အပိုင်း (၁၂၂၆)

71 13 0
                                    



ကြင်နာမှု။

ကောင်းကင်နီဓားက ပြောလိုက်တယ် "သံသရာလည်ပြီးတဲ့နောက်မှာတော့ ငါတို့ ဒီဌာနခွဲကို ဧည့်သည် အဖြစ် သွားရတော့မယ်။ မင်းကို ပြောချင်တဲ့ စကားတစ်ခုပဲ ရှိတယ်။ သူတော်ကောင်းစိတ် ထားဖို့ပေါ့ကွာ။"

ရူဟန်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ သူ ဘာဆက်ပြောရမှန်း မသိဖြစ်သွားတယ်။

ခဏလောက်ကြာတော့ အမဲရောင်ဝတ်စုံ နဲ့ လူက ရူဟန်ကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားအားလုံး စည်းလုံးပြီး မိသားစု ဖြစ်ရမည် အဖွဲ့အစည်းရဲ့ မြင်းဌာနခွဲ ရွာအဝင်ပေါက်ကို ခေါ်လာတယ်။

အမဲရောင်ဝတ်စုံ နဲ့ လူက ရွာအဝင်ဝမှာ ရပ်ပြီး အော်လိုက်တယ် "အားလုံးကို သတင်းကောင်း တစ်ခု ပြောချင်တယ်။ ငါ့ဘေးနားကလူက ...."

ရွာသားတွေက ရူဟန်ကို နွေးထွေးစွာ ကြိုဆိုလိုက်ကြတယ် "အမဲရောင်မြင်း ဌာနခွဲက ဆရာကြီးရဲ့ ညွှန်ပြမှုကို ကြိုဆိုပါတယ်။"

ကြိုဆိုတဲ့ စကားသံက လှိုင်းလိုပဲ ညိမ့်ညောင်းစွာ ထွက်ပေါ်လာတယ်။ ဒါက လေ့ကျင့်ထားတာ ဖြစ်ကြောင်း ပေါ်လွင်လှတယ်။

အမဲရောင်ဝတ်စုံနဲ့ လူ ရဲ့ မျက်နှာက မဲမှောင်သွားတယ်။ သူက ထအော်လိုက်တယ် "မင်းတို့တွေ .. ငါ ပြောတာကို အရင်ပြီးအောင် စောင့်ကြပါအုန်း"

ရွာသားတွေက တိတ်ဆိတ်သွားတယ်။

အမဲရောင် ဝတ်စုံ နဲ့ လူက အော်လိုက်တယ် "အဟွတ် ... အချက်အလက်တွေ အရဆိုရင် လိပ်ဆရာကြီးက မကြာခင် ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ငါက တကယ့်ကို ကြီးမြင့်တဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ် နဲ့ လမ်းမှာ တွေ့ခဲ့တယ်။ သူက တော့ နှစ်တစ်ထောင် အတွင်း ပထမဆုံး သူတော်စင် ဗိုလ်ကျသူစွန်းပဲ။ ဒီလူက မကြာသေးခင်ကမှ ကံကြမ္မာပြပွဲ ပြသထားတာ။ ငါတို့ သူတော်စင် ဗိုလ်ကျသူစွန်းကို ကြိုဆိုလိုက်ကြစို့"

ရွာသားတွေက တိတ်ဆိတ်နေကြတယ်။ သူတို့က ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကိုတောင်မှ မသိတော့ပါဘူး။

ဒါပေမဲံ အသက်နှစ်ရှိုက်စာလောက်ကြာတော့ ချီးမွမ်းသံတွေ ထွက်ပေါ်လာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Onde histórias criam vida. Descubra agora