အပိုင်း (၁၂၂၁)

83 18 0
                                    


မင်းသွားရင်ရော ဘယ်လိုလဲ။

(ရီစင့် မင်းဆီမှာ ခန်းမသခင်ချူကို ဆက်သွယ်ဖို့ တခြားနည်းလမ်းရှိလား) ရူဟန်က မေးလိုက်တယ်။

ရီစင့်က ပြန်မပြောပါဘူး။ သူမ က အတွင်းစိတ်မိစ္ဆာကပ်ဘေးကို ကျော်ဖြတ်ရင်းတန်းလန်း ဖြစ်နေတယ်။ ဒါကြောင့် တစ်ချိန်လုံး စိတ်ကို နှစ်ပိုင်းခွဲထားလို့ မဖြစ်ပါဘူး။

ကြည်လင်သလင်း ခန်းမဆောင်တစ်ခုလုံး ပြောင်းပြန်လန်နေတာလား။ ရူဟန် က တွေးလိုက်တယ်။

သူက ခေါင်းမော့ပြီး ပြတင်းပေါက် အပြင်ကို ကြည့်လိုက်တယ်။ အပြင်ဘက်ဆီက အချက်ပြသံတွေ ဘာတွေ ကြားရမလား ဆိုပြီးတော့ပါ။ ဘယ်သူသိနိုင်မှာလဲ ။ တာအိုရောင်းရင်း ထီး က သဲလွန်စ တစ်ခုခု ရှာတွေ့နိုင်တယ်လေ။

ဒါပေမဲ့ အများကြီး မျှော်လင့်မထား ရဲပါဘူး။ အချက်ပြမှု ပေါ်လာရင် ကောင်းမှာ ဖြစ်ပေမဲ့ မပေါ်လာရင်လည်း ကိစ္စမရှိပါဘူး။

ကြည်လင်သလင်းခန်းမဆောင်က သူလာတုန်းကအတိုင်းပဲ ရှိနေပါတယ်။ တပည့်တွေရဲ့ မျက်လုံးတွေက ဝေဝါး တွေဝေနေပြီး ခံစားချက် ကင်းမဲ့နေတယ်။ ပြောင်းလဲသွားတာ တစ်ခုပဲ ရှိပါတယ်။ ကြည်လင်သလင်းခန်းမဆောင် ရဲ့ ကောင်းကင်ပေါ် က လေပွေငယ်လေး က တော့ ကြီးကြီးလာတယ်။

ရူဟန်က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "လှုပ်ရှားဖို့ အချိန်တန်ပြ။ ငါတို့ လေပွေ ရဲ့ အလယ် တည့်တည့်ကို ကြည့်ရမယ်။ အဲမှာ ခန်းမသခင်ချူ ရှိနေနိုင်တယ်။"

သူက မမြင်ရတဲ့ဓားမော့ ပိုးကောင်ကို ထုတ်ယူပြီး ပြတင်းပေါက်ကနေ ပျံသန်းထွက်ခွာလိုက်တ်ယ။

သူ့နောက်မှာတော့ ဝေလငါးစီးနင်းထားတဲ့ လာမီယာ က လိုက်ပါလာတယ်။

ရူဟန်က ပြတင်းပေါက်မှ ထွက်လိုက်ချိန်မှာတော့ အနားက ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရတယ်။

ဒီခံစားချက် .. ဒါက တည်နေရာစွမ်းအင် လှုပ်ရှားမှုလား။

ခန်းမသခင်ချူ ရဲ့ ပြတင်းပေါင်က တည်နေရာ ဂိတ်တံခါး တစ်ခုလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၃)Donde viven las historias. Descúbrelo ahora