အပိုင်း (၁၀၉၈)

110 24 0
                                    


#Unicode


ငါ့ဆီမှာ တံဆိပ်တုံး လာထုတာလား။ ဘန်း။

သူက စတင်ကျင့်ကြံချိန်ကတည်းက ဆိုရင် သင်ယူနိုင်မှု စွမ်းရည်က တရှိန်ထိုး တိုးတက်လာခဲ့တယ်။ အတန်းထဲမှာ ပါမောက္ခတွေ ပြောဆိုသွားတာကို တစ်ခါကြားရုံနဲ့ အကုန်မှိတ်မိနေတယ်။

လေ့လာသင်ယူခြင်း ဆိုတာက အရမ်းကို ရိုးရှင်းတယ်။ သူ က တစ်ချိန်တည်းမှာ ကိစ္စနှစ်ခုကို တောင်မှ လုပ်နေနိုင်တယ်။

ပါမောက္ခသင်ပြတာကို နားထောင်ရင်း သူ့ရဲ့ စိတ်စွမ်းအင်တွေ အားကောင်းစေဖို့ အစစ်အမှန် ယုံကြည်မှု တန်ခိုးကျင့်စဉ်ကိုပါ စတင်လေ့ကျင့်လိုက်တယ်။

တခြားသူတွေသာ သူ့ကို နှောက်ယှက်မှာ မစိုးရိမ်ရရင် သူက နတ်ဘုရား သားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကိုတောင်မှ လေ့ကျင့်လိုက်မှာ ဖြစ်တယ်။ အတန်းတစ်တန်းပြီးချိန်မှာသူက အစစ်အမှန်ချီတွေကို လည့်ပတ်ပြီး တစ်ပတ်စာ လုံလောက်တဲ့ သက်လုံပိုင်းကို ရရှိမှာဖြစ်တယ်။

အတန်းက မြန်မြန်ပဲ ပြီးဆုံးသွားတယ်။

ရူဟန်က သူ့အတန်းဖော်တွေနဲ့ ထွေရာလေးပါး ပြောဆိုနေတယ်။

သူတို့ ပြောစကားတွေက သာမာန်ပါပဲ။ နောက်ဆုံးဖြစ်ပျက်နေတဲ ့သတင်းအချက်အလက်တွေ၊ ခေတ်စားနေတဲ ့ဂိမ်းတွေ ၊ အကြိုက်ဆုံး ဝတ္တုတွေ အကြောင်းပဲ ဖြစ်တယ်။ ဂေါင်မူမူ ရဲ့ လက်ရှိ အလုပ်နဲ့ ပတ်သက်ပြီး လည်း ပြောဆိုဖြစ်ကြတယ်။

သူတို့ စကားပြောနေတုန်းမှာပဲ ဆယ်ကျော်သက် နှစ်ယောက်က အတန်းတံခါးပေါက် ရှေ့ကို ရောက်လာတယ်။

"ဟယ်လို မစ္စတာစွန်း ဒီမှာ ရှိပါသလား" ဆယ်ကျော်သက် တစ်ယောက်က မေးလိုက်တယ်။

ကောင်လေးနှစ်ယောက် က ချောမောတဲ အသွင်အပြင်မှာ ရှိတယ်။ သူတို့က ၁၅ နှစ် ၊ ၁၆ နှစ်အရွယ်လောက် ရှိပြီး မိန်းကလေးတွေ ထက်တောင်မှ ကြည့်ကောင်းတဲ့ အသားအရေ ကို ပိုင်ဆိုင်ကြတယ်။ နှစ်ယောက်လုံးက ဆံပင်ရှည်တွေ ဖြစ်ပြီး တစ်ယောက် က ပိုနီတေးလ် စည်းထားကာ တစ်ယောက်က ခေါင်းပေါ်မှာ ဆံထုံးထုံး ထားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora