အပိုင်း (၁၁၄၃)

104 24 0
                                    

#Unicode


ဒီမိန်းကလေး အတွက် ငါ့ဓားကို ဆွဲထုတ်လိုက်ပြီ ဆိုရင် မင်းသေသွားနိုင်တယ်။

လာပြီ။ လာပြီ။ သတင်းထူး လာပြီ။

ကျင့်ကြံခြင်းလောကရဲ့ နာမည်ကြီး သတင်းဌာန တွေရဲ့ သတင်းထောက်တွေ အားလုံးက စိတ်လှုပ်ရှားသွားကြတယ်။

ပုံမှန်အရဆိုရင် နှစ်တစ်ထောင် အတွင်း ပထမ သူတော်စင် နဲ့ နှစ်တစ်ထောင် အတွင်း ပဥ္ဒမ သူတော်စင်တို့ရဲ့ တိုက်ပွဲကို လွဲချော်သွားခဲ့ပြီလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ အလှည့်အပြောင်းတွေ ဖြစ်ပေါ်ပြီး တိုက်ပွဲကို ကြည့်ရပါတော့မယ်။

သတင်းထောက်တွေက သူတို့ရဲ့ မှတ်တမ်းယူတဲ့ ပစ္စည်းတွေကို ရူဟန် နဲ့ သူတော်စင် ကျောက်ဖရုံတို့ ဘက်လှည့်ကာ တိုက်ရိုက်ထုတ်လွှင့်ဖို့ ပြင်လိုက်တယ်။

ကျင့်ကြံသူတို့ နေ့စဉ်သတင်းဌာန ရဲ ့ သတင်းထောက်က မေးလိုက်တယ် "အမ်.. နေပါအုန်း .. ခုနတုန်းက သူတော်စင် ကျောက်ဖရုံ ပြောလိုက်တာ ကောင်းကင်ဘုံကပ်ဘေးရဲ့ နျုကလီးယားဗုံးကို သူ့ဆီ ပစ်လိုက်ဖို့လား"

သူ နားကြားမှားတာလား။ သူတို့ပြောနေတဲ့ နျုူကလီးယားဗုံး ဆိုတာက မကြာသေးခင်က အဖြူရောင်ဝတ်စုံ နဲ့ ကျင့်ကြံသူ ကပ်ဘေးကျော်နေတုန်း မှိုပုံစံ တိမ်တွေ ဖြစ်တဲ့အထိ ပေါက်ကွဲခဲ့တဲ့ နျုူကလီးယားဗုံးတွေ မဟုတ်လား။ ဒါက ခေတ်ပေါ် နျုကလီးယားေုံး ထက်တောင် အားကောင်းပါသေးတယ်။

သူတော်စင်ဗိုလ်ကျသူစွန်းသာ နျုကလီးယားဗုံးကို ထုတ်လွှတ်လိုက်မယ်ဆိုရင် သူတို့ ဘာဖြစ်သွားမလဲ။ နျူကလီးယားပေါက်ကွဲမှု ဆိုတာက နေရာတော်တော် ကြီးမားတယ် မဟုတ်လား။ အခုချိန်ပြေးရင်တောင် အသက်ရှင်ပါ့မလား။

❄️❄️❄️

ရူဟန်က အသည်းယားသွားတယ်။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ သူမထင်မိပါဘူး။

သူတော်စင်ကျောက်ဖရုံကို နျုကလီးယားဗုံး နဲ့ ပစ်ရမှာလား။ သူ့ရဲ့ နျူကလီးယားဗုံး ဆိုတာက စက္ကူကျားပါ။ ပြိးတော့ တစ်ခြားလူတွေကို လှည့်စားနိုင်ဖို့ နျူကလီးယားအဟန့်အတားကို သူ အသုံးပြုချင်သေးတယ်။ အားလုံးရှေ့မှာ ထုတ်ဖော်လို့ လူသိသွားရင် ဘယ်လိုဖြစ်ကုန်မလဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Hikayelerin yaşadığı yer. Şimdi keşfedin