အပိုင်း (၁၁၇၄)

99 24 0
                                    


#Unicode


အရှေ့တောင်ဘက်ကိုင်းမှာ ချိတ်ဆွဲခံရတာကို ဘာကမှ မယှဉ်နိုင်ဘူး။

မွန်းစတား သစ်ပင် က သူမရဲ့အကိုင်းအခတ်တွေကို ဆန့်ထုတ်ပြီး ရွှေ့သစ်ပင်ဆီမှ သစ်သီးတွေကို ခူးယူလိုက်တယ်။ ပြီးနောက် သူမ သခင်ဆီကို ကမ်းပေးလိုက်တယ်။

သူမ က အမြန်ဆုံးလှုပ်ရှားနေတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ ရွှေသစ်ပင်ဆီမှ ဘယ်ရီသီး တစ်ဝက်လောက် က ခူးပြီးသွားပါပြီ။ သူမ က သစ်သီးတွေကို သစ်သားသေတ္တာထဲ ထည့်ပြီး စီနီယာအဖြူဆီကို ပေးလိုက်တယ်။

ရတနာကောက်သူ မွန်းစတားသစ်ပင် ဖြစ်တဲ့ချင်းဝူ က သူမ ကိုယ်ထဲမှာများပြားလှတဲ့ ပစ္စည်းတွေ ရှိနေတဲ့ သိုလှောင်အိတ်တွေ အများအပြားရှိတယ်။ ဒီပစ္စည်းတွေကတော့ ပုလင်းတွေ၊ သေတ္တာတွေ ၊ ပြီးတော့ ရတနာထည့်လို့ ရတဲ့အရာတွေပဲ ဖြစ်တယ်။

ရတနာတွေ ကောက်ယူတဲ့နေရာမှာ သူမ က ပရော်ဖက်ရှင်နယ် ကျလာတယ်။

စီနီယာအဖြူက သေတ္တာထဲက ဘယ်ရီသီးတွေကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ သူ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

အရသာက အရမ်းကောင်းတယ်လေ။

❄️❄️❄️

ကိုးစီရင်စု ဂရု ထဲမှာတော့ ...

ရူဟန် "ဒီအသီးက တကယ်ပဲ စားလို့ရတာလား"

မြောက်ပိုင်းမြစ် "သူငယ်ချင်းလေး ရူဟန် ရဲ့လာမီယာလိုပဲ စီနီယာအဖြူရဲ့ သီလသစ်ပင် က ပြောင်းလဲမှု တစ်ချို့ ဖြစ်လာမှာ ငါစိုးရိမ်မိတယ်"

လိုင်ချီး "ရူဟန် ရဲ့ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည် က ကြာပန်းတွေကို စားလို့ရတယ်ဆိုတာ ငါမှတ်မိပြီ။ ရူဟန် .. မင်းက စီနီယာအဖြူ ကို ဖျက်ဆီးခဲ့တာပဲ:"

ဘာလို့ ရှိသမျှ အပြစ်အားလုံး ငါ့ခေါင်းပေါ် ပုံချနေတာလဲ။

ရူဟန်က ရယ်ရမလား ငိုရမလား မသိစွာနဲ့ ပြောလိုက်တယ် "ဒါကြောင့် ငါ့ိကို အပြစ်တင်လို့မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။ ဒီရွှေဘယ်ရီသီးတွေက တကယ်ပဲ စားလို့ရတယ်ဆိုတော့ စကြာဝဋ္ဌာတစ်ခုလုံးမှာ ရှိတဲ့ကျင့်ကြံသူတွေ အားလုံးက စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခု ကို မြင်ရတော့မယ်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Tempat cerita menjadi hidup. Temukan sekarang