အပိုင်း (၁၂၀၈)

85 20 0
                                    


#Unicode


သူတော်စင် ရဲ့ လက်ရေးမူ နဲ့ ကြီးမားတဲ့ ကပ်ဘေး။

သခင်လေးဟိုင် က သူ့အနာဂတ် အတွက် ရေရှည်အစီအစဉ်တွေကို ချမှတ် ထားတာ ဖြစ်တယ်။

အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ကို ဝင်ရောက်ပြီးတဲ့နောက် အဆင့်ငါးကို တက်ရောက်ချိန်မှာ နဂါးပုံရိပ် ခုနှစ်ခု ဒါမှမဟုတ် အဲထက်ပိုတဲ့ အရေအတွက်ကို သူလိုချင်မိတယ်။ ဒါမှသာ အကန့်အသတ်မဲ့နတ်ဆိုးဂိုဏ်း ရဲ့ အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပြီး သူနဲ့ အတူ အဖော်နှစ်ယောက်ရဲ့ အဆင့်တွေ မြင့်တက်လာမှာလေ။

သူ အဆင့်ရှစ် ဖြစ်တော့ ဘာဖြစ်လဲ။ ငါလည်း အမြန်ဆုံး အဆင့်ရှစ် ရောက်အောင် လုပ်နိုင်တယ်။ သခင်လေးဟိုင် က သတင်းစာကို ဘေးတစ်ဖက် ကို လွှင့်ပစ်လိုက်တယ်။

ငါက သခင်လေးဟိုင်ပဲ။

သခင်လေးဟိုင် က သူ့ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်နိုင်ပြီ ဖြစ်ပြီး အတွင်းစိတ်မိစ္ဆာဆိုးကို ဖျက်ဆီးနိုင်ခဲ့ပါပြီ။

ဒီအချိန်မှာတော့ မိစ္ဆာနတ်ဘုရားအရူး က သတိမေ့မျောနေရာကနေ နိုးထလာခဲ့ပြိ ဖြစ်ပြီး အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းကို မြန်မြန်ပဲ ပြန်လာခဲ့တယ်။ သူတော်စင်ဗိုလ်ကျသူစွန်း ရဲ့ လျှို့ဝှက်ချက် နဲ့ ပတ်သက်ပြီး သူ့ရဲ့ ဂျူနီယာလေး ဖြစ်တဲ့ သခင်လေးဟိုင်ကို ပြောပြရပါမယ်။

ဒီအတောအတွင်း ဘိုင်ဇူး ရဲ့ အင်မော်တယ်ဂူကို ပြန်ရောက်ပြီးတဲ့နောက် ရူဟန်က ရှီလျှျ့ဆီက သူ့ပစ္စည်းတွေ ပြန်ယူလိုက်တယ်။

ပြီးနောက် သူက စားလိုက်၊ လေ့ကျင်လိုက်၊ နားလိုက် ၊ စားလိုက်နဲ့ သံသရာ လည်နေတယ်။ ဒီလိုနဲ့ပဲသူက နောက်တစ်နေ့ မိုးလင်းတဲ့အထိ လေ့ကျင့်နေလိုက်တယ်။ ဒီအချိန်မှာတော့ ကျင့်ကြံခြင်းက အရမ်းကို ပျင်းစရာကောင်းတဲ့ ကိစ္စ ဖြစ်လာတယ်။

ဒီလိုနဲ့ပဲ နောက်တစ်နေ့ကို ရောက်ရှိလာတယ်။

ပထမတော့ သူ့မိဘတွေရှိတဲ့ ဝန်ကျန်းကို ပြန်ဖို့ စဉ်းစားထားတယ် ဆိုပေမဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေ ဖြစ်လာတာကြောင့် ပြန်လို့ မဖြစ်တော့ပါဘူး။ ရှောက်ချိုက် နဲ့ ကြက်သွန်လေး တု့ိက အတွင်း စိတ်မိစ္ဆာ ကပ်ဘေးကို ရင်ဆိုင်နေရတယ်။ သူက ထားခဲ့လို့ မဖြစ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now