အပိုင်း (၁၁၄၈)

93 22 0
                                    


#Unicode


စီနီယာရှန့်ကုန်း .... ခေါင်းပေါ်လက်တင်ပြီး ဝပ်နေကြည့်ပါလား။

နောက်ဆုံးစကားကို ပြောနေတုန်းမှာပဲ စီနီယာရှန့်ကုန်းက ကိုးစီရင်စုက တာအိုရောင်းရင်တွေကို သတိပေးဖို့ မမေ့ခဲ့ပါဘူး။

သူက အလောတကြီး ပြောလိုက်တယ် "နျုကလီးယားဗုံး နဲ့ ရင်မဆိုင်ခင်မှာ ငါက ကောင်းကင်ဘုံကပ်ဘေး ရဲ့ လှိုင်းတော်တော်များများကို ကျော်ဖြတ်ခဲ့ရပြိးပြီ။ လျှပ်စီး ၊ မီး ၊ သတ္တု တွေအားလုံးက F 22 တိုက်လေယာဉ်တွေ နဲ့ တခြား ငါမသိတဲ့ လေယာဉ် အမျိုးအစားတွေ အဖြစ်ပြောင်းလဲသွားတယ်။ ဒီအရာတွေက ငါ့ခေါင်းပေါ်မှာ ပျံသန်းတွေ ဗုံးတွေကြဲချ နေတယ်။ ဒါက လုံးဝ အိမ်မက်ဆိုးကြီးပဲ။ ငါက ကောင်းကင်ဘုံကပ်ဘေး အတုကို ကျော်ဖြတ်နေတာလား လို့ တောင် ထင်မှတ်မိတယ်။ ဒီအိမ်မက်ဆိုးကြီးကနေ မြန်မြန်နိုးဖို့ မျှော်လင့်တယ်"

"ဒါကြောင့် မကြာခင် ကပ်ဘေးကျော်မယ့် တာအိုရောင်းရင်းတွေ ဒီကိစ္စကို သတိချပ်ကြပါ"

ကျောင်းတော်သား ရှန့်ကုန်း က တည်ငြိမ်စွာနဲ့ ပြောလိုက်တယ် "အချိန်ပြည့်ပြီး ငါ့ခေါင်းပေါ်က နျုကလီးယားဗုံးက ပုံသဏ္ဍာန် ဖြစ်တည်လာပြီ။ ဒီတစ်လှိုင်းက ငါ့အတွက် နောက်ဆုံးပဲလို့ ခံစားမိတယ်။ ခင်မင်ရတဲ့တာအိုရောင်းရင်းတို့ .. ကျင့်ကြံခြင်းလမ်းကြောင်းက အဆုံးမဲ့တယ်။ ဒါပေမဲ့ ကြည့်ရတာ ငါအရင်သွားနှင့်ရတော့မယ့်ပုံပဲ"

ဒီအချိန်မှာတော့ မြောက်ပိုင်းမြစ်က အသံမက်ဆေ့ ပို့လိုက်တယ် "ကျောင်းတော်သား .. ကောင်းကင်ဘုံကပ်ဘေး ခေတ်သစ်ကပ်ဘေး ဖြစ်သွားတာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ငါတို့ သိပြီးသား။ ထပ်ပြောရရင် ငါတို့ သိတဲ့ အားအကောင်းဆုံးလက်နက်က ဟိုက်ဒရိုဂျင်ဗုံးပဲ။ အဲတာရဲ့ စွမ်းအင်အဆင့်က အဆင့်ရှစ် ထိပ်ဆုံးထိ ရှိပြီး ကြောက်စရာကောင်းလွန်းတယ်။"

ကျောင်းတော်သားရှန့့်ကုန်း "........." မင်းက အစောကတည်းက သိပြီးသားလား။

မြောက်ပိုင်းမြစ်က ဆက်ပြောလိုက်တယ် "ခေတ်သစ်ကပ်ဘေး အကြောင်းကို သိပြီးတဲ့နောက် ငါမင်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မင်းက အဲအချိန်မှာ ကပ်ဘေးကျော်နေပြီ"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tempat cerita menjadi hidup. Temukan sekarang