အပိုင်း (၁၁၈၅)

103 26 0
                                    


#Unicode


ကပ်ဘေးကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းစနစ်ကို မြောက်ပိုင်းအင်ပါယာ က ပေးခဲ့တယ်။

မင်းတို့နှစ်ယောက် ချိန်းပြီးများ ကပ်ဘေးကျော်ဖို့ စီစဉ်ထားတာလား။ အဖွဲ့လိုက် ကပ်ဘေးကျော်တယ်ဆိုတာ ဟာသတစ်ခုမဟုတ်ဘူး။

ရှောင်ချိုက် က ပြောလိုက်တယ် "ချိုက် ဘာလုပ်ရမလဲ။ ဆရာ ... ချိုက် လက်ရှိအဆင့်ကို မထိန်းချုပ်နိုင် တော့ဘူး။"

မြေပေါ်မှာ လှဲနေတဲ့ ရူဟန်က ေြပြာလိုက်တယ် "မပူနဲ့ .ရှောင်ချိုက် .. မင်းရဲ့ အဆင့်ကို အရင်ဆုံးဖိနှိပ်ဖို့ ကြိုးစားထား။ တာအိုရောင်းရင်း ဟော်ရီဇုံ ရဲ့ သူတော်စင်မိန့်ခွန်း မှာ ပြောခဲ့တဲ့ ကပ်ဘေးရှောင် နည်းစနစ် က မင်းနဲ့ သင့်တော်လား"

ရှောင်ချိုက်က ဒီနေ့ အစီအရင် အခမ်းအနား နဲ့ အဆင့်ရှစ် သူတော်စင် ဟင်းပွဲကို စားပြီးတဲ့နောက်မှာ အဆင့်ကို မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ သူမ ရဲ့ ကပ်ဘေးကျော် အစီအရင်က မပြင်ဆင်ရသေးပါဘူ။

ဒီလိုအခြေအနေမှာ ကပ်ဘေးကျော်ဖို့ ကြိုးစားမယ်ဆိုရင် ၉၀% မဟုတ်ဘူး။ ၁၀၀% သေမှာပါ။ ကောင်းကင်ဘုံကပ်ဘေးဆီ ကိုယ့်ကိုယ်ကိုယ် ယစ်ပူဇော်လိုက်သလို ဖြစ်သွားမှာ ဖြစ်တယ်။

ရှောင်ချိုက်က ခေါင်းကို ခါယမ်းပြီး ပြောလိုက်တယ် """စိနီယာဟော်ရီဇုံ မိန့်ခွန်းမှာ ပြောခဲ့တဲ့ ကပ်ဘေးရှောင် နည်းစနစ်က လူသားကျင့်ကြံသူတွေနဲ့ပဲ ကိုက်ညီတာ။ ပြီးတော့ မွန်းစတားကျင့်ကြံသူတွေ တော်တော်များများ နဲ့ ကိုက်ညီတဲ့ နည်းစနစ်တောင် ချိုက် နဲ့ ကိုက်ညီတာ မဟုတ်ဘူး။"

တာအိုဘုန်းကြီး ဟော်ရီဇုံ ရဲ့ သူတော်စင် မိန့်ခွန်းမှာ စီနီယာအဖြူ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် သူမ က စီနီယာအဖြူ့ ဆီမှာ မျောပါသွားတယ်။ ဒါကြောင့်ပဲ တာအိုဘုန်းကြီး ဟော်ရီဇုံ ရဲ့ မိန့်ခွန်းကို မမှတ်မိတော့ပါဘူး။

ရူဟန်က စိတ်ပျက်လက်ပျက် နဲ့ နဖူးကို ပွတ်လိုက်မိတယ်။

ကံဆိုးတာ သူက သခင်လေးဖီးနစ် သတ်ဖြတ်သူ မဟုတ်တာပါပဲ။ မဟုတ်ရင် သူ့ရဲ့ CPU ကို ရှောင်ချိုက်ဆီငှားပြီး နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ၊ ဗုဒ္ဓရဲ့ မဖျက်ဆီးနိုင်တဲ့ ကျောင်းတော်သားခန္ဓာကိုယ် ၊ သံမဏိလက် နဲ့ ဓားမော့နည်းစနစ် တော်တော်များများ ကို ကျွမ်းကျင်အဆင့်ရောက်အောင် ပြုလုပ်ပေးလို့ရနိုင်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora