အပိုင်း (၁၁၆၂)

95 25 0
                                    


#Unicode


ဝေလငါးဝကြီး ပုံရိပ်ယောင် အမြူတေ ပုံစံ။

မြောက်ပိုင်းအင်ပါယာ "....."

သူက 'မင်းငါ့ကို နောက်နေတာလား' ဆိုတဲ့ အမူအရာ နဲ့ ရူဟန်ကို စိုက်ကြည့်နေတယ်။

သူနဲ့ ချန်လင်းက ရှေးကောင်းကင်ဘုံမြို့ခေတ်ကတည်းက တစ်ယောက်ကို တစ်ယောက် သိကြသူတွေ ဖြစ်တယ်။

ပြီးတော့ မြို့ကြီးမပျက်ဆီးခင်အထိ သူမ နဲ့ အရမ်းကို ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူလည်း ဖြစ်တယ်လေ။

သူတို့ရဲ့ ဆက်ဆံရေးဘယ်လောက်ကောင်းသလဲ ဆိုရင် သူနေထိုင်တဲ့ ဆောင်းနှင်းမြူနန်းတော် တည်ဆောက်တုန်းက ချန်လင်းက ပါဝင်ကူညီခဲ့ပါသေးတယ်။ ထပ်ပြောရရင် သူ့အိမ်တည်ဆောက်ပြီးသွား တဲ့နောက်မှာ ချန်လင်းက တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရခဲ့တယ်။

ဒီလိုဆက်ဆံရေးမျိုးက သာမာန်သူငယ်ချင်းတွေ ဆိုတာထက် ပိုပါတယ်။ ရှေးကောင်းကင်ဘုံမြို့သာ မဖျက်ဆီးခံရရင် သူ နဲ့ ချန်လင်းက တာအိုလက်တွဲဖော်တောင်မှ ဖြစ်ရင်ဖြစ်နိုင်သေးတယ်။

ဒါပေမဲ့ ရှေးကောင်းကင်ဘုံမြို့ က ချန်လင်း ကြောင့် ပျက်ဆီးပြီးနောက်မှာ မြောက်ပိုင်းအင်ပါယာက သူမ အပေါ်ထားတဲ့ခံစားချက်တွေ ရှုပ်ထွေးနေတယ်။ အချစ် ၊ အမုန်း ဒွန်တွဲတည်ရှိနေတာဖြစ်တယ်။

ဒါကြောင့် ချန်လင်းဆီမှာ ရီစင့် ဆိုတဲ့ နာမည်နဲ့ သမီးတစ်ယောက် ရှိတယ် ဆိုတာကို ကြားတော့ါ မြောက်ပိုင်းအင်ပါယာ က အပြင်ပိုင်းမှာ ရယ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော်ကြီးကို ရှုပ်ထွေး သွားခဲ့ရတယ်။

ရှေးကောင်းကင်ဘုံမြို့ ဖျက်ဆီးခံရပြီးတဲ့နောက် သူတို့ကြားမှာ တခြားသော အကြောင်းအရာတွေ ဖြစ်ပေါ်မလာနိုင်တော့ဘူးဆိုတာ သိပေမဲ့ ချန်လင်း နဲ့ မျိုးရိုးနာမည်ရီ ဆိုတဲ့ သူ က သမီးတစ်ယောက် ရခဲ့တယ် ဆိုတာက မြောက်ပိုင်းအင်ပါယာ ရဲ့ စိတ်ထဲမှာ အကြိတ်အခဲ တစ်ခု လို ဖြစ်နေတယ်။

ဒါပေမဲ့ ချန်လင်းဆီမှာ အမွှာညီမ ရှိတယ်ဆိုတာကိုတော့ သူ တစ်ခါမှ မကြားဖူးပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now