အပိုင်း (၁၀၈၄)

165 24 1
                                    


#Unicode


ဇာတ်လမ်းကို ကြိုပြောတဲ့ အကျင့်ပျက်ကောင်တွေ။

ဒါပေမဲ့ မိစ္ဆာကပ်ဘေး စွမး်အင်ကို တိုးမြင့်ပေးလိုက်မယ်ဆိုရင် ခြိမ်းခြောက်နိုင်မှုတွေ မြင့်တက်သွားပြီး ဘေးအန္တရာယ်ကြုံနို်င်မှာ မဟုတ်လား။

သံရည်ဘောလုံးက ဒါမျိုးဖြစ်လာမှာကို မကြိုက်ပါဘူး။

ဒါပေမဲ့ မိစ္ဆာကပ်ဘေး စွမ်းအားကို မတိုးမြင့်ပေးရင်လည်း မိစ္ဆာစွမ်းအင်တွေ ဝါးမြိုခံထားရတဲ့သူက မိစ္ဆာကပ်ဘေး က နေ ထွက်ခွာသွားပါလိမ့်မယ်။.

သံရည်ဘောလုံးကြီးက အတွေးနက်သွားတယ်။

ခဏလောက် စဉ်းစားပြီးတဲ့နောက် အစောကတည်းက စဉ်းစားထားတဲ့အတိုင်း ဆက်သွားစေဖို့ ဆုံးဖြတ်လိုက်တယ် ။

ဒါက မိစ္ဆာကပ်ဘေးနယ်မြေလေ။ မိစ္ဆာစွမ်းအင်တွေ ဝါးမြိုခံထားရတဲ့သူ က ဘာလုပ်နိုင်မှာ မလို့လဲ။

သူမ က ကျော်ဖြတ်ချင်လည်း ကျော်ဖြတ်ရမယ်။ မကျော်ဖြတ်ချင်လည်း ကျော်ဖြတ်ရမယ်။

ကပ်ဘေးမကျော်ဘဲ ထွက်ခွာသွားဖို့လား။

စဉ်းတောင်မစဉ်းစားနဲ့။

အခု မင်းက မိစ္ဆာကပ်ဘေးနယ်မြေ ထဲကို ဝင်ပြီးပြီ။ လမ်းတစ်ဝက်မှာ ရပ်တန့်လို့ မရဘူး။ မင်းက ကျော်ဖြတ် ပြီး ငရဲပြည် သူတော်စင် ဖြစ်လာရမယ်။ ဒါမှမဟုတ်ရင် သေဖို့ ကြိုးစားနေတာပဲ။ ဒီနေရာကို မင်းရဲ့ အိမ်က ပန်းခြံတစ်ခုလို့ ထင်နေတာလား။ ဒီနေရာက မင်းသဘောကျ လာချင်တိုင်းလာ၊ ထွက်ချင်တိုင်း ထွက်သွားလို့ ရနို်င်တဲ့ နေရာ တစ်ခု မဟုတ်ဘူး။

ဒါကြောင့်မိစ္ဆာကပ်ဘေး ရဲံ့ စွမ်းအင် က တူတူပဲ ဖြစ်လိမ့်မယ်။ လျော့လည်းမလျော့ဘူး။ တိုးလည်း မတိုးဘူး။ သဘောကျတယ်ဆိုရင် ပျော်ပေါ့။ မကျဘူးဆိုရင် လည်း အောင့်အီးသည်းခံပေါ့။ မပြောင်းလဲတဲ့ စွမ်းအားတွေကို ရင်ဆိုင်ပြီး ငရဲပြည် သူတော်စင် ဖြစ်အောင် ငြိမ်ငြိမ်သက်သက် နဲ့ စောင့်ပေတော့။

သံရည်ဘောလုံးကြီးက သူ့ဘာသာ တွေးလိုက်တယ်။

ပြဿနာဖြစ်နိုင်တာ တစ်ခုပဲ ရှိပါတယ်။ မိစ္ဆာစွမ်းအင်တွေ ဝါးမြိုခံထားရတဲ့သူ ရဲ့ ဦးနှောက် က ပျက်ဆီးသွားပြီး ကပ်ဘေးမိုးကြိုးတွေကို မကာကွယ်ဘဲ အပစ်ခံကာ သေလိုက်မယ့် ကိစ္စမျိုးပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora