အပိုင်း (၁၂၂၇)

61 14 0
                                    



ဘယ်သူက ချန်လင်းလဲ။ ငါက ချန်လင်းလား။

ပိုပြီးတိတိကျကျ ပြောရမယ် ဆိုရင် ကြင်နာမှု ရဲ့ ကျင့်ကြံခြင်းနည်းစနစ် က နတ်ဘုရားသားရဲ သုံဆယ့်သုံးကောင်နည်းစနစ် ရဲ့ အရိုးရှင်းဆုံး အခြေခံဖြစ်နေတယ်။

ရူဟန်က လက်အိတ်ကို ချွတ်ပြီး ကြင်နာမှုကို ထိကာ လျှို့ဝှက်နည်းစနစ် အသုံးပြုဖို့ ပြင်လိုက်တယ်။

ဒီအချိန်မှာတော့ ကြင်နာမှုက လေကို ပြင်းပြင်းထန်ထန် ရှုနေတယ်။ သူမ က သေတော့မလို ခံစားနေရတယ်။ တော်တော်ကြီးကျမှ ပုံမှန်အတိုင်း ပြန်လည် အသက်ရှုလို့ရတယ်။

မွန်းတဲ့ဒဏ်ကို တော်တော်ကြာအောင် ခံစားပြီးတဲ့နောက် သူမ က ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ရရှိလိုက်တယ်။ သူမက လေးခုမြောက် ချက်ကရာ ဖြစ်တဲ့ နားချက်ကရာ နားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားမိနေတယ်။ ဒါက သူမ အနေနဲ့ ကျားကုတ်ကျားခဲ ခုနှစ်ရက်၊ ရှစ်ရက် လောက် ကျင့်ကြံမှ ဖြစ်မယ့် အရာမျိုးပါ။

ဒီဖိအားက သူတော်စင်ဗိုလ်ကျသူစွန်း ပေးတဲ့ လက်ဆောင်လား။

သူမ က ရူဟန်ကို ဦးညွှတ်ပြီး လေးစားစွာ ပြောလိုက်တယ် "မင်းရဲ့ ညွှန်ပြမှု အတွက် ကျေးဇူးပါ စီနီယာ"

"ရတယ်။" ရူဟန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက လက်ကို ဆန့်တန်းပြီး ဦးညွှတ်နေတဲ့ ကြင်နာမှုကို ထိလိုက်တယ်။

မကြာမီမှာပဲ သူ့လက်မှာ များပြားလှတဲ့ ဒဏ်ရာတွေ ပေါ်လာတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က လက်ရှိမှာ အရည်အဆင့်ဖြစ်နေတာကြောင့် ဒဏ်ရာတွေကို စိတ်ဆန္ဒတစ်ခု တည်းနဲ့ ပြန်လည် ကုသလို့ ရနေတယ်။

ဒီလျှို့ဝှက်နည်းစနစ်က အသက်ဝင်သွားခဲ့ပြီ ဖြစ်တယ်။

နည်းစနစ် ရဲ့ သတင်းအချက်အလက် တွေက ရူဟန် စိတ်ထဲကို တိုးဝင်လာတယ်။

[ကြင်နာမှု - သားရဲနယ်မြေ ရဲ့ နယ်မြေသူ ဖြစ်ပြီး လူသားသွေးမျိုးဆက် ဖြစ်သည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအားလုံး စည်းလုံးပြီး မိသားစု ဖြစ်ရမည် အဖွဲ့အစည်း ၏ အမဲရောင်မြင်းဌာနခွဲ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သည်။ သူမ က သာမာန်ပါရမီသာလျှင်ရှိပြီး ပထမအဆင့် တတိယ ချက်ကရာဖြစ်တဲ့ နှာခေါင်း ချက်ကရာ အဆင့်သာ ရှိနေသေးသည်။ သူမ ၏ အဓိက ကျင့်ကြံခြင်း နည်းစနစ်မှာ ကမ္ဘာဖျက်ဆီးခြင်း သားရဲနည်းစနစ် ပင် ဖြစ်၏။]

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now