အပိုင်း (၁၁၈၉)

106 22 0
                                    


#Unicode


 ကမ္ဘာကြီး မင်းငါနဲ့ ပူးပေါင်းပြီး လိုက်လှုပ် ..။


ဒါက သူတော်စင်ချီကွား အသုံးပြု ခဲ့တဲ တည်နေရာ ဖြတ်သန်းပြီး အသုံးပြုနို်င်တဲ့ သီလသက်ဆင်းခြင်း ပဲ ဖြစ်တယ်။ ဒေါင်ဖန်းခြောက် နဲ့ အတူတူ ဝိညာဉ်ပို့ဆောင်ခဲ့တာ အပြင် ဒီနေ့မှာ ချီကွားရဲ အခမ်းအနား တက်ရောက်ခဲ့တယ်။ ဒါအပြင် အဆင့်ရှစ် သူတော်စင် စားပွဲကို စားသုံးခဲ့တယ်လေ။ ဒါကြောင့်ပဲ ရှောင်ချိုက်ရဲ့ သီလအလင်းက အောင်အောင်မြင်မြင်နဲ့ ဖွဲ့တည်ပြီး သီလသက်ဆင်းခြင်း နည်းစနစ် အတွက် အခြေခံလိုအပ်ချက် တွေ ကိုက်ညီသွားခဲ့တာပဲဖြစ်တယ်။ ရှောင်ချိုက်ကို ရစ်ပတ်ပြီးတြ့နောက် လာမီယာက ရှောင်ချိုက် ရဲ့ သီလအလင်းနေရာကနေ လျှီု့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်တယ်။ မြောက်ပိုင်းအင်ပါယာ က ထအော်လိုက်တယ် "နေအုန်း ... နတ်မိမယ် @#$ .. မင်း ရှောင်ချိုက်ရဲ့ ကပ်ဘေးမှာ ဝင်ရှုပ်လို့ မဖြစ်ဘူး။ ကပ်ဘေးစွမ်းအင် က အဆင့်ကိုးကို ရောက်သွားလိမ့်မယ်။" ဒါပေမဲ့ လာမီယာက ပြန်မပြောပါဘူး။ ရှောင်ချိုက်ရဲ့ သီလအလင်း နဲ့ ပေါင်းစပ်ပြီးနောက်မှာ သူမ အောက်မှာ ရှိနေတဲ့ ဝေလငါးက အတောင်ပံတစ်စုံ ထွက်လာတယ်။ ကောင်းကင်ပေါ်မှာတော့ တိုက်သင်္ဘော ၈၈၈ က ရှောင်ချိုက် နဲ့ လာမီယာကို ပစ်ဖို့ ချိန်လိုက်တယ်။ အမြှောက်ရဲ့ အလင်းတွေက နောက်ဆုံးအဆင့်ထိ စုစည်းပြီး ပစ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ လာမီယာက ကိုယ်ကိုကွေးညွှတ်ကာ ရှောင်ချိုက်နဲ့ လူသားပုံစံ ပုံရိပ်ယောင် မိန်းကလေးကို ဖက်ထားလိုက်တယ်။ နောက်တော့ ရှောင်ချိုက် ရဲ့ ကိုယ်ပေါ်မှာ အသင်းဖော ်ပုံရိပ်ယောင်အလင်းလွှာ တစ်ခု ပေါ်လာတယ်။ ပြီးနောက် အလင်းလွှာတွေ က ဖြန့်ကျက်သွားတယ်။ အလင်းလွှာတွေက ရူဟန် နဲ့ ရှီလျှူ တိို့ကိုပါ ဖုံးလွှမ်းသွားတယ်။ စီနီယာအဖြူက အမှတ်မထင် သူ့ရဲ့ တည်နေရာစွမ်းအားတွေကို ထုတ်သုံးကာ လေထဲကို ခုန်လိုက်တယ်။ တူညီစွာပဲ မြောက်ပိုင်းအင်ပါယာ က တည်နေရာစွမ်းအင်တွေကို အသုံးပြုပြီး လေထဲကို ရောက်ရှိသွားတယ်။ စိနီယာအဖြူ နဲ့ မြောက်ပိုင်းအင်ပါယာ တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နားလည်စွာနဲ့ ခေါင်းညိတ်ပြလိုက်ကြတယ်။ စီနီယာအဖြူက ကြယ်ပျံဓားကို ထုတ်သုံးကာ သင်္ဘောနံပါတ် ၈၈၈ ကို ပစ်မှတ်ထားလိုက်တယ်။ မြောက်ပိုင်းအင်ပါယာ က ရှောင်ချိုက် နဲ့ ရူဟန်တို့ကို ပစ်မှတ်ထားလိုက်တယ်။ ကောင်းကင်ဘုံကပ်ဘေး ပြောင်းလဲသွားချင်းချင်းမှာပဲ အဖြူက ကောင်းကင်ဘုံကပ်ဘေး နှောင့်နှေးသွားအောင် ပြုလုပ်မှာ ဖြစ်ပြီး မြောက်ပိုင်းအင်ပါယာက တခြားသူတွေရဲ့ အသက်ကို ကယ်တင်မှာပါ။ အောက်မှာတောာ့ ... "စီီနီယာအဖြူ ကောင်းကင်ပေါ် တက်သွားပြီ။" ရူဟန်က ပြောလိုက်တယ် "သူက အခြေအနေဆိုးကို ရှောင်ချင်တာ ဖြစ်မယ်။ ရှောင်ချိုက် ထုတ်လွှတ်လိုက်တဲ့ အဖော်ပုံရိပ်ယောင်အလင်းလွှာတွေကို ရှောင်ချင်လို့ ကောင်းကင်ပေါ်ကို တက်သွားတာ ဆိုတော့ ငါတိ့ ရဲ့လက်ရှိအခြေအနေက မကောင်းဘူးလို့ ပြောရမယ်" ရှီလျှူ က သူမ ကိိုယ်ပေါ်က အလင်းလွှာကို ကြည့်ရင်း ပြောလိုက်တယ် "ဘယ်လိုမကောင်းတာလဲ" ပြောနေတုန်းမှာပဲ ရှစ်က ရုတ်တရက် အော်လိုက်တယ် "အမ်..အာ" ခဏလောက်ကြာတော့ အလင်းလွှာတွေ တောက်ပနေတဲ့ ရှစ်က ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ အခြေအနေကို ရောက်ရှိကာ တစ်ကိုယ်လုံးက ဖြည်းညှင်းစွာ နဲ့ လှုပ်ရမ်းလာတယ်။" ချက်ချင်းပဲ ရူဟန် နဲ့ ရှီလျှူ တို့က ခြေထောက်တွေ ပေါ်မှာ ဖိအားတွေသက်ရောက်လာတာကို ခံစားမိလိုက်ကြတယ်။ သူတို့ ဒူးခေါင်းတွေက အလိုလို ပျော့ခွေသွားပြီး ဆောင့်ကြောင့် ထိုင်မိကြတော့မယ်။ "လေထဲကို ပျံလိုက်" ရူဟန်က အော်လိုက်တယ်။ စီနီယာအဖြူ နဲ့ မြောက်ပိုင်းအင်ပါယာ တို့ လေထဲကို ပျံတက်သွားတာက အလင်းလွှာတွေကို ရှောင်ချင်လို့ မဟုတ်လား။ ရှီလျှူက ဓားကို ထုတ်ယူပြီး ကောင်းကင်ပေါ်ကို တက်သွားတယ်။ ရူဟန်က သူ့ရဲ့ အားနည်းနေတဲ့ ခြေထောက်တွေကို အသုံးပြုကာ ရှစ်ဘေးနားကို သွားလိုက်တယ်။ ပြီးနောက် သူမကို ချီကာ ရတနာဓားမော့ပေါ်တင်ပြီး ကောင်းကင်ပေါ် တက်လိုက်တယ်။ ရူဟန်က မြင့်သထက် မြင့်အောင် ပျံလိုက်တယ်။ စီနီယာအဖြူ ဆီကို ပျံတက်သွားပြီးတဲ့နောက် သူ့ကိုယ်ပေါ်ရှိ အလင်းလွှာတွေက ပျောက်ကွယ် သွားတာကို ခံစားမိလိုက်တယ်။ ဒါပေမဲ့ သူ့ဘေးနားမှာ ရှိနေတဲ့ ရှစ်က အလင်းလွှာတွေနဲ့ လုံးဝ ချိတ်ဆက်နေတယ်။ ဒါကြောင့် လေထဲမှာ ရှိနေတာတောင်မှ ရှစ်က ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ ပုံပန်းသွင်ပြင် နဲ့ ဖြစ်နေတယ်။ သူမ က စည်းချက်ကျနစွာ လှုပ်ရမး်နေတယ်။ အရိုးသားဆုံး ပြောရရင် ရှစ်က အခုလို ပုံစံ နဲ့ အရမ်းချစ်ဖို့ ကောင်းတယ်။ ဒါကို မြင်ရင် လူတွေက သူမကို ခိုးပြေးကာ မွေးစားကြဖို့တောင် စဉ်းစားမိကြမှာ သေချာတယ်။ ဘိုင်ဇူးက ရူဟန်ကို ကြည့်ကာ မေးလိုက်တယ် "မင်းရဲ့ လာမီယာက ဘာလုပ်တာလဲ" ရူဟန်က နာနာကျင်ကျင် ပြုံးလိုက်မိတယ် "သူမက ရှောင်ချိုက် နဲ့ ပူးတွဲပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့တာပဲ။ ဒါပေမဲ့ သူမ ဘာလုပ်ချင်တာလဲ ဆိုတာ တော့ ငါမသိဘူး" ရှစ် က မျက်စိတွေ ပေကလပ် ပေကလပ် နဲ့ မေးလိုက်တယ် "စီနီယာအစ်ကိုစွန်း .. ငါ ဘယ်အချိန်ထိ ဒီလိုမျိုး လှုပ်နေမှာလဲ" ရူဟန်က ပြန်ဖြေလိုက်တယ် "ဖြစ်နိုင်တာက .. ရှောင်ချိုက် လျှို့ဝှက်နည်းစနစ် ထုတ်သုံးတဲ့ အထိပေါ့" "အွန်း" ရှစ် က ချစ်စဖွယ် ပြန်ပြောရင်း ဆက်လက် လှုပ်ခါနေတယ်။ ရှီလျှူက ပြောလိုက်တယ် "ဟေး.. ကြည့် .. ရှောင်ချိုက် ရဲ့ အလင်းလွှာက ဆက်ပြီး ကျယ်ပြန့်လာတယ်။" ရှောင်ချိုက် ရဲ့ မူလ ခန္ဓာကိုယ် စွမ်းအင်အရ သူမ စွမ်းအင် အကုန်လုံးကို ထုတ်သုံးရင်တောင်မှ ဒီလိုမျိုးကျယ်ပြန့်လာမှာ မဟုတ်ဘူ။ ဒါက လာမီယာ လုပ်နေတာပဲ ဖြစ်တယ်။ ဘိုင်ဇူးက ပြောလိုက်တယ် "ငါ့ရဲ့ အင်မော်တယ်ဂူ နားမှာ မြို့သေးလေး တစ်ခုရှိတယ်။ အလင်းလွှာတွေ ဆက်ပြီး ကျယ်ပြန့်သွားမယ် ဆိုရင် သာမာန်လူတွေကို ထိခိုက်မိကုန်နိုင်တယ်" ဒါကို ကြားတော့ မြောက်ပိုင်းအင်ပါယာ က လက်ကိုဆန့်တန်းပြီး အော်လိုက်တယ် "ဒေါက်တိုင်တစ်ရာ စည်းနည်းစနစ်" လေထဲမှာ အအေးစွမ်းအင်တွေက စုဝေးသွားတယ်။ ကောင်းကင်ပေါ်ကနေ မီတာတစ်ရာလောက် ရှည်တဲ့ ရေခဲတိုင်ကြီး တစ်ထောင် လောက် ကျဆင်းလာပြီး အင်မော်တယ်ဘိုင်ဇူး ရဲ့ ဂူ တစ်ခုလုံးကို စည်းခတ်လိုက်တယ်။ "ဒါဆိုရင် စည်းနည်းစနစ် က အလင်းလွှာတွေ ချဲ့ထွင်လာတာကို တားဆီးနိုင်လိမ့်မယ်။ .. မင်းတို့ ပူစရာ မလိုတော့ဘူး။ ကောင်းကင်ဘုံ ...." မြောက်ပိုင်းအင်ပါယာ က ပြောလို့မပြီးသေးခင်မှာဘဲ ရှောင်ချိုက် ထုတ်လွှတ်လိုက်တဲ့ အလင်းလွှာတွေက သူ့ရဲ့ စည်းကို ဘာမှမဟုတ်သလိုမျိုး ထိုးဖောက်သွားတာကို မြင်လိုက်ရတယ်။ စည်းနည်းစနစ်ကို ချိုးဖောက်ပြီးတဲ့နောက် အလင်းလွှာတွေရဲ့ အမြန်နှုန်းက ပိုတိုးလာတယ်။ ချက်ချင်းဆိုသလိုပဲ အင်မော်တယ် ဘိုင်ဇူး ပြောတဲ့ မြို့လေး ဆီကို ဦးတည်သွားတော့တယ်။ ရူဟန်က ပြောလိုက်တယ် "မကောင်းတော့ဘူး။ ရှေ့မှာ ကားတွေ သွားလာနေတဲ့ အဝေးပြေးလမ်းတစ်ခု ရှိတယ်။ ယာဉ်မောင်းတွေသာ ခေါင်းပေါ်လက်တင်ပြီး ဝပ်ကုန်ရင် ဘယ်လိုဖြစ်မလဲ။" သာမာန်လူတွေမှာ ဒေါင်ဖန်းခြောက် လို ကားမျိုးမရှိပါဘူး။ ကားမတော်တဆမှု ဖြစ်ရင် သေကြတာ များတယ်။ "ငါ လုပ်လိုက်မယ်" စီနီယာအဖြူက တည်နေရာကို ဖြတ်သန်းပြီး အဝေးပြေးလမ်း အထက်ကို ရောက်သွားတယ်။ ဒါပေမဲ့ စီနီယာအဖြူ လှုပ်ရှားမှု မပြုလုပ်ရသေးခင်မှာပဲ အလင်းလွှာတွေက အဝေးပြေးလမ်းကို ဖြတ်သန်းကာ မြိုဆီကို ရောက်သွားခဲ့တယ်။ ကားထဲမှာရှိတဲ့ ယာဉ်မောင်းတွေက ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်မလာကြပါဘူး။ အဲအစား နွေးထွေးပြိး သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရတယ်။ အချိန်အကြာကြီး ကားမောင်းထားလို့ ပင်ပန်းနေတဲ့ ယာဉ်မောငး်တွေကလည်း ပင်ပန်းမှု တွေပျောက်ကွယ်သွားတယ်။ စီနီယာအဖြူ က ရပ်လိုက်တယ်။ ကြည့်ရတာ သူမလိုတော့တဲ ့ပုံပါပဲ။ အလင်းလွှာက မြို့ဆီကို ဆက်သွားနေတယ်။ မြို့ထဲက ကခုန်နေတဲ့ အဒေါ်ကြီးတွေ ရှိတဲ့ ရင်ပြင်ကြီးဆီကိုပါ ရောက်ရှိသွားခဲ့တယ်။ ပုံမှန်ဆိုရင် ဒီလို ကိုယ်လက်လှုပ်ရှား ကခုန်တာမျိုးက မနက်ခင်း ဒါမှမဟုတ် ညနေခင်းမှာ ပြုလုပ်ကြတာပါ။ ဒါပေမဲ့ ပြည်ထောင်စုနေ့ မှာ အကပြိုင်ပွဲ ပြုလုပ်ဖို့ ရှိတာကြောင့် လူတိုင်းက လာရောက် လေ့ကျင့်နေကြတယ်။ ဒီအချိန်မှာတော့ ဂီတသံက ထိပ်ဆုံးကို ရောက်နေပြီ ဖြစ်တယ်။ [ဂီတ] 'ငါး .. မင်းက ငါးလေး .. ဖြေးဖြေးကူးလိုက် ။' နေ့လည်ပိုင်းကြီးမှာ အဒေါ်ကြီးတွေက ပျော်ရွှင်စွာ လေ့ကျင့်နေတယ်။ ဒီအချိ်န်မှာတော့ အလငး်လွှာက ရင်ပြင်ကို ရောက်ရှိလာတ်ယ။ သီချင်းနဲ့ အတူ ကနေတဲ့ အဒေါ်ကြီးတွေက ရုတ်တရက် တုန်ခါသွားတယ်။ ပြီးနောက် သူတို့ အားလုံးက ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ [ဂီတ] 'လေးရာသီ ပြီးတဲ့နောက် ကြာပန်းတွေကတော့ မွှေးပျံ့နေတုန်း။ ရေလယ်မှာ မင်းကို စောင့်ဆိုင်းလျှက်' အဒေါ်ကြီးတွေက ခေါင်းပေါ်လက်တင် လိုက်တယ်။ ကြည့်ရှုနေကြသူတွေက ဒီလိုခေါင်းပေါ်လက်တင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တာက ကကွက် ထဲမှာ ပါဝင်တဲ့ သရုပ်ပြကွက်လို့ထင်မှတ်နေကြတယ်။ လူတော်တော်များများက ချီးကျုးလိုက်ကြတယ် "ကောင်းတယ်။ ဒီကကွက်က ကြည့်ကောင်းတယ်" အဒေါ်ကြီးတွေက ဆွံ့အသွားတယ်။ [ဂီတ] 'ငါက ကြာကန်ထဲက ငါးကလေး .. တောက်ပတဲလမင်း ကြီး ပေါ်လာသည်အထိ .. မင်းကို စောင့်ရင်း' ပြီးနောက် အဒေါ်ကြီးတွေက ခေါင်းပေါ်လက်တင်ကာ ဆောင့်ကြောင့်ထိုင်ရင်း ခေါင်းတွေကို စည်းချက်ကျကျ လှုပ်ရမ်းနေတယ်။ ဒီမြင်ကွင်းကတော့ ကြည့်ရဆိုးဝါးလှတယ်။ ပရိသတ်များ "........" ❄️❄️❄️ အလင်းလွှာတွေက ရင်ပြင်ကို ဖြတ်သန်းပြီးတဲ့နောက် မြို့အတွင်းပိုင်းကို ဝင်ရောက်သွားတယ်။ ထူးဆန်းလှစွာပဲ ပရိသတ် သုံး၊လေးယောက်လောက်က အဒေါ်ကြီးတွေ လိုပဲ ခေါင်းပေါ်လက်တင်ကာ ဆောင့်ကြောင့်ထိုင်ရင်း စည်းချက်ကျနာစွာ လှုပ်ရမ်းနေကြတယ်။ အလင်းလွှာတွေက လူရွေးချယ်ပြီး လွှမ်းမိုးသွားပုံပေါ်တယ်။ ရင်ပြင်နဲ့ မနီးမဝေးမှာတော့ ကြီးမားတဲ့ ဟောခန်းကြီးရှိတယ်။ အားလပ်မှာ အနားမယူချင်တဲ့လူတစ်ချိုက က ရှိနေပါတယ်။ သူတိူ့က ဒီဟောခန်းကို လာပြီး တရားဟောဆရာတွေရဲ့ မိန့်ခွန်းကို လာရောက်နားထောင်ကြတယ်။ မိန့်ခွန်းပြောဆိုသူ တွေက မိန့်ခွန်းပြောပြီးတဲ့နောက် ဆယ်မိနစ် အနားယူကြတယ်။ အောက်က နားထောင်နေတဲ့ ပရိသတ်တွေက တော့ လက်ရှိမှာ နေ့လယ် လည်း ရောက်နေတာမို့ ပင်ပန်းနေကြတယ်။ တစ်ချို့က ဗိုက်ဆာနေကြတာဖြစ်တယ်။ ဒီအချိန််မှာပဲ အလင်းလွှာက ဟောခန်းမ ကို ဖြတ်သန်းသွားတယ်။ ပင်ပန်းနေတဲ့လူတွေ အားလုံးက လန်းဆန်းသွားကြတယ်။ မိန့်ခွန်းပြောတာကနေ ခဏ အနားယူနေတဲ့ လူက ချက်ချင်းပဲ မတ်တပ်ရပ်လိုက်တယ်။ အချ်ိန်အကြာကြီး ထိုင်နေခဲ့လို့နေမယ်။ မတ်တပ်ရပ်လိုက်ချိန်မှာတော့ ကိုယ်ဟန်ချက် ပျက်သွားတာမို့့ မနည်းပြန်လည် ထိန်းလိုက်ရတယ်။ ပြီးနောက် ထိုသူ က ဆောင့်ကြောင့်ထိုင်ပြီး လက်ကို ခေါင်းပေါ် တင်လိုက်တယ်။ နောက်ဆုံးမှာတော့ စည်းချက်ကျကျ လှုပ်ခါနေတော့တယ်။ #Zawgyi အပိုင်း (၁၁၈၉) ကမ္ဘာကြီး မင်းငါနဲ့ ပူးပေါင်းပြီး လိုက်လှုပ် ..။ ဒါက သူတော်စင်ချီကွား အသုံးပြု ခဲ့တဲ တည်နေရာ ဖြတ်သန်းပြီး အသုံးပြုနိုင်တဲ့ သီလသက်ဆင်းခြင်း ပဲ ဖြစ်တယ်။ ဒေါင်ဖန်းခြောက် နဲ့ အတူတူ ဝိညာဉ်ပို့ဆောင်ခဲ့တာ အပြင် ဒီနေ့မှာ ချီကွားရဲ အခမ်းအနား တက်ရောက်ခဲ့တယ်။ ဒါအပြင် အဆင့်ရှစ် သူတော်စင် စားပွဲကို စားသုံးခဲ့တယ်လေ။ ဒါကြောင့်ပဲ ရှောင်ချိုက်ရဲ့ သီလအလင်းက အောင်အောင်မြင်မြင်နဲ့ ဖွဲ့တည်ပြီး သီလသက်ဆင်းခြင်း နည်းစနစ် အတွက် အခြေခံလိုအပ်ချက် တွေ ကိုက်ညီသွားခဲ့တာပဲဖြစ်တယ်။ ရှောင်ချိုက်ကို ရစ်ပတ်ပြီးတြ့နောက် လာမီယာက ရှောင်ချိုက် ရဲ့ သီလအလင်းနေရာကနေ လျှီု့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်တယ်။ မြောက်ပိုင်းအင်ပါယာ က ထအော်လိုက်တယ် "နေအုန်း ... နတ်မိမယ် @#$ .. မင်း ရှောင်ချိုက်ရဲ့ ကပ်ဘေးမှာ ဝင်ရှုပ်လို့ မဖြစ်ဘူး။ ကပ်ဘေးစွမ်းအင် က အဆင့်ကိုးကို ရောက်သွားလိမ့်မယ်။" ဒါပေမဲ့ လာမီယာက ပြန်မပြောပါဘူး။ ရှောင်ချိုက်ရဲ့ သီလအလင်း နဲ့ ပေါင်းစပ်ပြီးနောက်မှာ သူမ အောက်မှာ ရှိနေတဲ့ ဝေလငါးက အတောင်ပံတစ်စုံ ထွက်လာတယ်။ ကောင်းကင်ပေါ်မှာတော့ တိုက်သင်္ဘော ၈၈၈ က ရှောင်ချိုက် နဲ့ လာမီယာကို ပစ်ဖို့ ချိန်လိုက်တယ်။ အမြှောက်ရဲ့ အလင်းတွေက နောက်ဆုံးအဆင့်ထိ စုစည်းပြီး ပစ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ လာမီယာက ကိုယ်ကိုကွေးညွှတ်ကာ ရှောင်ချိုက်နဲ့ လူသားပုံစံ ပုံရိပ်ယောင် မိန်းကလေးကို ဖက်ထားလိုက်တယ်။ နောက်တော့ ရှောင်ချိုက် ရဲ့ ကိုယ်ပေါ်မှာ အသင်းဖော်ပုံရိပ်ယောင်အလင်းလွှာ တစ်ခု ပေါ်လာတယ်။ ပြီးနောက် အလင်းလွှာတွေ က ဖြန့်ကျက်သွားတယ်။ အလင်းလွှာတွေက ရူဟန် နဲ့ ရှီလျှူ တိုိ့ကိုပါ ဖုံးလွှမ်းသွားတယ်။ စီနီယာအဖြူက အမှတ်မထင် သူ့ရဲ့ တည်နေရာစွမ်းအားတွေကို ထုတ်သုံးကာ လေထဲကို ခုန်လိုက်တယ်။ တူညီစွာပဲ မြောက်ပိုင်းအင်ပါယာ က တည်နေရာစွမ်းအင်တွေကို အသုံးပြုပြီး လေထဲကို ရောက်ရှိသွားတယ်။ စိနီယာအဖြူ နဲ့ မြောက်ပိုင်းအင်ပါယာ တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နားလည်စွာနဲ့ ခေါင်းညိတ်ပြလိုက်ကြတယ်။ စီနီယာအဖြူက ကြယ်ပျံဓားကို ထုတ်သုံးကာ သင်္ဘောနံပါတ် ၈၈၈ ကို ပစ်မှတ်ထားလိုက်တယ်။ မြောက်ပိုင်းအင်ပါယာ က ရှောင်ချိုက် နဲ့ ရူဟန်တို့ကို ပစ်မှတ်ထားလိုက်တယ်။ ကောင်းကင်ဘုံကပ်ဘေး ပြောင်းလဲသွားချင်းချင်းမှာပဲ အဖြူက ကောင်းကင်ဘုံကပ်ဘေး နှောင့်နှေးသွားအောင် ပြုလုပ်မှာ ဖြစ်ပြီး မြောက်ပိုင်းအင်ပါယာက တခြားသူတွေရဲ့ အသက်ကို ကယ်တင်မှာပါ။ အောက်မှာတော့ ... "စီနီယာအဖြူ ကောင်းကင်ပေါ် တက်သွားပြီ။" ရူဟန်က ပြောလိုက်တယ် "သူက အခြေအနေဆိုးကို ရှောင်ချင်တာ ဖြစ်မယ်။ ရှောင်ချိုက် ထုတ်လွှတ်လိုက်တဲ့ အဖော်ပုံရိပ်ယောင်အလင်းလွှာတွေကို ရှောင်ချင်လို့ ကောင်းကင်ပေါ်ကို တက်သွားတာ ဆိုတော့ ငါတိ့ ရဲ့လက်ရှိအခြေအနေက မကောင်းဘူးလို့ ပြောရမယ်" ရှီလျှူ က သူမ ကိုယ်ပေါ်က အလင်းလွှာကို ကြည့်ရင်း ပြောလိုက်တယ် "ဘယ်လိုမကောင်းတာလဲ" ပြောနေတုန်းမှာပဲ ရှစ်က ရုတ်တရက် အော်လိုက်တယ် "အမ်..အာ" ခဏလောက်ကြာတော့ အလင်းလွှာတွေ တောက်ပနေတဲ့ ရှစ်က ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ အခြေအနေကို ရောက်ရှိကာ တစ်ကိုယ်လုံးက ဖြည်းညှင်းစွာ နဲ့ လှုပ်ရမ်းလာတယ်။" ချက်ချင်းပဲ ရူဟန် နဲ့ ရှီလျှူ တို့က ခြေထောက်တွေ ပေါ်မှာ ဖိအားတွေသက်ရောက်လာတာကို ခံစားမိလိုက်ကြတယ်။ သူတို့ ဒူးခေါင်းတွေက အလိုလို ပျော့ခွေသွားပြီး ဆောင့်ကြောင့် ထိုင်မိကြတော့မယ်။ "လေထဲကို ပျံလိုက်" ရူဟန်က အော်လိုက်တယ်။ စီနီယာအဖြူ နဲ့ မြောက်ပိုင်းအင်ပါယာ တို့ လေထဲကို ပျံတက်သွားတာက အလင်းလွှာတွေကို ရှောင်ချင်လို့ မဟုတ်လား။ ရှီလျှူက ဓားကို ထုတ်ယူပြီး ကောင်းကင်ပေါ်ကို တက်သွားတယ်။ ရူဟန်က သူ့ရဲ့ အားနည်းနေတဲ့ ခြေထောက်တွေကို အသုံးပြုကာ ရှစ်ဘေးနားကို သွားလိုက်တယ်။ ပြီးနောက် သူမကို ချီကာ ရတနာဓားမော့ပေါ်တင်ပြီး ကောင်းကင်ပေါ် တက်လိုက်တယ်။ ရူဟန်က မြင့်သထက် မြင့်အောင် ပျံလိုက်တယ်။ စီနီယာအဖြူ ဆီကို ပျံတက်သွားပြီးတဲ့နောက် သူ့ကိုယ်ပေါ်ရှိ အလင်းလွှာတွေက ပျောက်ကွယ် သွားတာကို ခံစားမိလိုက်တယ်။ ဒါပေမဲ့ သူ့ဘေးနားမှာ ရှိနေတဲ့ ရှစ်က အလင်းလွှာတွေနဲ့ လုံးဝ ချိတ်ဆက်နေတယ်။ ဒါကြောင့် လေထဲမှာ ရှိနေတာတောင်မှ ရှစ်က ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ ပုံပန်းသွင်ပြင် နဲ့ ဖြစ်နေတယ်။ သူမ က စည်းချက်ကျနစွာ လှုပ်ရမ်းနေတယ်။ အရိုးသားဆုံး ပြောရရင် ရှစ်က အခုလို ပုံစံ နဲ့ အရမ်းချစ်ဖို့ ကောင်းတယ်။ ဒါကို မြင်ရင် လူတွေက သူမကို ခိုးပြေးကာ မွေးစားကြဖို့တောင် စဉ်းစားမိကြမှာ သေချာတယ်။ ဘိုင်ဇူးက ရူဟန်ကို ကြည့်ကာ မေးလိုက်တယ် "မင်းရဲ့ လာမီယာက ဘာလုပ်တာလဲ" ရူဟန်က နာနာကျင်ကျင် ပြုံးလိုက်မိတယ် "သူမက ရှောင်ချိုက် နဲ့ ပူးတွဲပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့တာပဲ။ ဒါပေမဲ့ သူမ ဘာလုပ်ချင်တာလဲ ဆိုတာ တော့ ငါမသိဘူး" ရှစ် က မျက်စိတွေ ပေကလပ် ပေကလပ် နဲ့ မေးလိုက်တယ် "စီနီယာအစ်ကိုစွန်း .. ငါ ဘယ်အချိန်ထိ ဒီလိုမျိုး လှုပ်နေမှာလဲ" ရူဟန်က ပြန်ဖြေလိုက်တယ် "ဖြစ်နိုင်တာက .. ရှောင်ချိုက် လျှို့ဝှက်နည်းစနစ် ထုတ်သုံးတဲ့ အထိပေါ့" "အွန်း" ရှစ် က ချစ်စဖွယ် ပြန်ပြောရင်း ဆက်လက် လှုပ်ခါနေတယ်။ ရှီလျှူက ပြောလိုက်တယ် "ဟေး.. ကြည့် .. ရှောင်ချိုက် ရဲ့ အလင်းလွှာက ဆက်ပြီး ကျယ်ပြန့်လာတယ်။" ရှောင်ချိုက် ရဲ့ မူလ ခန္ဓာကိုယ် စွမ်းအင်အရ သူမ စွမ်းအင် အကုန်လုံးကို ထုတ်သုံးရင်တောင်မှ ဒီလိုမျိုးကျယ်ပြန့်လာမှာ မဟုတ်ဘူ။ ဒါက လာမီယာ လုပ်နေတာပဲ ဖြစ်တယ်။ ဘိုင်ဇူးက ပြောလိုက်တယ် "ငါ့ရဲ့ အင်မော်တယ်ဂူ နားမှာ မြို့သေးလေး တစ်ခုရှိတယ်။ အလင်းလွှာတွေ ဆက်ပြီး ကျယ်ပြန့်သွားမယ် ဆိုရင် သာမာန်လူတွေကို ထိခိုက်မိကုန်နိုင်တယ်" ဒါကို ကြားတော့ မြောက်ပိုင်းအင်ပါယာ က လက်ကိုဆန့်တန်းပြီး အော်လိုက်တယ် "ဒေါက်တိုင်တစ်ရာ စည်းနည်းစနစ်" လေထဲမှာ အအေးစွမ်းအင်တွေက စုဝေးသွားတယ်။ ကောင်းကင်ပေါ်ကနေ မီတာတစ်ရာလောက် ရှည်တဲ့ ရေခဲတိုင်ကြီး တစ်ထောင် လောက် ကျဆင်းလာပြီး အင်မော်တယ်ဘိုင်ဇူး ရဲ့ ဂူ တစ်ခုလုံးကို စည်းခတ်လိုက်တယ်။ "ဒါဆိုရင် စည်းနည်းစနစ် က အလင်းလွှာတွေ ချဲ့ထွင်လာတာကို တားဆီးနိုင်လိမ့်မယ်။ .. မင်းတို့ ပူစရာ မလိုတော့ဘူး။ ကောင်းကင်ဘုံ ...." မြောက်ပိုင်းအင်ပါယာ က ပြောလို့မပြီးသေးခင်မှာဘဲ ရှောင်ချိုက် ထုတ်လွှတ်လိုက်တဲ့ အလင်းလွှာတွေက သူ့ရဲ့ စည်းကို ဘာမှမဟုတ်သလိုမျိုး ထိုးဖောက်သွားတာကို မြင်လိုက်ရတယ်။ စည်းနည်းစနစ်ကို ချိုးဖောက်ပြီးတဲ့နောက် အလင်းလွှာတွေရဲ့ အမြန်နှုန်းက ပိုတိုးလာတယ်။ ချက်ချင်းဆိုသလိုပဲ အင်မော်တယ် ဘိုင်ဇူး ပြောတဲ့ မြို့လေး ဆီကို ဦးတည်သွားတော့တယ်။ ရူဟန်က ပြောလိုက်တယ် "မကောင်းတော့ဘူး။ ရှေ့မှာ ကားတွေ သွားလာနေတဲ့ အဝေးပြေးလမ်းတစ်ခု ရှိတယ်။ ယာဉ်မောင်းတွေသာ ခေါင်းပေါ်လက်တင်ပြီး ဝပ်ကုန်ရင် ဘယ်လိုဖြစ်မလဲ။" သာမာန်လူတွေမှာ ဒေါင်ဖန်းခြောက် လို ကားမျိုးမရှိပါဘူး။ ကားမတော်တဆမှု ဖြစ်ရင် သေကြတာ များတယ်။ "ငါ လုပ်လိုက်မယ်" စီနီယာအဖြူက တည်နေရာကို ဖြတ်သန်းပြီး အဝေးပြေးလမ်း အထက်ကို ရောက်သွားတယ်။ ဒါပေမဲ့ စီနီယာအဖြူ လှုပ်ရှားမှု မပြုလုပ်ရသေးခင်မှာပဲ အလင်းလွှာတွေက အဝေးပြေးလမ်းကို ဖြတ်သန်းကာ မြိုဆီကို ရောက်သွားခဲ့တယ်။ ကားထဲမှာရှိတဲ့ ယာဉ်မောင်းတွေက ခေါင်းပေါ်လက်တင်ပြီး ဝပ်နေတဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်မလာကြပါဘူး။ အဲအစား နွေးထွေးပြိး သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရတယ်။ အချိန်အကြာကြီး ကားမောင်းထားလို့ ပင်ပန်းနေတဲ့ ယာဉ်မောင်းတွေကလည်း ပင်ပန်းမှု တွေပျောက်ကွယ်သွားတယ်။ စီနီယာအဖြူ က ရပ်လိုက်တယ်။ ကြည့်ရတာ သူမလိုတော့တဲ့ပုံပါပဲ။ အလင်းလွှာက မြို့ဆီကို ဆက်သွားနေတယ်။ မြို့ထဲက ကခုန်နေတဲ့ အဒေါ်ကြီးတွေ ရှိတဲ့ ရင်ပြင်ကြီးဆီကိုပါ ရောက်ရှိသွားခဲ့တယ်။ ပုံမှန်ဆိုရင် ဒီလို ကိုယ်လက်လှုပ်ရှား ကခုန်တာမျိုးက မနက်ခင်း ဒါမှမဟုတ် ညနေခင်းမှာ ပြုလုပ်ကြတာပါ။ ဒါပေမဲ့ ပြည်ထောင်စုနေ့ မှာ အကပြိုင်ပွဲ ပြုလုပ်ဖို့ ရှိတာကြောင့် လူတိုင်းက လာရောက် လေ့ကျင့်နေကြတယ်။ ဒီအချိန်မှာတော့ ဂီတသံက ထိပ်ဆုံးကို ရောက်နေပြီ ဖြစ်တယ်။ [ဂီတ] 'ငါး .. မင်းက ငါးလေး .. ဖြေးဖြေးကူးလိုက် ။' နေ့လည်ပိုင်းကြီးမှာ အဒေါ်ကြီးတွေက ပျော်ရွှင်စွာ လေ့ကျင့်နေတယ်။ ဒီအချိန်မှာတော့ အလင်းလွှာက ရင်ပြင်ကို ရောက်ရှိလာတ်ယ။ သီချင်းနဲ့ အတူ ကနေတဲ့ အဒေါ်ကြီးတွေက ရုတ်တရက် တုန်ခါသွားတယ်။ ပြီးနောက် သူတို့ အားလုံးက ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ [ဂီတ] 'လေးရာသီ ပြီးတဲ့နောက် ကြာပန်းတွေကတော့ မွှေးပျံ့နေတုန်း။ ရေလယ်မှာ မင်းကို စောင့်ဆိုင်းလျှက်' အဒေါ်ကြီးတွေက ခေါင်းပေါ်လက်တင် လိုက်တယ်။ ကြည့်ရှုနေကြသူတွေက ဒီလိုခေါင်းပေါ်လက်တင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်တာက ကကွက် ထဲမှာ ပါဝင်တဲ့ သရုပ်ပြကွက်လို့ထင်မှတ်နေကြတယ်။ လူတော်တော်များများက ချီးကျုးလိုက်ကြတယ် "ကောင်းတယ်။ ဒီကကွက်က ကြည့်ကောင်းတယ်" အဒေါ်ကြီးတွေက ဆွံ့အသွားတယ်။ [ဂီတ] 'ငါက ကြာကန်ထဲက ငါးကလေး .. တောက်ပတဲလမင်း ကြီး ပေါ်လာသည်အထိ .. မင်းကို စောင့်ရင်း' ပြီးနောက် အဒေါ်ကြီးတွေက ခေါင်းပေါ်လက်တင်ကာ ဆောင့်ကြောင့်ထိုင်ရင်း ခေါင်းတွေကို စည်းချက်ကျကျ လှုပ်ရမ်းနေတယ်။ ဒီမြင်ကွင်းကတော့ ကြည့်ရဆိုးဝါးလှတယ်။ ပရိသတ်များ "........" ❄️❄️❄️ အလင်းလွှာတွေက ရင်ပြင်ကို ဖြတ်သန်းပြီးတဲ့နောက် မြို့အတွင်းပိုင်းကို ဝင်ရောက်သွားတယ်။ ထူးဆန်းလှစွာပဲ ပရိသတ် သုံး၊လေးယောက်လောက်က အဒေါ်ကြီးတွေ လိုပဲ ခေါင်းပေါ်လက်တင်ကာ ဆောင့်ကြောင့်ထိုင်ရင်း စည်းချက်ကျနာစွာ လှုပ်ရမ်းနေကြတယ်။ အလင်းလွှာတွေက လူရွေးချယ်ပြီး လွှမ်းမိုးသွားပုံပေါ်တယ်။ ရင်ပြင်နဲ့ မနီးမဝေးမှာတော့ ကြီးမားတဲ့ ဟောခန်းကြီးရှိတယ်။ အားလပ်မှာ အနားမယူချင်တဲ့လူတစ်ချိုက က ရှိနေပါတယ်။ သူတိူ့က ဒီဟောခန်းကို လာပြီး တရားဟောဆရာတွေရဲ့ မိန့်ခွန်းကို လာရောက်နားထောင်ကြတယ်။ မိန့်ခွန်းပြောဆိုသူ တွေက မိန့်ခွန်းပြောပြီးတဲ့နောက် ဆယ်မိနစ် အနားယူကြတယ်။ အောက်က နားထောင်နေတဲ့ ပရိသတ်တွေက တော့ လက်ရှိမှာ နေ့လယ် လည်း ရောက်နေတာမို့ ပင်ပန်းနေကြတယ်။ တစ်ချို့က ဗိုက်ဆာနေကြတာဖြစ်တယ်။ ဒီအချိန်မှာပဲ အလင်းလွှာက ဟောခန်းမ ကို ဖြတ်သန်းသွားတယ်။ ပင်ပန်းနေတဲ့လူတွေ အားလုံးက လန်းဆန်းသွားကြတယ်။ မိန့်ခွန်းပြောတာကနေ ခဏ အနားယူနေတဲ့ လူက ချက်ချင်းပဲ မတ်တပ်ရပ်လိုက်တယ်။ အခ်ျိန်အကြာကြီး ထိုင်နေခဲ့လို့နေမယ်။ မတ်တပ်ရပ်လိုက်ချိန်မှာတော့ ကိုယ်ဟန်ချက် ပျက်သွားတာမို့့ မနည်းပြန်လည် ထိန်းလိုက်ရတယ်။ ပြီးနောက် ထိုသူ က ဆောင့်ကြောင့်ထိုင်ပြီး လက်ကို ခေါင်းပေါ် တင်လိုက်တယ်။ နောက်ဆုံးမှာတော့ စည်းချက်ကျကျ လှုပ်ခါနေတော့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Où les histoires vivent. Découvrez maintenant