အပိုင်း (၁၁၃၃)

125 22 0
                                    


#Unicode


ဇာတ်ညွှန်းအတိုင်း မလိုက်ဘူး။

ရူဟန် အတွေးနက်နေတုန်းမှာပဲ အဝေးတစ်နေရာဆီမှ များပြားလှတဲ့ မြင်းစီးပုံရိပ်တွေ ပေါ်ထွက်လာပြီး သဲကန္တာရကြီးကို ဖြတ်သန်းပြီး သူတို့ဆီကို ရောက်လာတယ်။

ဦးဆောင်ပြီး မြင်းစီးလာသူကတော့ တာအိုဘုန်းကြီး ကောင်းကင်နီပဲ ဖြစ်တယ်။

ဒါတင်မကသေးပါဘူး။ တာအိုဘုန်းကြီးကောင်းကင်နီ ဘေးက ပုံရိပ်ငါးခု ကလည်း ကောင်းကင်နီတွေ ကြီးပါပဲ။ သူတို့က ပိုမိုငယ်ရွယ်တဲ့ကောင်းကင်နီတွေ ဖြစ်တယ်။

နောက်ဆုံးမှာတော့ လူတစ်ထောင်လောက် ပေါ်လာတယ်။ အရင်လိုပဲ အားလုံးက တာအိုဘုန်းကြီး ကောင်းကင်နီတို့ ဖြစ်ပြီး ၁၆ နှစ်အရွယ်လောက်တော့ ဖြစ်ကာ လက်ထဲမှာ ရှည်လျားတဲ ့လက်နက်တွေကို မျိုးစုံအောင် ကိုင်တွယ်ထားကြတယ်။

"ငါတို့ပြိုင်ဘက်က တာအိုဘုန်းကြီး ကောင်းကင်နီ စစ်တပ်ပဲ" ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေက တုန်ရီသွားတယ်။

ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ တာအိုဘုန်းကြီး ကောင်းကင်နီက ရှေးခေတ်ကတည်းက နေထိုင်ခဲ့တဲ့ စွမ်းအားမြင့် ပုဂ္ဂိုလ်တစ်ဦးလေ။ ရှေးဘာသာစကားဆိုတာ သူ့ရဲ့ မိခင်ဘာသာ စကားလို့ တောင်ပြောလို့ရတယ် မဟုတ်လား။

အခြားတစ်ဖက်မှာ ရှိတဲ့ သူတို့ဘက်ကတော့ ရှေးဘာသာစကားနဲ့ ပတ်သက်ပြီး အများဆုံး သိရှိသူက စာကြောင်း ဆယ်ခုပဲ ဖြစ်တယ်။

ဒါက အရမ်းကို အနိုင်ကျင့်သလို ဖြစ်မနေဘူးလား။

ဟုတ်ပါတယ်။ သူတို့ရှေ့မှာ ရှိနေတဲ့ တာအိုဘုန်းကြီး ကောင်းကင်နီ က တကယ့် ကောင်းကင်နီ မဟုတ်ပါဘူး။ အတားအဆီးဂိတ်ထဲမှာ ထားထားတဲ့ မှော်နည်းစနစ် တစ်ချို့ပဲ ဖြစ်လိမ့်မယ်။

❄️❄️❄️

တာအိုဘုန်းကြီး ကောင်းကင်နီ စစ်တပ်ကြီးပေါ်လာပြီးတဲ့နောက် ရူဟန် တို့နောက်မှာလည်း တပ်သားတွေ ပေါ်လာတယ်။

သူတို့တွေက ရူဟန် သုံးရာ ၊ ရှီလျှူ သုံးရာ ၊ ရှစ် တစ်ရာ ၊ ရှောင်ချိုက် တစ်ရာ နဲ့ လူသားပုံစံ ကြက်သွန်လေး တစ်ရာ ၊ ရုပ်သေး ငါးဆယ် နဲ့ လာမီယာ ငါးဆယ်တို့ပဲ ဖြစ်တယ.်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now