အပိုင်း (၁၁၀၁)

116 28 0
                                    

#Unicode


မိန်းကလေး ဖူရှန်း။

ဒီမိန်းကလေး ရဲ့ နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ကို မြင်တော့ ရူဟန်က သူမ ဘယ်သူလဲ ဆိုတာကို ခန့်မှန်းမိပြီးပြီ ဖြစ်တယ်။

ဒီအဖြူရောင်ဝတ်စုံ နဲ့ အမျိုးသမီးက မွန်းစတားမြေခွေးရဲ့ ဆရာပဲ ဖြစ်တယ်။ ရူဟန်က မြေခွေးကို သူ့ဆရာအကြောင်း မေးမြန်းခဲ့တုန်းက [ငါမင်းကို ပြောပြမယ်။ ဆရာက ငါ့အတွက်ပဲ။ မင်း လက်လျော့လိုက်တာ ကောင်းတယ်] ဆိုပြီး ပြောခဲ့တယ်။

ဒါကြောင့် သူ့ရဲ့ လိင်စိတ်က သာမာန်သာဆိုရင် သူ့ဆရာက အမျိုးသမီး ဖြစ်ရမယ် လို့ ရူဟန်က တွက်ချက် ထားခဲ့တယ်။ အခု သူထင်တာတွေ က မှန်လာခဲ့ပါပြီ။

ကြွက်ဖြူက မြေခွေးကို ဒီနေ့မနက်မှာပဲ သူ့ဆီ လာပို့ခဲ့တယ် ။ သူက သေတ္တာကြီးကို အတွင်းကမ္ဘာဆီ ပို့ခဲ့တယ်။

မွန်းစတားမြေခွေးကို သူရရှိထားတာ နာရီအနည်းငယ်ပဲ ရှိပါသေးတယ်။ ဘယ်လိုဖြစ်ပြီး ဒီအမျိုးသမီး က သူ့ကို ရှာနိုင်ရတာလဲ။

"မင်း ငါ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ" ရူဟန်က မေးလိုက်တယ်။

အဖြုရောင်ဝတ်စုံ နဲ့ အမျိုးသမီး က ရှင်းပြလိုက်တယ် "ငါ့တပည့်နဲ့ အဆက်အသွယ် ပြန်သွားပြီးကတည်းက အကြီးအကဲ တစ်ယောက်ကို ရှေ့ဖြစ်တွက်ခိုင်းခဲ့တယ် ။ အကြီးအကဲက ငါ့ကို ဂျင်နန် ဆီသွားဖို့ လမ်းညွှ့န်ခဲ့တယ် ။ ငါ ဒီနေရာမှာ ရှာနေတာ တော်တော်ကြာပြီ။ ဒီမနက်မှာတော့ ငါ့တပည့်ရဲ့ အော်ရာကို အာရုံခံမိတယ်။ ဒါကြောင့် အော်ရာနောက်ကို လိုက်လာပြီး နောက်ဆုံး မင်းခန္ဓာကိုယ်ဆီမှာ အဆုံးသတ်သွားတာပဲ။ စီနီယာ ဗိုလ်ကျသူ စွန်း .. ငါ့တပည့်ရဲ့ အော်ရာတွေက မင်းခန္ဓာကိုယ်ဆီမှာ အဆုံးသတ်သွားတယ်"

သူမ က ရူဟန်ကို ကံကြမ္မာပြပွဲမှာ မြင်ဖူးပြီးသည့်အပြင် ရူဟန်က နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ကို လေ့ကျင့်တာကိုပါ သိတော့ သူမက ပိုပြီး ရင်းနှီးသလို ခံစားလို်က်ရတယ်။

"ဒီလိုကိုး .. ငါက မင်းကို မနက်ဖြန်မှာ လာရှာပြီး သူငယ်ချင်းလေး တုကူးပိုင် ကို လာပေးဖို့ စီစဉ်ထားတာ" ရူဟန်က ပြုံးကာ ခေါင်းညိတ်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now