၉၂

24 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၉၂) ရတနာ

မြေအောက်နန်းတော်တစ်ခုလုံးက လုံးဝပင်ငြိမ်သက်တိတ်ဆိတ်နေခဲ့ရသလို ဇူယွမ်နဲ့ စုယုဝေတို့ကလည်း အလင်းမျက်နှာပြင်ကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေလျက်ပင်ရှိသည်။ အချိန်အတော်ကြာပြီးနောက်မှ ထိုအလင်းမျက်နှာပြင်က မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသလို သူတို့တွေကလည်း နောက်ဆုံးမှာသူတို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ကြရသည်။

"ဘယ်လောက်တောင် ရက်စက်လိုက်တဲ့အပြစ်ပေးမှုလဲ... မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကို သူကဒီလိုအမြစ်ဖြတ်ချေမှုန်းသုတ်သင်ပြစ်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး..." ဇူယွမ်ရဲ့လေသံမှာ အနည်းငယ်သော ဝမ်းနည်းမှုတို့ပါဝင်နေပေသည်။

"ဒါတွေအားလုံးက သူတို့တော်ဝင်လူမျိုးစုရဲ့ပါရမီရှင်တွေ ဒီနေရာမှာ သေဆုံးသွားခဲ့ရတဲ့အတွက်ကြောင့်ပဲ..." စုယုဝေရဲ့မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့နေရပေသည်။ ဒီတော်ဝင်လူမျိုးစုလို့ခေါ်တဲ့နေရာမှလာတဲ့လူရဲ့အပြုအမူတွေက လွန်စွာမှပင်နိုင်လိုမင်းထက်ရှိလှကာ နှလုံးသားကင်းမဲ့လှပေသည်။

ဇူယွမ်ရဲ့အမူအယာက တင်းမာသွားခဲ့ရပြီး သူကဖြည်းညှင်းစွာရေရွတ်လိုက်မိသည်... "ဒီတော်ဝင်လူမျိုးစုဆိုတာက ဘာလဲ... သူတို့က မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကို ရိုးရှင်းတဲ့စကားလေးနည်းနည်းလောက်ပြောလိုက်ရုံနဲ့ အမြစ်ပြတ်ချေမှုန်းပြစ်နိုင်လောက်အောက် စွမ်းအားရှိလိမ့်မယ်လို့ ထင်မထားမိဘူး..."

ဒီကမ္ဘာကြီးက လွန်စွာမှပင်ကြီးမားကျယ်ပြန့်လှကာ သူမသိသေးသည့် အရာများစွာရှိနေသေးသည်။

ထို့နောက်မှာ ဇူယွမ်တစ်ယောက် သူ့ရဲ့ရင်ထဲမှာသက်ပြင်းတစ်ချက်ချလိုက်မိကာ ယောင်ယောင့်ကိုကြည့်လိုက်သည်တွင် ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့ရသည်။ ယောင်ယောင်ရဲ့တောက်ပတဲ့မျက်လုံးတွေက အခုအချိန်မှာ ကျောချမ်းစရာကောင်းလောက်သည့် အေးစက်တဲ့အရှိန်အဝါတွေဖြင့် ပြည့်နှက်လို့နေရပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now