အပိုင်း (၁၂၁၂)

113 24 0
                                    

#Unicode


မင်းဘာပြောတာလဲ။ ငါနားမလည်ဘ့ူး။

အနီရောင်ဝတ်စုံ နဲ့ ခေါင်းတုံးက သေဆုံးသွားခဲ့ပြီ ဖြစ်တယ်။ သူက ဝိညာဉ်ပါ ပျက်ဆီးသွားတာ ဖြစ်တယ်။ အခြေအနေ ကို ကြည့်ရတာ ဒီလူ့ဆီမှာ ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို အသုံးပြုမယ် ဆိုရင်တောင်မှ ဖြစ်လာနိုင်ဖို့ မရှိတော့ပါဘူး။

ရူဟန်က သက်ပြင်းချလိုက်တယ်။

ဒါက အဆင့်ကိုး ကျင့်ကြံသူ တစ်ယောက် ဖြစ်တယ် ဆိုရင်တောင်မှ သေတာက သေတာပါပဲ။

ဒီခေတ်ကြီးက အရမ်းကို အန္တရာယ်များတဲ့ ခေတ်ကြီး ဖြစ်ကြောင်း မြောက်ပိုင်းအင်ပါယာ က ပြောခဲ့တယ်။

ရူဟန်က ခေါင်းမော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်က ဒိုင်းကြိးကို မြင်လိုက်ရတယ်။ သူက စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်သွားတယ်။

ငါ ထပ်ပြီး အကဲဖြတ်လိုက်ရမလား။

သူက အရည်ပုံစံ နဲ့ ရှိနေတယ် ဆိုပေမဲ့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုချိန်မှာတော့ နာကျင်ပါသေးတယ်။

ပြီးတော့ နာကျင်မှုက စိတ်ဝိညာဉ်ကိုပါ နာကျင်စေတာလေ။ ဒါတောင်မှ အဆင့်ကိုး ကပ်ဘေးလွန် အဆင့်ကို အကဲဖြတ်ခဲ့တာ ဖြစ်တယ်။

သေချာတယ်။ လက်ရှိ သူ့အဆင့်နဲ့ အကဲဖြတ်နည်းစနစ်ကို ခဏလောက် ထပ်သုံးလို့ ရတော့မှာ မဟုတ်ပါဘူး။

ရူဟန် က မေးလိုက်တယ် "ဒါနဲ့ စီနီယာကောင်းကင်နီဓား .. ဒီပေါင်းစပ် မှော်ရတနာဒိုင်းအကြောင်းကို သိလား"

ကောင်းကင်နီဓား "ရှေး ကောင်းကင်ဘုံမြို့ခေတ် အစ သမိုင်းကို ငါမသိဘူး။ ငါက ဓားစိတ်ဝိညာဉ်ကို စုဖွဲ့မိချိန်မှာ ရှေးကောင်းကင်ဘုံမြို့ ခေတ်ဦး ပြီးသွားပြီ"

ရူဟန်က သူ့အသိစိတ်ကို အတွင်းကမ္ဘာဆီပု့ိပြီး လိပ်ကြီးဆီ သွားလိုက်တယ်။ စီနီယာလိပ် က တစ်ခုခု သိနိုင်တယ်လေ။

သူ့အသိစိတ် က ဆောင်းနှင်းမြူ နန်းတော်ကို ရောက်ချိန်မှာတော့ လိပ်ကြီး က ကြာပန်းသဏ္ဍာန် ထိုင်ပြီး ရေခဲဝိညာဉ်ဆေးလုံး သန့်စင်နေပြီး အရေးကြီးတဲ့ အချိန်ကို ရောက်နေမှန်း တွေ့လိုက်ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now