အပိုင်း (၁၁၃၅)

96 23 0
                                    


#Unicode


မင်းသတ်နိုင်တယ်ဆိုရင် ဘာလို့ အချိန်ဖြူန်းနေတာလဲ။

ရှောင်ချိုက်က ပြောလိုက်တယ် "ဒီမှာကြက်သွန်လေး ရဲ့ အမြစ်ကျန်ခဲ့တာလား။ မွန်းစတားအပင်တွေ ကျင့်ကြံပြီးတဲ့နောက် မြေကြီးထဲက ထွက်ရင် အမြစ်တစ်ချို့ကျန်ခဲ့တယ်လို့ ကြာဖူးတယ်။ ဒါကြောင့် မွန်းစတား သစ်ပင်တွေ အင်မော်တယ်လှိုဏ်ဂူတည်ဆောက်မယ် ဆိုရင် သူတို့ အမြစ် ရှိတဲ့ နေရာမှာ တည်ဆောက်ကြတာ မဟုတ်လား"

ကြက်သွန်လေးက ခေါင်းခါယမ်းပြီး ပြောလိုက်တယ် "ငါဘာအမြစ်မှ မကျန်ရစ်ခဲ့ဘူး။ သေချာတယ်"

ရှစ်က မေးလိုက်တယ် "ကြက်သွန်လေး အတွက် တာအိုဘုန်းကြိး ကောင်းကင်နီ ချန်ထားရစ်တာ ဘယ်လို ရတနာမျိုး ဖြစ်နေမလဲ။ သူမကို အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက် ရောက်သွားစေနိင်တဲ့ ရှေးဆေးလုံးလိုမျိုးလား။

ရှီလျှူက ပြောလိုက်တယ် "ဒီကမ္ဘာပေါ်မှာ ဒီလိုဆေးလုံး ဘယ်ရှိမှာလဲ။ ရှိရင်လည်း စားတဲ့သူက သေနေလောက်ပြီ"

ကျင့်ကြံသူတွေက အဆင့်တစ်ခု တက်ရောက်တိုင်းမှာ ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်ရ ပါတယ်။ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက်ကို ရောက်ရှိစေတဲ့ ဆေးလုံးမျိုး ရှိမယ်ဆိုရင် ဆေးလုံးကို မြိုချပြိးတာနဲ့ ကပ်ဘေးဆင်းသက်လာပြီး သေဆုံးရမှာပါ။ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက် ကပ်ဘေးကျော် အစီအရင် ၊ နညး်စနစ် အသစ် တွေ သင်ယူနိုင်မှု စတာတွေက မရှိဘူးလေ။

ရူဟန်က ပြောလိုက်တယ် "ငါတို့ ဒီနားတဝှိုက်ကို တူးကြည့်ကြတာပေါ့။ ကြက်သွန်လေး မင်းဘာသာလုပ်လိုက်။ ပြိးတော့ တာအိုဘုန်းကြီး ကောင်းကင်နီ က မင်းဖို့ ချန်ထားခဲ့တာလေ

တာအ်ိုဘုန်းကြီး ကောငး်ကင်နီက ကြင်နာစွာနဲ့ နည်းစနစ် လေ့လာရာမှာ သူ့ကို ညွှန်ပြဖူးတယ်။ ဒါကြောင့် ရူဟန်က ကြက်သွန်လေး အတွက် ချန်ထားတဲ့ ရတနာကို ယူမှာ မဟုတ်ပါဘူး။

ကြက်သွန်လေး က အသက်ကို ပြင်းပြင်းရှုလိုက်တယ်။ ပြီးနောက် သူမ ခန္ဒာကိုယ်က ကြက်သွန်သေးလေးကနေ လူသားအရွယ် ကြက်သွန်ကြိး အဖြစ် ပြောင်းလဲသွားတ.်။ သူမက လူသားပုံစံ ပြောင်းဖို့ တော့ စိတ်မကူးသေးပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Kde žijí příběhy. Začni objevovat