နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)အပိုင်း(၈၆) တိုက်စားခြင်း
ထန်း...
ရွှေရောင်လှံရှည်က လေထုကိုစုတ်ဖြဲ၍ စွမ်းအားပြည့်ဝစွာဖြင့် ရှေ့ကိုတိုးဝင်သွားခဲ့ပေမဲ့ စုတ်တံတစ်ချောင်းနဲ့တွေ့ဆုံကာ တားဆီးခြင်းကိုခံခဲ့လိုက်ရသည်။ သူတို့နှစ်ခုတွေ့ဆုံမှုမှ 'ထန်း'ဆိုသည့် ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရသလို အားလှိုင်းတစ်ခုကလည်း အပြင်ဘက်သို့လွင့်ပျံထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်နဲ့ ချီဟောင်တို့နှစ်ယောက်စလုံး နောက်တစ်ကြိမ်နောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။
သူတို့ရဲ့အမူအယာတွေက အလွန်အမင်းအေးစက်နေသကဲ့သို့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာလည်း မူလချီတွေက အပြင်းအထန်လှုပ်ရှားနေခဲ့ရပေသည်။ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း သွေးစီးကြောင်းတွေကို မြင်တွေ့ရနိုင်ပြီး ၎င်းကအစောပိုင်းပြင်းထန်သည့်တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာခဲ့ရသည့်သွေးတွေဖြစ်ကြောင်း သက်သေခံနေပေသည်။
ဒါကိုကြည့်ရုံမျှဖြင့်ပင် သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်လိုက်မည်လဲဆိုသည်ကို မြင်တွေ့နိုင်သည်။
ချီဟောင်က သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်လိုက်ပြီး အေးစက်စွာရယ်မောလိုက်မိသည်။ သူက သူ့လှံရှည်ရဲ့အောက်ခြေကို မြေပြင်ပေါ်သို့ဆောင့်ချလိုက်ပြီး တိုးညှင်းသည့်လေသံဖြင့်ပြောလိုက်သည်... "မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်..."
သူ့ရဲ့စကားသံပျောက်ကွယ်သွားသကဲ့သို့ ရွှေရောင်အလင်းတွေက ရုတ်တရက်သူ့ရဲ့အရေပြားအောက်မှ ထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတွေနဲ့ ဖုံးလွှမ်းသွားခဲ့ရသလို သူ့ကိုလည်းရွှေနဲ့ပြုလုပ်ထားသည့် လူသားတစ်ယောက်အလားဖြစ်စေခဲ့ရသည်။
ရွှေရောင်အလင်းထွက်ပေါ်လာသည်နှင့်တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်တွေကလည်း ပျောက်ကွယ်သွားခဲ့ရသည်။

YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။