အပိုင်း(၆၄) ဆရာယင်

28 2 0
                                    


မီးပုံဘေးရှိသူ့ရဲ့နေရာကို ပြန်ရောက်လာသည့်အခါ သူ့ကိုကြည့်နေကြသည့် လူတိုင်းရဲ့အကြည့်တွေက ပြောင်းလဲသွားခဲ့တာကို သူကရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့ရသည်။ နောက်ထပ်စမ်းသပ်မှုတွေ ထပ်မလုပ်ခဲ့ကြပေမဲ့ ထိုအစားသူတို့မှာ စိတ်ကျေနပ်မှုတွေနဲ့ အံ့အားသင့်မှုတွေသာ ဖြစ်ပေါ်လာခဲ့ကြသည်။

"ကြည့်ရတာ နင်ကချီယွဲ့ကို တကယ်ပဲအနိုင်ယူနိုင်ခဲ့တာပဲ..." ဝေချင်းချင်းရဲ့မျက်လုံးတွေက အံ့အားသင့်မှုအရိပ်အယောင်တွေ တောက်ပနေခဲ့ရကာ ဇူယွမ်ကိုစိုက်ကြည့်၍ပြောလိုက်၏။ သူမအနေဖြင့် အရင်တုန်းက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ဇူယွမ်ရဲ့စွမ်းဆောင်ရည်ကိုကြားခဲ့ရစဉ်က အနည်းငယ်သံသယရှိခဲ့ပေမဲ့ အစောပိုင်းဇူယွမ်ရဲ့အထင်ကြီးလောက်စရာတိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရပြီးနောက်မှာ သူမကိုယ်တိုင်တောင် အံ့အားသင့်တုန်လှုပ်သွားခဲ့မိရသည်။

ချီစုဆောင်းမှုအဆင့်အောက်က ကျင့်ကြံသူအနည်းငယ်ကသာ ဒီတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။

"ငါ့အနေနဲ့ အရင်တုန်းက မျက်စိလျှမ်းသွားခဲ့ရတယ်... ကျေးဇူးပြုလို့ ဒီတစ်ခွက်ကို ငါ့ရဲ့တောင်းပန်မှုအဖြစ်လက်ခံပေးပါ..." ဝေချင်းချင်းက သူမရဲ့သေရည်ခွက်ကို ဇူယွမ့်ထံမြှောက်ပြလိုက်ပြီး တစ်ကျိုက်တည်းမော့သောက်ချလိုက်သည်။

သူမရဲ့လှုပ်ရှားမှုတွေက ယုံကြည်မှုအပြည့်ရှိနေခဲ့ရကာ လိမ်ညာတဲ့အရိပ်အယောင်တစ်စွန်းတစ်လေမျှပင် ပါဝင်မနေခဲ့ပေ။

ဇူယွမ်ကလည်း ပြုံးလျက်သူ့ရဲ့သေရည်ခွက်ကိုမြှောက်ပြလိုက်ပြီး မော့သောက်လိုက်သည်။ ဝေချင်းချင်းရဲ့အစောပိုင်းထေ့ငေါ့တဲ့အပြုအမူတွေက သူ့ကိုအနည်းငယ်စိတ်မကျေနပ်မှုဖြစ်သွားစေခဲ့ရပေမဲ့ အခုအချိန်မှာ ဒါတွေကအဝေးကိုလွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။ ဒါ့အပြင် သူမရဲ့လက်ရှိသဘောထားကြောင့် သူ့အနေနဲ့အနည်းငယ်တော့ စိတ်ကျေနပ်မှုရှိခဲ့ရသည်။

ဝေချင်းချင်း၏ဘေးတွင်ထိုင်နေသည့် ဝေတင်းက ဟန်လုပ်၍ပြုံးလျက်မှပြောသည်... "ဟီးဟီး... မင်းသားလေးဇူယွမ်မှာ အမှန်တကယ်ကို စွမ်းရည်အချို့ရှိနေတာပဲ... ဒါပေမဲ့လည်း ကန်းလန်စီရင်စုရဲ့နောက်မှာရှိနေတဲ့ အဆိပ်ရေအိုင်က အရမ်းကိုအန္တရာယ်များလှတယ်... ဝင်ပေါက်ရှစ်ခုဖွင့်ထားနိုင်တဲ့ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရရှိခဲ့ရုံနဲ့ အပြည့်အဝလုံခြုံမှုရှိနိုင်တယ်လို့ မဆိုနိုင်ဘူး... မင်းသားလေးဒီမှာရှိနေစဉ်အချိန်အတွင်းမှာ ကိုယ့်ကိုကိုယ်အနည်းငယ်ပိုပြီးဂရုမစိုက်နိုင်မှာကို ငါစိုးရိမ်မိတယ်..."

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now