အပိုင်း (၁၁၂၈)

93 26 0
                                    


#Unicode


တာအိုရောင်းရင်း .. ကျေးဇူးပြုပြီး နေပါအုန်း။

ရူဟန်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်ကျိုက်လိုက်ပြီး မေးလိုက်တယ် "တာအိုရောင်းရင်း .. မင်းဘယ်လိုထင်လဲ"

ခပ်ချောချော နိုင်ငံခြားသားက အတွေးနက်သွားတယ်။ သူက ရူဟန် ရဲ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေပါဘူး။

အခုချိန်မှာ ဓားမော့ဆန္ဒက ကောင်းကင်ကြီးကိုပါ ဖြတ်တောက်သွားလောက်ပုံပေါက်ပြီး သူ့အရေပြား ကတောင်မှ ဒါကိုခံစားမိစေတယ်။ ဓားမော့ဆန္ဒက အလွန့်ကို ထက်မြက်တယ်။ သူက ဒါကို ဝန်ခံရမယ်။ သူတော်စင် ဗိုလ်ကျသူစွန်း က ခုခံခြင်း နဲ့ တိုက်ခိုက်ခြင်း ကို တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်နိုင်ခဲ့တယ်။

သူ့ရော ချပ်ဝတ် ဆန္ဒတိုက်ခိုက်မှု ကို ကြိုးစားကြည့်သင့်လား။

ဒီအကြံ ထွက်လာတာနဲ့ တပြိုင်နက် သူက ချက်ချင်းပဲ စဉ်းစားတာကို ရပ်လိုက်တယ်။

တိုက်ခိုက်မှု နဲ့ ခုခံမှု ကို ပေါင်းစပ်ခြင်းက သူတော်စင် ဗိုလ်ကျသူစွနး် ရဲ့ လမ်းစဉ်ပဲ။ သူ့လမ်းစဉ် မဟုတ်ပါဘူး။ သူက ကိုယ့်လမ်းစဉ် ကို အာရုံစိုက်ရမယ်။

ဒီအချိန်မှာပဲ ရှီလျှူက လက်ဖက်ရည်အိုးကို ကိုင်ကာ မတ်တပ်ရပ်ြ့ပီး ရူဟန် နဲ့ ခပ်ချောချော နိုင်ငံခြားသားတို့ကို လက်ဖက်ရည် ဖြည့်ပေးလိုက်တယ်။

နိုင်ငံခြားသားက လက်ဖက်ရည်ကို သောက်ပြီး သက်ပြင်းချလိုက်တယ် "သူတော်စင် ဗိုလ်ကျသူစွန်း .. မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ တိုက်ခိုက်မှု နဲ့ ခုခံမှုကို ပေါင်းစပ်လိုက်တဲ ့စိတ်ကူးစိတ်သန်း က တကယ့်ကို ပြိုင်စံရှားတယ်။"

ဒါပေမဲ့ သူတော်စင် ဗိုလ်ကျသူစွန်း ရဲ့ ခုခံခြင်း နဲ့ တိုက်ခိုက်ခြင်း ဓားမော့ဆန္ဒ က သူ့ကို လုံးဝ မကျရှုံးစေးပါဘူး။ သူတော်စင် ဗိုလ်ကျသူစွန်း ရဲ့ အတွေးအခေါ်မှာ တစ်ခုခု လိုအပ်နေတယ်လို့ သူခံစားမိနေတယ်။ ဒါက ဟန်ချက်ညီတဲ့ ပုံရိပ်ယောင် တစ်ခု သာသာ ပဲ ဖြစ်နေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Opowieści tętniące życiem. Odkryj je teraz