အပိုင်း (၁၂၁၀)

84 21 0
                                    

#Unicode


ကောင်းကင်ဘုံကပ်ဘေးရဲ့ ဂုဏ်သိက္ခာ။

ရှေးကောင်းကင်ဘုံမြို့ခေတ်ကတည်းက နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် မှော်ရတနာကို အဆင့်ငါး မရောက်ခင်အောင်မြင်အောင် ပေါင်းစပ်နိုင်သူ က နှစ်ယောက်ပဲ ရှိတယ်။

အခု ကောင်းကင်ဘုံကပ်ဘေးမှာ ပေါင်းစပ်နေတဲ့ နည်းလမ်းက ဘယ်သူ့ရဲ့ နည်းလမ်းလဲ ဆိုတာကို ရူဟန်က သိချင်သွားတယ။်

အရိုးသားဆုံး ပြောရရင် သူ့အတွက် နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် မှော်ရတနာ သုံးဆယ့်သုံးခု ကို ပေါင်းစပ်လိုက်ချိန်မှာ စက်ရုပ်ကြီးတစ်ခု ဖြစ်တည်သွားတာ ကိုလိုချင်တယ်။ ပြီးတော့ ယောကျ်ားလေး တိုင်း ရဲ့အိမ်မက် က ကိုယ်တိုင် စက်ရုပ်ကြီးတစ်ခု တည်ဆောက်နိုင်ဖို့ပဲ ဖြစ်တယ်။ ဒီအိမ်မက် က ကောင်းကင်ပေါ်ကို ပျံသန်းဖို့ စိတ်ကူး အိမ်မက် နဲ့ တန်းတူ နီးပါးလောက် ရှိတယ်။ ပြီးတော့ ပျံသန်းနိုင်တဲ့ စက်ရုပ်ကြီးဆိုရင် စိတ်ကူးအိမ်မက် နှစ်ခုက တစ်ခုတည်း ပေါင်းစပ်ပြီးသား ဖြစ်သွားမယ်လေ။

တွေးကြည့်လိုက် ... တိုက်ခိုက်နေတုန်း သူက မှော်ရတနာသုံးဆယ့်သုံးမျိုးကို ထုတ်ပြီး ပေါင်းစပ်လိုက်မယ်။ နောက်တော့ ကြီးမားတဲ စက်ရုပ်ကြီး တစ်ရုပ်က သူ့နောက်မှာ ပေါ်လာမယ်။ ဘယ်လောက် ကြမ်းလဲ။

"Crack, crack!" မှော်ရတနာသုံးဆယ့်သုံးမျိုးက ပေါင်းစပ်ပြီးတဲ့နောက် ကောင်းကင်ပေါ်က လျှပ်စီးတွေ ၊ မိုးကြိုးတွေက ပျောက်ကွယ်သွားတယ်။

နောက်တော့ လေထဲမှာ ကြီးမားတဲ့ Rubik's Cube ကြီး (မျက်နှာပြင်တစ်ဖက်ကို အရောင်တူ ဖြစ်အောင် လှည့်ပြီး ဆော့ရတဲ့ လေးထောင့်တုံး) ပေါ်လာတယ်။ နောက်တော့ Rubik's Cube ကြီး ဆက်တိုက်ပဲ လှည့်ပတ် ပြောင်းလဲနေတယ်။

ရူဟန် "....."

ကောင်းကင်ဘုံ .. ဒါဘာလဲ။

မှော်ရတနာသုံးဆယ့်သုံးမျိုးကို ခက်ခက်ခဲခဲ ရှာဖွေပြီး ပေါင်းစပ်လိုက်ချိန်မှာ ခန့်ညားပြီး ကြောက်ဖို့ ကောင်းတဲ့ အရာဖြစ်ပေါ်မလာဘဲ ဒီလို Rubik's Cube ကြီး ဖြစ်သွားမှာလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora