အပိုင်း (၁၁၆၉)

100 22 0
                                    

#Unicode


နှစ်တစ်ထောင်အတွင်း ဆဌမမြောက် သူတော်စင်။

ရူဟန် ရဲ့ အတွေးကို လိုက်မမှီသလိုမျိုး မြောက်ပိုင်းအင်ပါယာက ခံစားလိုက်မိတယ်။ သူတို့က အကာအကွယ် အကြောင်း ပြောနေကြတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး လက်ရမ်းအကြောင်းက ပါလာရတာလဲ။

"အင်း.. လက်ရမ်းလေ" ရူဟန် က ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

မြောက်ပိုင်းအင်ပါယာက မေးလိုက်တယ် "ငါ့ကို ပြော ..မင်းက လက်ရမ်းကို ဘာလုပ်ဖို့လဲ။.အင်မော်တယ်လှေ လို မှော်ရတနာမျိုး မင်းလိုချင်လို့လား"

ရူဟန်က ခေါင်းကို ယမ်းခါလိုက်တယ်။ သူက သူ့သိုလှောင်လက်ကောက် ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်တယ်။ စာရွက်ပေါ်မှာတော့ သူ မကြာသေးခင်ကမှ ဆွဲထားတဲ့ လက်ရမ်းတွေပါတဲ့ ရတနာဓားမော့ ကြီးရဲ့ ပုံရှိနေတယ်။

သူက လက်ရမ်းပုံစံ အမျိုးမျိး ကို စဥ်းစားထားတာ ဖြစ်တယ်။

ရူဟန်က ပြောလိုက်တယ် "စီနီယာ .. ကြည့် ။ မင်းက ဓား ဒါမှမဟုတ် ဓားမော့ မှာ လက်ရမ်းတစ်ခု ထည့်လိုက်မယ် ဆိုရင် အမြင့်ကြောက်တဲ့ လူတွေကို ကူညီသလို ဖြစ်သွားမယ်။ ဓားပျံ စီးနင်းရာမှာ လုံခြုံမှုကို ပိုပြီး ခံစားရစေမယ်။ လက်ရမ်းပါတော့ စိတ်တည်ငြိမ်တာပေါ့"

မြောက်ပိုင်းအင်ပါယာ "......."

ချီးတဲ့မှ .. မင်းငါ့ကို လာနောက်နေတာလား။ မင်းက ဓားပျံစီးနိုင်နေပြီလေ။ ပြုတ်ကျမှာကို ကြောက်နေရသေးတာလား။

ရူဟန်က ပြောလိုက်တယ် "စီနီယာ .. ဖြစ်နိုင်လား။ ငါ ဝေလအရိုးကို အသုံးပြုပြီး လက်ရမ်းလုပ်ရင် အရမ်းကောင်းမယ် မဟုတ်လား။" အထူးသဖြင့် သူတော်စင်ချီကွား က ကျွန်းတစ်ခု စာလောက် ကြီးမားတယ်လေ။ ဒါကြောင့် လိုတဲအရိုးအနည်းငယ် ဆွဲနှုတ်ပြီး အသုံးပြုလိုက်ရုံပါပဲ။

မြောက်ပိုင်းအင်ပါယာ "....."

ပထမ မြောက်ပိုင်းအင်ပါယာက ရူဟန် အတွက် မှော်ရတနာ တစ်ခု ဒါမှမဟုတ် နှစ်ခု လောက်ကို ကိုယ်တိုင်ပြုလုပ်ပေးချင်ခဲ့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now