အပိုင်း (၁၁၄၇)

110 22 0
                                    


#Unicode


နျူကလီးယားရေစက်

လိုင်းချီးတင်မကပါဘူး။ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ တခြားသောစီနီယာတွေကလည်း ရူဟန်ကို နှစ်သိမ့်လိုက်ကြတယ်။

ဒေါင်ဖန်းခြောက် "ဒီမှာ ..ဒီမှာ .. သူငယ်ချင်းလေးရူဟန် . မငိုနဲ့။ မင်းက အွန်လိုင်းပေါ်တက်လာနိုင် တယ် ဆိုတော့ မင်းနဲ့ သူတော်စင်ကျောက်ဖရုံကြားမှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့ဘူး မဟုတ်လား။ ပြီးတော့ ငါ့အမှားပါ။ ငါဒီကိစ္စကို အစမပျိုးသင့်ဘူး။ ငါ့အမှားပဲ"

သခင်လေး ဖီးနစ် သတ်ဖြတ်သူ "စိတ်မကောင်းမဖြစ်နဲ့။ မင်းက ငယ်သေးတယ်။ အဆင့်လေး ရောက်နေတုန်းမှာ အဆင့်ရှစ် သူတော်စင် တစ်ယောက်ကို ရှုံးနိမ့်တယ် ဆိုတာ ရှက်စရာမဟုတ်ဘူး။ ပြီးတော့ မင်းက လေးလ ကျော်ကျော်လေးပဲ ကျင့်ကြံခဲ့ရတာ။ မင်းက သူတော်စင်အဆင့်ကို ရောက်လာမှာပဲလေ။ အဲကျရင် သူတော်စင် ကျောက်ဖရုံကို ပြာနှမ်းနေအောင် ပြန်ရိုက်လို့ရတယ်။ မင်းတို့လူငယ်တွေမှာ ကြီးမားတဲ့အနာဂတ်ကို ပိုင်ဆိုင်ကြတယ်လေ။ မင်းလုပ်နိုင်ပါတယ်"

မြောက်ပိုင်းမြစ် "ငါတို့လို ကျင့်ကြံသူတွေအတွက် မာန ဆိုတာက တစ်ခါတစ်လေမှာ အသုံးမဝင်ဘူး။ ပြီးတော့ ဒီအဖြစ်အပျက် က မင်းစိတ်ကို ပိုပြီး ကြံခိုင်စေလိမ့်မယ်။ ထရွင်ဂန် ရဲ ဟောကိန်းကို ပြောင်းပြန်ကောက်ရမယ်ဆိုရင် နှစ်တစ်ထောင်အတွင်း ပထမ သူတော်စင်ရဲ့ သတင်းက မနက်ဖြန်လောက်ဆို ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ပြန့်နှံ့သွားတော့မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းက စိတ်ဓာတ်ကို ပိုမို ကြံခိုင်အောင် လုပ်ရမယ်"

ဒီအတောအတွင်းမှာတော့ ကိုးစီရင်စုဂရုက နှလုံးသားအာဟာရ ဂရုဆိုပြီး ပြောင်းလဲသွားခဲ့ပါပြီ။

စီနီယာတွေရဲ့ အားပေးမှုက ရူဟန် ရဲ့ မျက်မှာကို နွေးထွေးတဲ့ လေပြေလေညှင်းလို လာရောက်ရိုက်ခတ်တယ်။ ပြီးတော့ ရူဟန်က ကျင့်ကြံတာ မကြာသေးပါဘူး။ ဂရုထဲက စီနီယာတွေက သူ့စိတ်ဓာတ် ကို ထိခိုက်သွားမှာ ပူပန်နေကြတာ သဘာဝပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Onde histórias criam vida. Descubra agora