အပိုင်း (၁၂၀၆)

87 19 0
                                    

#Unicode


လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လှီးဖြတ်လို့ရတယ်။ ဒါပေမဲ့ ကျောက်ကပ်ကိုတော့ လှီးလို့မဖြစ်ဘူး။

ရူဟန် က သံအမဲရောင် တောင်ပြောင်နေတဲ့ အရည်အဖြစ်သို့ ပြောင်းလဲသွားတယ်။

ရူဟန်က နှမျောတစစွာ ပြောလိုက်တယ် "လက်တစ်စုံပါလာလိမ့်မယ်လို့ ငါမျှော်လင့်ထားတာ။ ဒါပေမဲ့ ငါ့ ခန္ဓာကိုယ်တစ်ခုလုံးက သံမဏိ လိုပဲ ဖြစ်သွားတာပဲ" သူက ဒီနည်းစနစ်ကို အသုံးပြုပြိးချိန်မှာ လက်နှစ်ဖက် ဖြစ်လာလိမ့်မယ်လို့ တွေးထားတယ်။ ဒါမှ သူ့အတွက် အဆင်ပြေမှာလေ။

ရှီလျှူက ပြောလိုက်တယ် "အမဲရောင် ပြောင်လက်လက် နဲ့လား"

ရှစ် ရဲ့ မျက်လုံးတွေက တောက်ပသွားတယ် "စီနီယာအစ်ကိုစွန်း ... ဒီအခြေအနေ မှာ ငါမင်းကို ပုတ်ကြည့်လို့ရလား"

ရူဟန် "........"

သူ ဘာမှပြန်မပြောရသေးခင်မှာပဲ သူမ က လက်ချောင်းတွေကို ဆန့်ထုတ်ကာ ပုတ်ပြီး ဖြစ်နေတယ်။

"ဒါက နူးညံတယ်လို့ ခံစားရတယ်" ရှစ်က ထပ်ပြီး ပုတ်လိုက်တယ်။

"ငါ့ရဲ့ သံမဏိလက် နည်းစနစ် က ကျွမ်းကျင်အဆင့်ကို ရောက်နေပြီ။" ရူဟန်က ပြောလိုက်တယ် "ဒါနဲ့ မှန်တစ်ခုခု ရှိလာ။ ငါ့ကိုယ်ငါ ဘယ်လိုပုံစံ ဖြစ်နေသလဲ ဆိုတာ ကြည့်ချင်တယ်။"

စီနီယာအဖြူ က ပြောလိုက်တယ် "မင်းရဲ့ လက်ရှိအခြေအနေ က ကြည့်မကောင်းပဲ။ ... တော်တော်ကြီး ရွံစရာကောင်းနေတယ်"

ရှီလျှူ က နှစ်သိမ့်လိုက်တယ် """အရိုးသားဆုံး ပြောရရင် မဆိုးပါဘူး။ အရင်တုန်းက အရည်လို ပုံစံမျိုးထက် အခုက ပိုကြည့်ကောင်းတယ်။"

ရူဟန် "....'

ဘိုင်ဇူးက နှစ်လိုဖွယ်ရာ ပြုံးလိုက်တယ် "မင်းက အခု အရည် ခန္ဓာကိုယ်ဖြစ်ပြီ ဆိုတော့ ငါ မင်းကို လှီးကြည့်လို့ရနိုင်လား"

"အင်း .. ရနိုင်လောက်တယ်" ရူဟန် က ပြန်ပြောလိုက်တယ်၊

.. သခင်လေးဖီးနစ် သတ်ဖြတ်သူကြောင့် ဒူဒူ အရည်လို ဖြစ်သွားတုန်း က မှန်နဲ့ ရိုက်ပြီး ပြုတ်ကျသွားတယ်။ ပြီးနောက် တစ်စစီဖြစ်သွားရတာနေ စုဝေးပြီး ပြန်ဆက်သွားခဲ့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now