"အမှန်ပဲ..."
ဇူချင်ခေါင်းကိုသာ ညိတ်လိုက်မိသည်။ အရင်တုန်းက သူသာအသုံးကျတဲ့အဖေနဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဇူယွမ့်အနေနဲ့ နဂါးဒေါသအဆိပ်ကြောင့် ဒုက္ခတွေခံစားခဲ့ရမည်မဟုတ်သလို ချင်ယုအနေနဲ့လည်း ဇူယွမ့်ကိုကယ်ဖို့အတွက် သူမရဲ့သက်တမ်းကိုအဖြတ်တောက်ခံပြီး သွေးအဆီအနှစ်များစွာကို အသုံးပြုရလိမ့်မည်မဟုတ်ပေ။
ဒီအရာတွေကြောင့်ပဲ သူကနှစ်ပေါင်းများစွာကြာအောင် သူ့ကိုယ်သူအပြစ်တင်နေခဲ့ရသည်။
ထို့ကြောင့်ပင် အခုလိုမျိုး လူတစ်ယောက်ရဲ့သက်တမ်းကို တိုးမြှင့်စေနိုင်တဲ့ရတနာရဲ့သတင်းက သူ့လက်ထဲကိုရောက်လာခဲ့ပြီးနောက်မှာ သူက ဒါကိုလွယ်လွယ်နဲ့ လက်လျှော့လိုက်လိမ့်မည်မဟုတ်ပေ။
ဇူယွမ်ရဲ့လှုပ်ရှားနေတဲ့နှလုံးက တဖြည်းဖြည်းတည်ငြိမ်သွားခဲ့ပြီး တိုးညှင်းတဲ့လေသံဖြင့်မေးလိုက်သည်... "အဖေ... ဒီသတင်းကို အတည်ပြုပြီးသွားခဲ့ပြီလား..."
ဇူချင်က ပြန်ပြောလိုက်သည်... "ဒါကအမှန်ပဲ... လူတစ်ယောက်က အဲ့ဒီရှေးဟောင်းနယ်မြေထဲကို မရည်ရွယ်ဘဲရောက်ရှိသွားခဲ့ရပြီးတော့ မီးဝိညာဉ်အစေ့နဲ့ ကျောက်စိမ်းသစ်သီးကို မြင်ခဲ့ရတယ်... ဒါပေမဲ့လည်း ဒီရှေးဟောင်းနယ်မြေကို စွမ်းအားမြင့်မူလမှော်သားရဲတစ်ကောင်စောင့်ကြပ်နေတဲ့အတွက် သူ့မှာရွေးချယ်စရာမရှိခဲ့ဘဲ အလျင်အမြန်ထွက်ပြေးလာခဲ့ရတယ်..."
"တကယ်လို့ ဒီသတင်းသာပျံ့နှံ့သွားခဲ့မယ်ဆိုရင် ချီအိမ်တော်ကလည်း ဒီသတင်းကိုကြားသွားလိမ့်မှာကို ကျွန်တော်စိုးရိမ်မိတယ်..." ဇူယွမ် သက်ပြင်းချလိုက်မိကာပြောသည်။ အကယ်၍ ချီအိမ်တော်ကသာ မီးဝိညာဉ်အစေ့ကို ရယူဖို့စီစဉ်ထားခဲ့မယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်လာရပေလိမ့်မည်။
ဒီအရာက ဘယ်အင်အားစုအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ အမှန်တကယ်အရေးပါလှသည့်အရင်းအမြစ်တစ်ခုပင်ဖြစ်ပေသည်။
ဒီလိုအရင်းအမြစ်တစ်ခုသာ လက်ထဲမှာရှိထားခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအားကို တိုးမြှင့်သွားစေနိုင်ပြီး စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် လွန်စွာအကျိုးရှိလိမ့်မည်ဖြစ်သည်။
![](https://img.wattpad.com/cover/321043865-288-k970745.jpg)
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasiနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။