အပိုင်း (၁၁၇၆)

96 22 0
                                    


#Unicode


ငှက်မွှေးလေး ... တိုက်ရိုက်ထုတ်လွှင့်မှုက တကယ့်ကို စိတ်ဝင်စားစရာပဲ။

သူတော်စင်စည်း က တကယ်ပဲ ပျောက်ကွယ်သွားခဲ့တယ်။ ဒီလို ကိစ္စမျိုးကို စကြာဝဋ္ဌာတစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေက မမြင်ဖူးပါဘူး။

အတွင်းမိစ္ဆာကပ်ဘေး မှာ ကျရှုံးခဲ့တဲ့ သူတော်စင်တွေ တကယ်ပဲ ရှိမှာပါ။ ဒါပေမဲ့ ကျရှုံးသူတွေက ကံကြမ္မာပြပွဲမှာ ပေါ်မလာခဲ့ဖူးဘူး။ ဒါကြောင့် သူတော်စင်စည်း ပျောက်ကွယ်သွားခဲ့ရင်တောင်မှ စကြာဝဋ္ဌာ တစ်ခုလုံးရှိ ကျင့်ကြံသူတွေက ဒါကို မြင်နိုင်မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့ အခု သူတော်စင်အဖြူ ရဲ့ ကံကြမ္မာပြပွဲ ကြောင့် လူတိုင်းက ချန်ယွင်ဇီ ရဲ့ သူတော်စင်စည်း ပျောက်ကွယ်သွားခဲ့တာကို မျက်မြင် မြင်ခဲ့ရတယ်။

သူတော်စင်စည်း အလုံးစုံ ပျောက်ကွယ်သွားပြီးတဲ့နောက် စကြာဝဋ္ဌာတစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးက စိတ်နှလုံးထဲမှာ တင်းကျပ်သလို ခံစားလိုက်ရတယ်။

စည်းပျောက်ကွယ်သွားခဲ့ချိန်မှာ သူတို့စိတ်ထဲက တစ်စုံတစ်ခု ကလည်း ပျောက်ကွယ်သွားခဲ့တယ်။ သူတို့စိတ်ထဲမှာ ပုံနှိပ်ထားတဲ့ ချန်ယွင်ဇီ ဆိုတဲ့ နာမည်က ပျောက်ကွယ်သွားခဲ့တာဖြစ်တယ်။

ဒါကြောင့် နှစ်တစ်ထောင်အတွင်း တတိယသူတော်စင် ဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုကစပြီး ချန်ယွင်ဇီ က တတိယမြောက် သူတော်စင် အဟောင်းပဲ ဖြစ်ပါတော့တယ်။

ခဏလောက်ကြာတော့ စကြာဝဋ္ဌာ တစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးက ငြိမ်သက်သွားကြတယ်။

ချန်ယွင်ဇီ က သက်ပြင်းချလိုက်တယ်။ ဒါက သူ့ရဲ့ သေလမ်းရှာခြင်း အပြုအမူ ရဲ့ ရလဒ်ပဲ ဖြစ်တယ်။ အခု သူက ရှေ့ဆက်သွားဖို့ပဲ ကျန်ပါတော့တယ်။

ကံကောင်းစွာနဲ့ သူတော်စင်စည်း ပျောက်ကွယ်သွားခဲ့တယ် ဆိုပေမဲ့ သူက အဆင့်ခြောက် အစစ်အမှန် နတ်ဘုရား တစ်ယောက်ပဲ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now