အပိုင်း (၁၁၆၇)

98 25 0
                                    


#Unicode


စိနီယာအဖြူ .. မင်းဆံပင် ဘယ်လောက်ရှည်လဲ။

ကိုယ်ပွားတွေ ထဲမှာ ကြီးမြတ်တဲ့အဖြူ ရဲ့ ကိုယ်ပွားမျိုးက ရူဟန် အလိုချင်ဆုံး ကိုယ်ပွားမျိုးပဲ ဖြစ်တယ်။ အဓိက ခန္ဒာကိုယ်အတွက် စာရေးပေးရုံ တင်မက ဂရုထဲမှာလည်း စကားပြောပေးနိုင်တယ်။ ပြီးတော့ အဓိက ခန္ဓာကိုယ်ကို အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်။

သူသာ စီနီယာ အဖြူဆီက ဒီလိုကိုယ်ပွားနည်းစနစ် ကို သင်ယူနိုင်ရင် အရမ်းကောင်းမှာပဲ။

ဒါကြောင့် ရူဟန်က မနေနိုင်တော့ဘဲ စာရေးပြီး လှမ်းမေးလိုက်တယ် [စီနီယာအဖြူ .. မင်းရဲ့ ကိုယ်ပွားနည်းစနစ်ကို တခြားသူတွေဆီ ဖြန့်ဝေလား]

ကြီးမြတ်တဲ့အဖြူ [မင်းသင်ချင်လို့လား]

ရူဟန်က ခေါင်းညိတ်ပြီး လိုလိုချင်ချင် နဲ့ ြ့ပန်ပြောချင်တယ် "အင်းအင်း"

ဒီလိုနည်းစနစ် မျိုးကို မလိုချင်တဲ့သူ ဘယ်မှာရှိမှာလဲ။ ဒါကြောင့် ရူဟန်က ပြန်ပြောဖို့ ပြင်နေတုန်းမှာပဲ ကြီးမြတ်တဲ့အဖြူ က မြန်မြန်ပြောလိုက်တယ် [ဆောရီး .. ဒါက သန္ဓေစွမ်းရည်တစ်ခု ဖြစ်တယ်။ ငါမင်းကို သင်ပေးလို့ မရဘူး]

ရူဟန်က ခေါင်းမော့ပြီး ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။

ကျင့်ကြံခြင်းကမ္ဘာမှာ သန္ဓေစွမ်းရည် ဆိုတဲ့အရာက တော်တော်ကြီးကို ကျိုးကြောင်းမဆီလျော်တဲ့ ကိစ္စပဲ။

ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် [ဒါပေမဲ အနာဂတ်မှာ ငါ့မှာ အချိန်ရှိတယ်ဆိုရင် သေချာ လေ့လာပြီး ကိုယ်ပွားနည်းစနစ်ကို ဖန်တီးမယ်။မင်းလိုချင်လား]

ရူဟန်က အလျှင်စလို ပြန်ပြောလိုက်တယ် [အင်း..အင်း..အင်း..]

ကြီးမြတ်တဲ့အဖြူက ပြန်ပြောတယ် [ကောင်းပြီ။ ငါအချိန်ရရင် လေ့လာလိုက်မယ်။ ဒါနဲ့ ငါစားစရာ တစ်ခုခု ရှိလား]

ရူဟန်က သူ့အတွင်းကမ္ဘာ နဲ့ သိုလှောင်လက်ကောက် ထဲ ကြည့်လိုက်တော့ အစားအစာ ကုန်နေတာကို သတိပြုမိလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tempat cerita menjadi hidup. Temukan sekarang