အပိုင်း (၁၁၉၃)

87 26 0
                                    


#Unicode


အင်မော်တယ်တွေ သွားပုန်းတော့မယ်။

ရူဟန် က စိတ်ဝင်တစား နဲ့ မေးလိုက်တယ် "အကန့်အသတ်မဲ့ အနာဂတ်လား။ တာအိုရောင်းရင်း ကောင်းကင်နီဓား .. မင်း ကြက်သွန်လေး အကြောင်း ပြောနေတာလား။"

ကောင်းကင်နီဓား က သူ့ရဲ့ဓားထိပ်ကို အသုံးပြုပြီး ခေါင်းညိတ်ပြလိုက်တယ် "အင်း"

"ဘယ်လို အကန့်အသတ်မဲ့တာလဲ။" ရူဟန် က ထပ်ပြီး မေးလိုက်တယ်။ ကြက်သွန်လေး ရဲ့ ဘဝ ပုံစံက သာမာန် သေမျိုးတစ်ယောက်လိုပါပဲ။ ဘယ်လိုဖြစ်ပြီး အကန့်အသတ်မဲ့တဲ့ အနာဂတ်ကို ပိုင်ဆိုင်သွားရတာလဲ။

"ငါ လည်းသေချာမပြောနိုင်ဘူး" ကောင်းကင်နီဓားက သူ့ဓားကိုယ်ထည် ကို လှုပ်ခါပြီး ပြောလိုက်တယ်။

ပြီးတော့ ဒီကြက်သွန်လေးက အနာဂတ်မှာ ကောင်းကင်ဆန္ဒအုပ်စိုးသူ ဖြစ်လာမယ်လို့ ပြောလိုက်ရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

ဒီအချိန်မှာပဲ မြောက်ပိုင်းအင်ပါယာ က မျက်မှောင်ကုတ်ပြီး အကူအညီမဲ့သလို ဟန်ပန်တွေက သူ့မျက်နှာထက်မှာ ပေါ်လာတယ် "ဟင်း .. ကြည့်ရတာ ငါတော့ အစားကောင်းကောင်းစားဖို့ ဒီမှာနေလို့ မရတော့ဘူး"

ပြောပြီးတဲ့နောက် သူက ရူဟန်ဘက်ကို လှည့်ကြည့်လိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. ငါ ဒီကမ္ဘာကြီးပေါ်ကနေ အနားယူပြီး အချိန်အတိုင်းအတာ တစ်ခုထိ သိုသိုသိပ်သိပ် နေမယ်"

ရူဟန်က မေးလိုက်တယ် "ဒါက ကောင်း ... အဲဒီ .. အဲဒီအရာ နဲ့ ဆက်စပ်နေလို့လား။" သူက ကောင်းကင်ဆန္ဒအုပ်စိုးသူ ဆိုတဲ့ စကားကို ပြောမိတော့မလို့ပါပဲ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ပါးစပ်ကို ဘရိတ်အုပ်လိုက်နိုင်ခဲ့တယ်။

"အင်း.. ပတ်သက်နေတာပဲ" မြောက်ပိုင်းအင်ပါယာ က ဆက်ပြီး ရှင်းပြလိုက်တယ် "အဲဒီ [ကောင်းကင်] က လက်ရှိမှာ အားနည်းနေတယ်။ ဒါကြောင့် သူ့တည်ရှိမှု အဆုံးသတ်က အမှတ်စဉ် ရေတွက်နေပြီ။ နောက်ဆုံးအချိန်မှာ အပြင်းထန်ဆုံး နှောက်ယှက်လိမ့်မယ်။ ဒီအတောအတွင်း အမတ လမ်းစဉ် ကို လှမ်းတက်ပြီးသား အင်မော်တယ်တွေနဲ့ ထိပ်တန်း ကပ်ဘေးလွန်အဆင့်တွေက သူ့ရဲ့ ပစ်မှတ်ဖြစ်လိမ့်မယ်။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Where stories live. Discover now