်ပြမယ်။

ရူဟန်က သခင်လေး ဖီးနစ် သတ်ဖြတ်သူ ရဲ့ ကိုယ်ခန္ဓာကို ထိန်းချုပ်ပြီး ကွာစေ့စားကာ သတိမမူ သလို ဖြစ်နေတဲ့ ဘိုင်ဇူးဆီ လက်လှမ်းလိုက်တယ်။

နတ်ဘုရားခိုးဝှက်ခြင်း နည်းစနစ် က အရမ်းကို စွမ်းအားပြင်းတယ်။ အဆင့်မြင့် အထိ လေ့ကျင့်မယ်ဆိုရင် ကိုယ်ထက် အဆင့်မြင့်တဲ့သူ ဆီက ခိုးဝှက်ရင်တောင်မှ ပြဿနာရှိတော့မှာ မဟုတ်ဘူး။ ဒါကို ကြက်သွန်လေး ပြုလုပ်ခဲ့တာကို ကြည့်ပြီး အတည်ပြုနိုင်တယ်။

ရူဟန်က နတ်ဘုရားခိုးဝှက်ခြင်း နည်းစနစ် ကို နှစ်ကြိမ်ပဲ လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကြက်သွန်လေး အဖြစ် အိမ်မက် မက်တုန်းက အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီ ဖြစ်တယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ တခြားသူ တစ်ယောက်ကို ပထမဆုံးအကြိမ် ထုတ်သုံးတယ် ဆိုပေမဲ့ အလုပ်ဖြစ်နိုင်တယ်။ နတ်ဘုရားခိုးဝှက်ခြင်း နည်းစနစ် က ရူဟန် ရဲ့ စိတ်ထဲ တသားတည်း ဖြစ်တည်နေတာ ကြာခဲ့ပြိလေ။

ခိုးဝှက်ခြင်း က အောင်မြင်ခဲ့တယ်။ နောက်တော့ သူ့လက်ထဲကို ပိုးထည ်လို အစိတ်အပိုင်း တစ်ခုက ရောက်ရှိလာတယ်။

ပထမတုန်းက ဒါကို ဘိုင်ဇူးအသုံးပြုတဲ့ လက်ကိုင်ပုဝါ ဖြစ်တယ်လို့ သူ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ သေချာ အာရုံခံကြည့်တော့ သူကိုင်ထားတဲ့ အရာက လက်ကိုင်ပုဝါ ထက် ပိုထူပြီး နည်းနည်းလည်း ပိုလေးတယ်။

ငါ ဘာခိုးခဲ့တာလဲ။

ရုူဟန် က သခင်လေး ဖီးနစ် သတ်ဖြတ်သူ ရဲ လက်ကို ပြန်ရုတ်ပြီး သေချာကြည့်လိုက်တော့ စာရွက်တစ်ရွက်လို အရာမျိုး ဖြစ်တယ်။ လက်ဝါးအရွယ်လောက်ဖြစ်ပြီး ဘိုင်ဇူးမှော်နည်းစနစ် ထုတ်သုံးရင် သုံးတဲ့ အရာ ဖြစ်ပုံပေါ်တယ်။

ရူဟန် ထိန်းချုပ်ထားတဲ သခင်လေး ဖီးနစ်သတ်ဖြတ်သူ ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ ဟန်ပန်တွေ ပေါ်လာတယ်။ ဘိုင်ဇူး ယူလာတာ ဘာစာရွက်လဲ။ မှော်ရတနာတစ်ခုခုများလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Wo Geschichten leben. Entdecke jetzt