အပိုင်း (၁၁၆၃)

102 27 0
                                    


#Unicode


ငါ့အင်မော်တယ်အရိုးက ကွဲပြားတဲ့ အရာတစ်ခုတော့ မဟုတ်လောက်ဘူးမလား။

သူ့ရဲ့မူလဒန်ထျန် ဆီမှ ပြည့်ဝတဲ့ခံစားချက်ကို ရူဟန်က ခံစားလိုက်ရတယ်။ ဝေလငါးဝကြီး ပုံရိပ်ယောင် အမြူတေ က ပိုပိုပြီး ကြီးမားလာတယ်။ ကြည့်ရတာ ဒန်ထျန် တစ်ခုလုံးကို ပြည့်သွားတော့ မတတ်ပါပဲ။

သူတော်စင်ချီကွားက သူတော်စင်အဆင့် ထိပ်ဆုံးကျင့်ကြံသူ တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်စွန့်ခွာခြင်း အခမ်းအနား မှာ စွမ်းအင်တွေက ပမာဏ များပြားစွာ ထွက်ပေါ်နေတယ်။ ပြီးတေ့ သူ့ရဲ့ အထူးကျင့်ကြံခြင်းနည်းစနစ်ကြောင့် စွမ်းအင်တွေက အလွန့်ကို သန့်စင်နေတယ်။

အဆင့်လေးအတွင်း အကောင်းဆုံး အခြေခံကို ရူဟန်ကို ပေးနိုင်ဖို့ မြောက်ပိုင်းအင်ပါယာက သူတော်စင်ချီကွားဆီမှ စွမ်းအင်အများအပြားရရှိမယ့်နေရာမှာ နေရာ ချပေးထားတာ ဖြစ်တယ်။

ဒါကြောင့် အစီအရင်ကို အသက်သွင်းြ့ပီး အသက်ရှုရှိုက်စာ အနည်းငယ် အတွင်းမှာပဲ ရူဟန် ရဲ့ ဝေလငါးဝကြီး အမြူတေ က စိတ်ဝိညာဉ်စွမ်းအင် ပမာဏ အများအပြားကို ရရှိခဲ့ပြီုဖစ်တယ်။ ဒါက သူတော်စင်စည်း ထောက်ပံ့မှုနဲ့ အတူ လေ့ကျင့်မယ်ဆိုရင်တောင်မှ လတော်တော်များများ လေ့ကျင့်မှရမယ့် ပမာဏမျိုးပါ။

ဝေလငါးဝကြီး ပုံရိပ်ယောင် အမြူတေ က ဘောလုံးလို ဖောင်းကြွလာပြီး မူလဒန်ထျန် တစ်ခု လုံးကို ပြည့်တော့မလိုပါပဲ။

ရူဟန်က ဗိုက်ပြည့်သလို ခံစားလိုက်ရတယ်။ သူက သေးပေါက်ချင်သလိုပဲ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ ဒီလိုခံစားမိတယ် ဆိုတာ တော်တော်တော့ ကြောင်တောင်တောင် နိုင်လှတယ်။

ဟုတ်ပါတယ်။ ဒီခံစားချက်က ရူဟန် ရရှိနေတဲ့ က စိတ်ပိုင်းဆိုင်ရာအထင်အမြင် ခံစားမှုမျိုး ဖြစ်တယ်။

မူလဒန်ထျန် တည်နေရာက လူတစ်ယောက် ရဲ့ ဝမ်းဗိုက်အောက်ခြေနားမှာ ရှိတယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေ ကျင့်ကြံပြီးချိန်မှာတော့ သူ့ရဲ့ တည်ရှိမှုက ဆန်းပြားလာတယ်။ မူလဒန်ထျန် ရဲ သိုလောင်နိုင်မှုက စွမ်းအားတိုးတက်လာတာနဲ့ အမျှ ပိုမိုပြီး ကျယ်ပြန့်လာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Kde žijí příběhy. Začni objevovat