နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)အပိုင်း(၈၇) သတ်ဖြတ်ခြင်း
"တိုက်စားခြင်း..."
ဇူယွမ်တစ်ယောက် ကောင်းကင်ယွမ်စုတ်တံပေါ်ရှိ ဒုတိယမှော်စာလုံးကို စိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက်မှာ သူကရယ်မောလိုက်ပြီး... "ကောင်းကင်ယွမ်စုတ်တံက ငါထင်ထားခဲ့သလိုပဲ တကယ့်ကိုအထင်ကြီးလောက်စရာပဲ..."
သူ့အနေနဲ့ ကောင်းကင်ယွမ်စုတ်တံရဲ့ ပထမမှော်စာလုံးကို လပေါင်းများစွာအကြာတည်းက အသက်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဲ့ဒီနောက်ပိုင်းအချိန်တွေမှာ ဇူယွမ်က ၎င်းကိုမှော်သားရဲဝိညာဉ်တွေဖြင့် အင်အားပြန်လည်ဖြည့်တင်းခြင်းကို မရပ်တန့်ခဲ့ပေ။ ဒါတောင်မှပင် ကောင်းကင်ယွမ်စုတ်တံ၏ဒုတိယမှော်စာလုံးက အဆိပ်ရေအိုင်အတွင်းဝင်ရောက်ခဲ့ပြီး ဆယ့်ငါးရက်အကြာမှသာ နိုးထလာခဲ့ရသည်။
နိုးထလာသည့်မှော်စာလုံးကို 'တိုက်စားခြင်း'လို့ခေါ်ပေသည်။
ချီဟောင်ရဲ့မျက်နှာထက်မှာ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ရပြီး သူကမယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်... "မင်းငါ့ကိုဘာလုပ်ခဲ့တာလဲ..."
ဇူယွမ်ကသူ့ကိုကြည့်လိုက်သလို သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံကလည်း ရုတ်တရက်တုန်ခါလာခဲ့သည်။ သေချာကြည့်လိုက်မယ်ဆိုရင် စုတ်တံရဲ့ထိပ်ဖျားက အချက်ပြလိုက်သလိုလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့လိုက်သည်ကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ထိုအခိုက်အတန့်မှာပင် ချီဟောင်ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့ရသည်။ မြင်နိုင်ရုံမျှသာရှိသည့် စုတ်တံထိပ်ဖျားရှိ နှင်းလိုဖြူဖွေးပြီးပါးလျတဲ့အမွှေးတွေက သူ့ရဲ့ချွေးပေါက်တွေမှတစ်ဆင့် လမ်းကြောင်းဖောက်ကာ ပြန်လည်ထွက်ခွာလာသည့်အတွက် ချီဟောင်တစ်ယောက် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်မိသည်။
သူတို့တွေကများစွာသော မူလချီစွမ်းအားတွေကို စုပ်ယူခဲ့ပြီးနောက်မှာ စုတ်တံအမွှေးတွေက တောက်ပလင်းလက်လာခဲ့သည်။ ထို့နောက်မှာ များစွာသောငှက်တွေ သူတို့ရဲ့အသိုက်ကို ပြန်လာခဲ့သည့်အလား စုတ်တံအမွှေးတွေက ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ဖျားကို ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။