အပိုင်း (၁၁၆၁)

98 27 0
                                    


#Unicode


မင်းက ကြင်နာတတ်တဲ့တစ်ယောက်ပဲ။

မြောက်ပိုင်းအင်ပါယာ က ရှေးကောင်းကင်ဘုံမြို့ကတည်းက ရှိခဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူက ရှေ့ကောင်းကင်ဘုံမြို့ နတ်ဘုရားသားရဲဌာန နဲ့ ပတ်သက်ပြီး သိရှိတယ်။ အထူးသဖြင့် သူက ငဒူစွန်း နဲ့ တော်တော်ကြီး ရင်းနှီးတယ်လေ။

ရူုဟန်က နားထောင်ပြီးတော့ ပြုံးကာ ပြောလိုက်တယ် "ဒီလိုကိုး။ ဒါကြောင့် သူတော်စင်ချီကွားရဲ့ ပုံသဏ္ဍာန်က ငါ့ရဲ့ ပုံရိပ်ယောင် အမြူတေ နဲ့ တူတယ်လို့ ခံစားမိနေတာ အံသြစရာမ ဟုတ်တော့ဘူး"

သူတော်စင်ချီကွား က စိတ်ပျက်သလို ပြောလိုက်တယ် "ငါ့အသွင်သဏ္ဍာန်က မင်းရဲ ပုံရိပ်ယောင်အမြူတေ နဲ့ တူတယ်ဟုတ်လား။ တာအိုရောင်းရင်းစွန်း .. မင်းပြောသလိုဆိုရင် ငါက ဘောလုံးလို လုံးလုံးကြီး ဖြစ်နေတယ်လို့ ဆိုလိုတာလား"

ပုံရိပ်ယောင်အမြူတေ ဆိုတာက ရွှေရောင်အမြူုတေ အတွက် အခြေခံတစ်ခုပါ။ ပုံရိပ်ယောင် အမြူတေ ဆိုတာက စက်ဝိုင်းတစ်ခု ပုံစံ ဖြစ်တယ်။ တာအိုရောင်းရင်း ဗိုလ်ကျသူစွန်းက ငါ့ကို အရမ်းဝတယ်လို့ ပြောနေတာလား။

သူက ဝေလငါးဖြစ်တာကြောင့် အရွယ်အစားက ကြီးမားတယ်။ သူက နည်းနည်း ပြည့်တာပဲ ဖြစ်တယ်။ ဝတာတော့ လုံးဝ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာ ကောင်းလှစွာပဲ ရူဟန်က ပုံရိပ်ယောင်အမြူတေ အကြောင်းကို ပြောချိန်မှာ ချီကွားက ရူဟန်ကို အဆင့်လေးလို့ မထင်ပါဘူး။ အဆင့်လေးကျင့်ကြံသူဖြစ်ခဲတုန်းက ပုံရိပ်ယောင်အမြူတေ အကြောင်း ပြောနေတယ်လို့ ထင်နေတာပါ။ ပြီးတော့ ရူဟန် ရဲ့ အဆင့်က သူတော်စင်တစ်ယောက်ဖြစ်တယ်လို့ သူတော်စင်ချီကွားက တထစ်ချ သတ်မှတ်ထားတာပါ။

ရူဟန်က ရှင်းပြလိုက်တယ် "တာအိုရောင်းရင်းချီကွား .. မင်းနားလည်မှု လွဲနေပြီ။ ငါက မင်းရဲ့အရွယ်အစားကို လှောင်ပြောင်နေတာ မဟုတ်ဘူး။ ငါက နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကို လေ့ကျင့်တာကြောင့် ပုံရိပ်ယောင်အမြူတေ က တခြားသူတွေ နဲ့ မတူဘူး။။ ငါ့ရဲ့ ပုံရိပ်ယောင်အမြူတေ က ဝေလငါးကြီးပဲ။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Wo Geschichten leben. Entdecke jetzt