အပိုင်း (၁၁၀၆)

110 28 0
                                    


#Unicode


ဒူဒူ ယောကျ်ားယူတော့မယ် ဆိုတာ မင်းတို့သိလား။

စည်းခတ်ထားတဲ့ နေရာကို ရောက်ပြီ ဆိုရင် ဆောင်းနှင်းမြူ နန်းတော် ရဲ ပိုင်ရှင် ဖြစ်တဲ့ ရူဟန် ဒါမှမဟုတ် ရီစင့် ဖွင့်ပေးမှသာ အပြင်ကို ပြန်ထွက်နိုင်မှာ ဖြစ်တယ်။ ကြီးမြတ်သူ က အပြင်ကို ထွက်ချင်တယ်ဆိုရင် အိမ်မက်သာ မက်နေလိုက်ပါ။ ပြီးတော့ ကြီးမြတ်သူ တိုင်းက ကောင်းကင်က ငြင်းဆန်ရလောက်တဲ့ ကံတရားကို ပိုင်ဆိုင်သူ ကြီးမြတ်တဲ့အဖြူ မဟုတ်ဘူးလေ။ ကြီးမြတ်တဲ့အဖြူက အဆင့်ခုနှစ် နဲ့ တည်နေရာစွမ်းအားကို အသုံးပြုနိုင်တယ် ။

ကြီးမြတ်သူ သာ ထွက်ချင်တယ်ဆိုရင် ဆောင်းနှင်းမြူ နန်းတော်ထဲမှာ ကြိုးကြိုးစားစား နဲ့ လေ့ကျင့် ၊ ပြီးရင် အဆင့်ှရှစ် ကပ်ဘေးကို ဆင့်ခေါ်ပြီး ကောင်းကင်ဘုံကပ်ဘေးနယ်မြေဆီ ရောက်အောင်သွားပေါ့။ ကပ်ဘေးကို အောင်အောင်မြင်မြင် နဲ့ ကျော်နိုင်ပြီ ဆိုရင် အဓိက ကမ္ဘာကိူ ပြန်ရောက်နိုင်ပါပြီ။

ဒီလိုမှ အလုပ်မဖြစ်ဘူးဆိုရင်လည်း အဆင့်ကိုးကပ်ဘေးလွန် အဆင့်ထိ ရောက်အောင်လေ့ကျင့်ပေါ့ ။ ဒါဆိုရင် တည်နေရာစွမ်းအင်ကို အသုံးပြုပြီးဆောင်းနှင်းမြူ နန်းတော်ကနေ ထွက်ခွာလို့ ရပြီ။

... ဒါပေမဲ ့ရူဟန်က အရူး မဟုတ်တာကြောင့် တစ်ဖက်လူကို ကျင့်ကြံဖို ့အချိ်န်ပေးမှာ မဟုတ်ပါဘူး။

ကြီးမြတ်သူ ကို ဆောင်းနှင်းမြူနန်းတော်ထဲ ပို့လိုက်ပြီးတဲ့နောက် ရူဟန်က သက်ပြင်းချလိုက်မိတယ်။

"ချီးတဲ့မှ .. အဆင့်ခုနှစ် ကြီးမြတ်သူကြီးဟ" သူ ထအော်လိုက်မိတယ်။

တွေးကြည့်လိုက်တော ့သူ့တကိုယ်လုံး အားပြတ်သလို ခံစားလိုက်ရတယ်။

လာမီယာသာ မပါရင် သူ ကြီးမြတ်သူ ရဲအရှေ့ကို ထွက်ရဲမှာ မဟုတ်ပါဘူ။ ကြီးမြတ်သူ က လက်ဝါးနဲ့ တစ်ချက်လောက် ရိုက်လိုက်မယ်ဆိုရင် သူက ဘိန်းမုန့် လို ပြားချပ်သွားနိုင်တယ်လေ။

သက်ပြင်းချလိုက်ပြီးတဲ့နောက် ရူဟန်က လက်ခုပ်တီးကာ နျုကလီးယားဗုံးတွေကို သူ့ရဲ့ အတွင်းကမ္ဘာဆီ ပြန်ပို့လိုက်တယ်။ ဒါကို စည်းဖြေဖို ့သုံးဆင့်ပြုလုပ်ရတာပါ။ ဒါပေမဲ ့ရူဟန် က တစ်ဆင့်ပဲ ဖွင့်ခဲ့တာ ဖြစ်တာမို့ မပေါက်ကွဲတာပဲ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now