အပိုင်း (၁၁၂၂)

95 24 0
                                    


#Unicode


ယုတ္တိမတန်တဲ့ ဒရမ်မာတွေ အရမ်းမကြည့်နဲ့။

ရူဟန်က မေးလိုက်တယ် "မင်းက ဓားနည်းစနစ် ကို သင်ယူမှာ မဟုတ်ဘူးလား"

ကြက်သွန်လေး က ပြန်မေးလိုက်တယ် "ငါ က ဘာကြောင့် ဓားနည်းစနစ် ကို သင်ယူရမှာလဲ'

ရူဟန်က သက်ပြင်းချပြီး ပြောလိုက်တယ် "တွေးကြည့်လိုက်စမ်း .. မင်းသာ ဓားနည်းစနစ် ကို သင်ယူနိုင်ခဲ့ရင် ဘယ်လောက် ကြည့်ကောင်းလိုက်မလဲ။" သူက ဓားနည်းစနစ်ကို သင်ယူဖို့ ပါရမီ မပါဘူး ဆိုပေမဲ့ သူ့နားက လူတွေကိုတော့ ကြည့်ကောင်းလှတဲ့ ဓားနည်းစနစ် သင်ယူဖို့ မျှော်လင့်မိနေတယ် ။

ကြက်သွန်လေးက မျက်စိလည်သွားတယ် "ငါက လွတ်လပ်မှု ရတဲ ့အထိ မင်းဘေးနားမှာ နေရမယ်။ ဓားနည်းစနစ် ပါရမီမှာ သုံည ပါရမီပဲ ရှိပြီး ဓားမော့နည်စနစ်ကို သင်ယူရာမှာတော့ အတွေ့အကြုံ ရှိပြီးသားဖြစ်တဲ ့မင်းဘေးနားမှာ နေပြီးတော့ ငါ့ကို ဓားနည်းစနစ် သင်ယူစေချင်တယ်တဲ့လား။ ပြီးတော့ မင်းဆီမှာ ဓားမော့ဆန္ဒကြာပန်းစေ့ ပဲ ရှိတာလေ။ ဓားဆန္ဒကြာပန်းစေ့ ရှိလို့လား။ မင်းသာ ငါ့နေရာမှာဆိုရင် ဓားမော့ နည်းစနစ် ကို ရွေးမလား၊ ဓားနည်းစနစ် ကို ရွေးမှာလား။"

ရူဟန်က ယုံကြည်ချက်ရှိရှိ ပြောလိုက်တယ် "ဓားနည်းစနစ်"

"မင်းကတော့ မရတော့ဘူး" ကြက်သွန်လေး က ပြောလိုက်တယ် "ကျင့်ကြံသူတွေ အတွက် အားအင်ကသာ အရာအားလုံးဖြစ်တယ်။ ကြည့်ကောင်းမှု ဆိုတာ အချက်အလက် သက်သက်ပဲ။ ငါ့ကို ကြည့် . .. ငါက ကြည့်ကောင်းပြီး လှပတယ် မဟုတ်လား။ ဒါပေမဲ့ အားအင်မှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် အရိုက်နှက်ခံပြီးူ အရွယ်အစား လျော့ချခြင်း အိတ်ထဲ ရောက်နေရတယ်လေ။ မင်း ဘယ်လောက်ပဲ ကြည့်ကောင်းချောမော၊ ချောမော .. လုံလောက်တဲ့ အားအင်မရှိရင် ဘာအသုံးကျမှာလဲ"

ရူဟန် "....."

ကြက်သွန်လေးက ဆက်ပြောလိုက်တယ် "ဒါနဲ့ .. မင်းဖုန်းလာနေတယ်"

ရူဟန်က မေးလိုက်တယ် "ဖုန်းက ဘယ်မှာလဲ"

"ဒီမှာလေ" ကြက်သွန်လေးက ပြောပြီး ရူဟန် ဆီ ဖုန်းကို ကမ်းပေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tahanan ng mga kuwento. Tumuklas ngayon