အပိုင်း (၁၁၃၉)

117 19 0
                                    


#Unicode


ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက် တိုက်ပွဲဝင် ချပ်ဝတ်။

ကြီးမားတဲ့ပုဆိန်ကြီးက ခုတ်ပိုင်းလာချိန်မှာတော့ ဘောလုံးတစ်လုံးလို လေတွေပြည့်ပြီး ပိုမိုကြီးမားလာတယ်။ တစ်ချိန်တည်းမှာပဲ သံရောင်တွေ ပြောင်လက်လာပြီး စစ်မှန်တဲ့ပုဆိန်ကြီး တစ်ခုလို ဖြစ်လာတယ်။

ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက် ဓားမော့နည်းစနစ် က တွေးထင်ထားတာထက် ကြမ်းတန်းတယ်။ ကောင်းကင်တစ်ခုလုံးမှာ မီးတောက်တွေနဲ့ ဓားမော့ဆန္ဒတို့ ပြည့်နှက်နေပြီး သံပုဆိန်ြံကီးကို ရင်ဆိုင်လိုက်တယ်။

မီးတောက်ဓားမော့ နဲ့ ပုဆိန်ကြီးတို့က တစ်ခုနဲ့ တစ်ခု ထိမိသွားတယ်။

နောက်တော့ သံပုဆိန်ကြီးရဲ့ အရွယ်အစားက ထပ်မံကြီးမားသွားပြန်တယ်။ တစ်ချိန်တည်းမှာပဲ မိစ္ဆာစွမ်းအင်တွေက ပေါက်ကွဲထွက်လာတယ်။

ပြီးနောက် အထပ်ထပ် ထပ်မံတိုက်ခိုက်လိုက်ပြန်တယ်။

"ဘုန်း"

ကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်တွေနဲ့ မီးတောက်ဓားတို့က မခုခံနိုင်တော့ဘဲ ပုဆိန်ကြီးရဲ့ ချိုးဖျက်ခြင်းကို ခံလိုက်ရတယ်။

ပြီးတော့ ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက် ဓားမော့ နည်းစနစ်က ကောင်းကင်နီဓား ထုတ်လွှတ်တဲ့ နည်းစနစ်ပဲ ဖြစ်တယ်။ ဒါကြောင့် တာအိုဘုန်းကြီးကောင်းကင်နီ ထုတ်လွှတ်တာနဲ့ တော်တော်ကြီး ကွာခြားတယ်။

ကောင်းကင်နီဓားက ပြောလိုက်တယ် "မကောင်းတော့ဘူး"

တစ်ဖက်လူရဲ ့သာမာန်တိုက်ခိုက်ချက်တွေကတင် အင်မော်တယ်အဆင့် ဖြစ်နေတယ်။ ဒီထက်တောင် ပိုအားကောင်းနေနိုင်ပါသေးတယ်။

သူ့သခင်သာလျှင် ဒါကိုရင်ဆိုင်အံတုနိုင်မယ်လို့ ကောင်းကင်နီဓားက တွေးလိုက်တယ်။

နှစ်ဆကြီးသွားတဲ့ ပုဆိန်ကြီး က မီးတောက်ဓားမော့ နည်းစနစ်ကို ဖျက်ဆီးလိုက်တယ်။

ဒီပုဆိန်နဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ ကောင်းကင်နီဓား က အကူအညီမဲ့သလို ခံစားလိုက်ရတယ်။ သူက သတ်ဖြတ်ဖို့ ချောင်းမြောင်းခြင်း ခံနေရတဲ့ သိုးလေး တစ်ကောင်လိုပါပဲ။ ဘာမှမလုပ်နိုင်ဘဲ သေဖို့ စောင့်မျှော်နေရသလိုပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Où les histoires vivent. Découvrez maintenant