Untitled Part 150

115 13 0
                                    


အပိုင်း (၁၂၃၀)
ဒီစာအုပ်က သာမာန်ကျလွန်းတယ်။


သေချာပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအားလုံး စည်းလုံးပြီး မိသားစု ဖြစ်ရမည် အဖွဲ့အစည်း ကလည်း ကိုယ်ပိုင် လျှို့ဝှက်စာအုပ်ရှိနေတယ်။ လူသားကျင့်ကြံသူတို့ တတ်မြောက်ရမည့် စွမ်းရည် နှစ်ရာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြား နာမည်နဲ့လား။

လိပ်ဆရာကြီး နဲ့ ဌာနခွဲခေါင်းဆောင်တို့ ပြောတဲ့ ကြိုဆိုရေး နည်းစနစ် အရ ဒီလျှို့ဝှက်စာအုပ်ကို ဖန်တီးခဲ့သူ က ငဒူစွန်း ပဲ ဖြစ်ရမယ်။

ရူဟန်က ကြင်နာမှုကို မေးလိုက်တယ် "ငါသွားသင့်လား"

ပြီးတော့ ဒါက လျှို့ဝှက်နည်းစနစ်ကို ဖြန့်ဝေပေးနေတာလေ။ သူက စိတ်မဝင်စားကြောင်း ပြသမှ ဖြစ်မယ် မဟုတ်လား။

သူက လျှို့ဝှက်နည်းစနစ် ကို တကယ်ပဲ မြင်ချင်တယ် ဆိုရင် လာမီယာ ရဲ့ မျက်လုံးကို ချန်ထားရစ်လို့ ရပါတယ်။ ဒါဆိုရင် သူ မြင်ရပြီလေ။

ဒါပေမဲ့ တခြားသူတွေရဲ့ လျှို့ဝှက်နည်းစနစ်ကို ခိုးယူတယ်ဆိုတာ မနှစ်မျို့ဖွယ်ရာ ကိစ္စတစ်ခုပဲ ဖြစ်တယ်။

သူ ကျင့်ကြံခြင်းလောက ကို ပထမဆုံး ဝင်ရောက်တုန်းက တခြားသူ တွေရဲ့ ကျင့်ကြံခြင်း နည်းနစစ် ကို ခိုးယူတာနဲ့ တခြားသူတွေကို အဲနည်းစနစ် ပြန်လည် ဖြန့်ဝေပေးတာက အကြီးဆုံး တားမြစ်ချက်ကြီး တစ်ခု ဖြစ်ကြောင်း ကိုးစီရင်စု မှ စီနီယာ တွေက သတိပေးထားခဲ့တယ်။

ဒါမှမဟုတ် ငါ ဒီလူသား အဖွဲ့အစည်းထဲကို ဝင်လိုက်သင့်လား။ ရူဟန်က စိတ်ထဲမှာ တွေးတောလိုက်တယ်။

သူသာ အမဲရောင်မြင်း ဌာနခွဲကို ဝင်ရောက်မယ် ဆိုရင် ဌာနခွဲခေါင်းဆောင်က လက်တင်မဟုတ်ဘူး။ တကိုယ်လုံး နဲ့ လှိုက်လှိုက်လှဲလှဲ သဘောတူမှာပါ။ ဒါဆိုရင် သူက လျှို့ဝှက် နည်းစနစ်ကို သင်ယူဖို့ ပြဿနာ မရှိတော့ပါဘူး။

ဒါက အဆင်ပြေဆုံးနဲ့ အသင့်တော်ဆုံး နည်းလမ်းပဲ ဖြစ်တယ်။

အဖွဲ့အစည်း ရဲ့ နာမည်က တော်တော်ကြောင်တာက လွဲရင်ပေါ့။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now