အပိုင်း(၃၈) အနက်ရောင်သစ်တောတောင်တန်း

34 7 0
                                    

သူရိန်နေမင်းက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်းမြင့်တက်လာခဲ့သလို ၎င်းရဲ့အလင်းရောင်က ဇူအင်ပါယာတော်ဝင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"မဆိုးဘူး... ငါတို့ဇူကလန်ရဲ့ မြင့်မြတ်တဲ့နဂါးက မျှော်မှန်းထားခဲ့တဲ့အတိုင်းပဲ သားက သားရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ ဖွင့်နိုင်ခဲ့တယ်..." ထမင်းစား စားပွဲမှာ ဇူချင်က သားရဲကိုးကောင်စွပ်ပြုတ်ခွက်ကို မော့သောက်နေတဲ့ ဇူယွမ်ကို အားရကျေနပ်သည့်မျက်နှာဖြင့် ကြည့်လျက်မှပြောသည်။

ဇူယွမ်တစ်ခွက်လုံး ကုန်အောင်သောက်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ထဲက အပူလှိုင်းတွေမြင့်တက်လာခဲ့တာကို စတင်ခံစားလိုက်ရသည်။ သူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး ဆန်းကြယ်သလင်းကျောက်ထမင်းထည့်ထားတဲ့ခွက်ကို မယူလိုက်ကာ စားပွဲပေါ်မှာ အသင့်ပြင်ဆင်ထားတဲ့ မူလမှော်သားရဲအသားတွေနဲ့ရောကာ အငမ်းမရမျိုချလိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်စွမ်းရည်က မြင့်တက်လာခဲ့သလို သူ့ရဲ့နေ့စဉ်လေ့ကျင့်မှုတွေမှာ စွမ်းအင်လုံလောက်အောင်အသုံးပြုနိုင်ဖို့အတွက် သူစားနေကျအစားအစာထဲမှာ ပိုပြီးအာဟာရဖြစ်စေနိုင်မဲ့ မူလမှော်သားရဲအသားတွေကို ထပ်ပေါင်းထည့်ခဲ့ရသည်။

သူရဲ့စားသောက်မှုပြီးဆုံးသွားတဲ့နောက်မှာ ဇူယွမ်က ဇူချင်ကို ပြုံးပြလိုက်သည်။ ခဏအကြာမှာ ဇူယွမ်က သူ့ရဲ့ခေါင်းကို ညှိုးငယ်စွာခါယမ်းပြလိုက်ရင်းမှ ပြောလိုက်သည်... "ဒါပေမဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက ပိုပြီးလျော့နည်းလာခဲ့တယ်... ကျွန်တော့်ရဲ့ ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ပိုပြီးမြန်အောင်ဖွင့်နိုင်ဖို့ တခြားနည်းလမ်းတွေကို စဉ်းစားဖို့လိုအပ်တယ်..."

သူ့ရဲ့ဝင်ပေါက်ဖွင့်ခြင်းက သာမန်လူတွေထက် များစွာပိုပြီးခက်ခဲမှုရှိသည်။ သာမန်နည်းလမ်းတွေက အချိန်များစွာ ကုန်ဆုံးရပေလိမ့်မည်။ ဇူယွမ့်အနေနဲ့ ဒီလိုမျိုးမဖြစ်စေချင်တာ ထင်ရှားလှပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now