အပိုင်း (၁၁၁၁)

96 24 0
                                    


#Unicode


ကောင်းကင် ၊ မြေကြီး ၊ အာကာသ .. ငါတကယ် ပင်ပန်းနေပြီ။

ရှေ့က လျှောက်သွားတဲ ့ရှီလျှူက ရုတ်တရက် ရပ်သွားတယ်။ ပြီးနောက် ခေါင်းငုံ့ပြီး သူမ ရင်ဘတ်ကို ငုံ့ကြည့် လိုက်တယ်။ သူမ လည်း တစ်နေ့မှာ ထွားကြိုင်းလာမှာ မဟုတ်လား။

သူမက ငယ်စဉ် ကလေးဘဝကတည်းက စတင်လေ့ကျင့်ခဲ့တာပါ။ ဒုတိယအဆင့်ကို ရောက်ပြီးနောက်ပိုင်းမှာ သူမ ခန္ဓာကိုယ်က ဖွံ့ဖြိုးမှု နှေးကွေးသွားတယ်။ သာမာန်အခြေအနေမှာဆိုရင် သူမ ခန္ဓာကိုယ်က အဆင့်ငါးကို ရောက်ပြီးရင် အနည်းငယ်ဖွံ့ဖြိုးလာမှာ ဖြစ်တယ်။

သူမက သူမနဲ ့အသက်တန်းတူတူထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လိပ်ပြာကျွန်း ရဲ ငှက်မွေးလေးကို သတိရလိုက်မိတယ်။

ငှက်မွေးလေး က သူမ နဲ့ အသက်တန်း တူတူပဲ ဆိုပေမဲ့ သူမ အခြေအနေ က ထူးခြားပါတယ်။ သူမကို ကြည့်ရတာ ရင့်ကျက်ပုံပေါ်တယ်။ ရှီလျှူက တွေးလိုက်တယ်။

အနောက်မှာတော ့ရူဟန်က သူ့မျက်နှာကို ပွတ်လိုက်မိတယ် "ငါ ဒီလောက်အိုစာ လား"

ဖူရှန်းက မြန်မြန်ပဲ ပြောလိုက်တယ် "မဟုတ်ဘူး။ မင်းက အရမ်းနုပျိုတယ်" နှစ်တစ်ထောင်အတွင်း ပထမ သူတော်စင် ရဲ ့ပုံပန်းသွင်ပြင် က ဒီလို ဖြစ်လိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး။ ဗိုလ်ကျသူစွနး် က နှစ်တစ်ထောင် အသက်ရှင်သန်သူ မဟုတ်ရင်တောင်မှ နှစ်တစ်ရာကျော်တဲ ့အသက်တော့ ရှိလိမ့်မယ်လေ။

"အစ်ကိုကြီးစွန်း .. မင်းက အပြင်ပိုင်းမှာ နုပျိုတဲ ့ပုံစံရှိတယ်ဆိုပေမဲ့ မင်းရဲ့့ ပြုမူ ဆောင်ရွက်မှုတွေက အရမ်းကို ရင့်ကျက်တယ်" ချူချူ က ပြုံးကာ ပြောလိုက်တယ် ။

"......" ရူဟန်။

ပြီးနောက် သူက သူ့ရဲ ့သူတော်စင် နာမည် ဗိုလ်ကျသူစွန်း ဆိုတာကို ပြန်စဉ်းစားလိုက်မိတယ်။

သူတော်စင်စည်း အစွမ်းအောင် သူ့နာမည်ကို လူတွေခေါ်ချိန်မှာ မန်ဒရင်းအသံ နဲ့ ဆိုရင ်ဖေဖေ လို့ အသံထွက်နေတယ် ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now