အပိုင်း (၁၀၈၉)

133 24 0
                                    

#Unicode


အဲတာကို ရိုက်လိုက်။

"မင်းက သူတော်စင်စည်းကို ထိန်းချုပ်တာ အားနည်းလွန်းတယ်" ကြိုးကြာဖြူ က ပြောလိုက်တယ် "ဒါပေမဲ့ တစ်ဖက်လူက မင်းထက ်စွမ်းအားနိမ့်ကျတယ် ဆိုရင်တော့ လွမ်းမိုးခံရတယ်"

"ဒါကြောင့် ငါပိုပြီး လေ့ကျင့်ဖို့ လိုတာပေါ့" ရူဟန်က သက်ပြင်းချလိုက်တယ်။

ဒါပေမဲ့ သူတော်စင်စည်းက တစ်ရက် ၊ နှစ်ရက် နဲ့ လေ့ကျင့်လို့ ရနိုင်တဲ့ အရာ မဟုတ်ပါဘူး။

ရူဟန်က သူတော်စင်စည်းကို သေချာမထိန်းချုပ်နိုင်ဘူးဆိုရင် ဒီရက်တွေ အတွင်းမှာ အပြင်ထွက်ဖို့ အစီအစဉ် မရှိပါဘူ။

... မဟုတ်ရင် ... သူ အပြင်ထွက်တိုင်း ခရီးထွက်လာတဲ့ အထူးဧည့်သည်တော်ကြီး တစ်ယောက်လို သာမာန်လူအားလုံက လာလာနှုတ်ဆက်နေမှာပါ။ ဒီခံစားချက်ကြီးက တော်တော်ကြီးကို ဆိုးရွားတယ်။ သူ့ကိုယ်သူ စီနီယာလှိုင်းသုံးခု လို့တောင်မှ ခံစားမိတယ်။

"ဒါက ငါ့ကို ခေါင်းကိုက်စေတယ်" ရူဟန် က သူ့ဂုတ်ပိုးကို ပွတ်လိုက်တယ်။ သူက သူတော်စင်စည်းရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါတွေကို ဖိနှိပ်ထားနိုင်ဖို့ ကြိုးစားနေတာပါ။ ဖိနှိပ်ထားနိုင်မယ် ဆိုရင် ဘာဖြစ်လာအုန်းမလဲ။

ရှောင်ချိုက်က မျက်စိတွေ ပေကလပ် ပေကလပ် ဖြစ်သွားတယ် "ဗို .. ဗိုက်.. ဆရာ"

ရူဟန် "....."

ရှောင်ချိုက်လည်း ဒီအစွမ်းတွေ သက်ရောက်နေတုန်းပါပဲ။ ဒါပေမဲ့ သူက ဗိုလ်ကျသူစွန်း ရဲ့ နာမည် အပြည့်အစုံ ကို မခေါ်မိပါဘူ။

ရှစ်က စဉ်းစားပြီး ထပ်ပြောလိုက်တယ် "ဗိုက်.. ဗိုက်ကြီးသည် .. စွန်း"

အရင်က အတိုင်းပါပဲ. သူမ က သူတော်စည်းရဲ့ လွှမ်းမိုးမှု ကို ခုခံဖို့ ကြိုးစားလေ ပိုပြီး သက်ရောက်မှုကို ခံရလေပါပဲ။

ရူဟန်က သက်ပြင်းချလိုက်တယ် "သူတော်စင်စည်းကို ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ ဆိုတာ မရိုးရှင်းဘူး"

မဖြစ်နို်င်ဘူးဆိုရင် ကျောင်းကနေ ခွင့်ရက်ရှည်ယူပြီး အချိန်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံမှ ဖြစ်မယ်။ အနည်းဆုံးတော့ သူတော်စင်စည်းကို အရင်ဆုံး ထိ်န်းချုပ်နိုင်မှ ဖြစ်မယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tahanan ng mga kuwento. Tumuklas ngayon