အပိုင်း (၁၁၈၁)

111 30 2
                                    


#Unicode


ရူဟန် ရဲ့ ကိုယ်ပွား - ရှောင်ချိုက်။

"အဆင်ပြေတယ်လား" ရူဟန်က အံ့အားသင့်စွာ နဲ့ ပြောလိုက်တယ်။

ကြည့်ရတာ ကြက်သွန်းလေးက အဆုံးမဲ့မျက်ရည် နည်းစနစ် ရဲ့ မျက်ရည်တွေ ထွက်မလာအောင် ထိန်းမနိုင်သိမ်းမရ နည်းစနစ် ရဲ့ ဒေါသတွေနဲ့ အတင်းဖိနှိပ်ထားပုံပေါ်တယ်။

ကြက်သွန်လေး က ဂုဏ်ယူစွာ ပြောလိုက်တယ် "အင်း .. ငါ ဒီနည်းလမ်းကို စမ်းသပ်တုန်းက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာလေ။ အဆုံးမဲ့မျက်ရည် နည်းစနစ် က အခု အဆုံးမမဲ့မျက်ရည် နည်းစနစ် အဖြစ် အဆင့်မြင့်တက်သွားပြီ။ ဟားဟား .. ပြီးတော့ ငါက ပါရမီရှင်လေ။ အား...အမ် ... ဟမ်"

နောက်တော့ ကြက်သွန်လေးက လုံးဝ ဒေါသထွက်တဲ့ အခြေအနေကို ရောက်ရှိသွားတယ်။

ရယ်ပြီးရင် ငိုရတယ်။ ဒီလိုပါပဲ။

ကြက်သွန်လေး ရဲ့ အညှောင့် က လုံးဝ ကို အနီရောင်ပြောင်းသွားတယ်။ သူမ မျက်လုံးတွေက အမြင်အာရုံတွေ မစုစည်းနိုင်တော့ပါဘူး။ သူမ ရဲ့ အသိစိတ်တွေက ပျောက်ကွယ်သွားတယ်။

"ဂါး...." သူမ က သားရဲတစ်ကောင်လို အော်လိုက်တယ် ... ဒါပေမဲ့ သူမ က ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်နေတယ် ဆိုပေမဲ့ သူမ ရဲ့ အသံက ချိုသာပြီး နားထောင်ရတာ ချစ်ဖို့ကောင်းနေတယ်။

ပြီးနောက် ကြက်သွန်လေးက ရူဟန်ဆီကို အရူးလို ပြေးဝင်လာတယ်။

ရူဟန် "........."

"အား...." ကြက်သွန်လေး က အော်လိုက်တယ်။ သူမ က လက်သီးကို ဆန့်ထုတ်ပြီး ရူဟန် ရဲ့ ညိုသကျည်းကို ထိုးနှက်လိုက်တယ်။

"ကလန်..ကလန်...ကလန်"

သံသံချင်း ထိမိသံတွေ ထွက်ပေါ်လာတယ်။

ကြက်သွန်လေး ရဲ့ သေးငယ်တဲ့ လက်သီး မှာ ဒုတိယအဆင့် အစစ်အမှန်ချီတွေ ပါဝင်နေပြီး အရင်ကထက်ပိုမို အာကောင်းလာတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ရူဟန် ရဲ့ ကိုယ်ခန္ဓာ အားအင်ကလည်း အရင်ကထက် ပိုပြီး အားကောင်းလာတယ်လေ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now