အပိုင်း (၁၀၉၆)

113 27 0
                                    


#Unicode


ဆုံတွေ့ခြင်း။

ရူဟန်က နှစ်သိမ့်လိုက်တယ် "အချက်အလက်အားဖြင့် ဒီလောက် စိတ်ပူစရာမလိုဘူး။ တာအိုရောင်းရင်း ဟော်ရီဇုံ က မင်းတို့ တွေးထားသလောက် ကြောက်ဖို့ မကောင်းပါဘူး။သူ နဲ့ ခင်မင်ပြီးနောက်မှာ သူက အရူးစွမ်းအင် လွှဲ့ပြောင်းသူလို ့နာမည်ကြီးတယ်ဆိုပေမဲ ့စည်းစနစ် တွော့ ရှိတယ်။ တစ်ဖက်လူ သဘောမတူတဲ့ အရာကို သူ လုပ်မှာ မဟုတ်ဘူး"

ပြီးတော့သူက ကပ်ဘေးကို ခုမှကျော်ပြီးတာလေ။ နောက်ထပ် ကပ်ဘေးကို ရင်ဆိုင်ဖို့ ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ဒီအတောအတွင်း အားလုံးက လုံခြုံကြတယ်လေ။

ရှစ်က မျက်စိကို ပေကလပ် ပေကလပ် လုပ်လိုက်တယ် "ဒါပေမဲ့ မင်းဆီက တံဆိပ်တုံးအရင်ရိုက်ထားတာ ပိုကောင်းမယ်လို့ ငါခံစားမိတယ်"

ရူဟန် "......."

ရှီလျှူ က ခဏလောက် စဉ်းစားလိုက်တယ် "ငါထင်တာတော့ တံဆိပ်တုံးရိုက်ထားတာ ပိုကောင်းမယ်ထင်တယ်။ ရူဟန် ပြောသလို တာအိုဘုန်းကြီး ဟော်ရီဇုံက စည်းစနစ် ရှီတယ် ဆိုပေမဲ့ စည်းစနစ် မရှိတဲ့ အရူးစွမ်းအင် လွှဲပြောင်းသူ တစ်ယောက်ကို ငါတို့ ကြုံခဲ့ရင်ဘယ်လိုလုပ်မလဲ။ ပြောရမယ်ဆိုရင် ကြိုတင် ကာကွယ်ထားတာ အကောင်းဆုံးပဲ"

"ဟုတ်တယ်။ဟုတ်တယ်။ ဒါက အဓိကအချက်ပဲ။ တံဆိပ်တုံး မြန်မြန်ထုလိုက်တော့" ရှောင်ချိုက်က အော်လိုက်တယ်။

သူမ ကိုယ်ပေါ်မှာ သူတော်စင်အမှတ်အသား တော်တော်များများ ရှိမယ်ဆိုရင် ကောင်းမယ်လို့ သူမက တွေးထားတာ ကြာနေပါပြီ။ ဒါပေမဲ့ ရူဟန်က သူမကို တံဆိပ်တုံးမထုပေးခဲ့ပါဘူး။ အခု အခွင့်အရေး ရပြီဆိုတော့ ကျိန်းသေပေါက် သူမ ဆရာဆီက သူတော်စင်စည်းကို ရမှဖြစ်မယ်။

"ကောင်းပြီ" ရူဟန်က သက်ပြင်းချလိုက်တယ် ။ ပြီးနောက် သူတော်စင်စည်းကို ထုတ်ယူပြီး ရှစ်ကို မေးလိုက်တယ် "ဘယ်နေရာမှာ တံဆိပ်တုံး ထုရမှာလဲ"

သူ သစ်ပင်မွန်းစတားကို တံဆိပ်တုံးထုလိုက်တုန်းက ကြုံရာနေရာကို ထုလိုက်တာပါ။ ဒါပေမဲ့ ရှစ်ကို တော့ နောက်ကျောမှာ ထုပေးလို့မဖြစ်ပါဘူး။ ဒါဆိုရင် တော်တော်ကြီး ကြည့်ရဆိုးမှာပါ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Waar verhalen tot leven komen. Ontdek het nu